"ဟျောင်းဘယ်သိပါ့မလဲ ကျွန်တော်ဘယ်လောက်ခံစားရတယ်ဆိုတာ"

ပြောရင်းဆိုရင်းမျက်နှာလေးညှိုးကျသွားသောချာတိတ်လေးကြောင့် ကျွန်တော်ဖြေရှင်းချက်ပေးသင့်ပါပီလေ

"ဒီလိုပါ ဟျောင်းပထမဆုံးရင်ခုန်ရတာဟောဒီကလေးသာသာကောင်လေးကြောင့် ပထမဆုံး ကိုယ်တို့DNAမှာတိုက်မိသွားတာမလား အဲ့ထဲကကိုယ်ရင်ခုန်သွားတယ် အရောင်စုံခြယ်သထားပီးလှပတဲ့မိန်းကလေးတွေတောင်ကိုယ့်ရင်ထဲမတိုးခဲ့တာ ဟောဒီကကလေးလေးကြောင့်ကိုယ့်ရင်ခုန်မှုစတင်ခဲ့တာမို့"

"ဘာဆိုင်လို့လဲ ချာတိတ်နဲ့"

"အစကကလေးရဲ့နာမည်ကိုကိုယ်မသိဘူးလေ ဒါကြောင့်ချာတိတ်လို့ပေးထားတာ ကလေးကကိုယ့်ထက်၅နှစ်တောင်ငယ်တော့ချာတိတ်သေးသေးလေးပေါ့ ဘယ်သူ့ကိုမှမခေါ်ဘူးတဲ့နာမည်လေးခေါ်ချင်တာမို့ချာတိတ်လို့ကိုယ်ကခေါ်တာ"

"ဟင်းးး ပြောတာတော့ချောနေတာပဲ'

"ကိုယ်ချောတာကိုယ်သိပါတယ်"

"စကားကိုချောနေတာပဲလို့ပြောတာပါလိပ်ကြီးရဲ့!
အဲ့တော့ကာ ချာတိတ်လို့ပဲဆက်ခေါ်နေအုံးမယ်ပေါ့ အဲ့စကားကြိးကသူစိမ်းမဆန်ဘူးလားဗျာ"

"ဒါဆိုဘယ်လိုခေါ်ခံချင်တုန်း"

"ကျွန်တော်ကပြောရမှာလား"

"အင်းးးးးး🤔 ငယ်လေး ငယ်လေးလို့ခေါ်မယ်ဆိုရင်ကော"

"အဲ့လိုကြီးလာမမေးနဲ့လေ ဟျောင်းကိုပြောရတာရှက်လာပီ"

"ဟားဟား ရှက်တာလဲချစ်စရာလေးကွာ မွ"

"ဟာ ဟျောင်း!"

"ကိုက်စားချင်လာပီကွာ"

"ဟျောင်းနော်
အိမ်ပြန်မယ် လာဒီဘက်ကို လမ်းလဲမသိပဲမောင်းလာသေး အရူးကြီး"

ကားပေါ်ကဆင်းဖို့လုပ်နေသောအစွာလေးအား လက်ကနေဆွဲထားကာ

"ကိုယ့်ကိုကော ကိုကိုလိူ့မခေါ်ချင်ဘူးလား"

"ဗျာ?"

ပါးလေးတွေနီကာ အရှက်သည်းနေပါသောဒီကောင်လေးကိုအမှန်တကယ်ပင်ကိုက်စားချင်လှပီ
ဘယ်သူ့ခွင့်ပြုချက်နဲ့ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲ

HYUNG (Completed)Where stories live. Discover now