..............................
"အဟုန်.... မင်းသောက်တာနည်းနည်း ငိုတာများများဖြစ်နေပြီ တိတ်တော့ကွာ"
"မင်းကြောင့် တိတ်ဆိတ်နေတဲ့ငါ့ဘားလဲ ငိုသံတွေလွှမ်းလို့ ငါ့ customer တွေနားငြီးပြီးပြန်ကုန်မယ်"
"တောင်းပန်ပါတယ် ငါ့စီးပွားရေးတုတ်နဲ့မထိုးပါနဲ့ဟ"
ရောက်ကတည်းကအရက်လေးတစ်ခွက်သောက်ပြီးငိုနေတဲ့ မာန်အဟုန်။
ဘားကလူတွေလှည့်ကြည့်လှည့်ကြည့်ကြည့်နေတာကြောင့် ရှီကြီးခိုးပြီးတောင်းပန်နေတဲ့ ဘုန်းသွန်းခ။
သူတို့နှစ်ယောက် တွေ့တာနှစ်လလောက်ပဲရှိပေဦးမည်။ စင်ကာပူကလမ်းလယ်ခေါင်မှာ ခါးပိုက်နှိုက်ခံရတာကြောင့် အပြန်လမ်းစရိတ်မရှိဘဲယောင်လည်လည်ဖြစ်နေတုန်း မာန်အဟုန်နဲ့တွေ့ကာကူညီပေးခဲ့၍ မြန်မာနိုင်ငံသို့ချောချောချူချူပြန်ရောက်ရခြင်းပင်။
ဆက်သွယ်စရာတစ်စုံတစ်ယောက်မရှိ တစ်ကောင်ကြွက်ဘဝမို့ မာန်အဟုန်ကသာ ကျေးဇူးရှင်။ ဘယ်သူမှမယုံကြည် အဖတ်မလုပ်ဆက်ဆံခဲ့ပေမယ့် မာန်အဟုန်ကတော့ လောကမှာကျွန်တော့်ကိုယုံကြည်တဲ့ တစ်ဦးတည်းသောသူ။
"မင်းဘာဖြစ်နေတာလဲ ကောင်မလေးကထားသွားလို့လား"
"ဘာကောင်မလေးလဲ ငါ့မှာမင်းပဲရှိတယ်"
"အင်"
သူဂရုမစိုက်ပဲပြောလိုက်တဲ့စကားတစ်ခွန်းက ကျွန်တော့်နှလုံးသားကိုတစ်ကယ်နွေးထွေးစေတယ်။
"ငါ့ညီမလေး... ကလေးလေး.... သူ့ကိုမှ ဘာလို့ကံကြမ္မာက..."
ရော.... ငိုပြန်ပြီ။
"မင်းမှာညီမရှိသေးတာလား"
ခေါင်းညိတ်ပြရုံသာ...။
"မင်းညီမနေမကောင်းလို့လား"
"အင်း... မနက်ဖြန်ညီမလေး နှလုံးအစားထိုးခွဲစိတ်ရမှာ"
"ဟင်.... ဒီလောက်အန္တရာယ်များတဲ့ခွဲစိတ်မှုကို မင်းကဒီမှာဘာလုပ်နေတာလဲ ဆေးရုံအမြန်ပြန်လေ"
"မကြည့်ရက်လို့.... ငါ.... ငါ့ညီမလေးကိုမြင်ရင် ငါ့နှလုံးသားကပေါက်ထွက်မတတ်ခံစားရတယ် သူ့အစားငါသာဖြစ်လိုက်ပါတော့"
Ep-14
Start from the beginning