🐚🎈 MB - XZ 🎈🐚 U&Z

Start from the beginning
                                    

" မယ်​​တော်​ သား​တော်​​တွေ့လိုက်​တယ်
သား​တော်​ကိုသူကယ်​တာ..."

ဘုရင်​မကြီးရဲ့အမူအရာကရုတ်​ခြည်းဆိုသလို
တည်​ငြိမ်​သွားပြီး မျက်​​မှောင်​လည်းကြုတ်​သွား၏

" ​ကျိရန်​ !! "

" ရှိပါတယ်​ဘုရင်​မ "

"အခန်းထဲကိုဘယ်​သူမှဝင်​မလာ​စေနဲ့ "

ဘုရင်​မကြီးရဲ့စကားဆုံး​တော့ ကျိရန်​နဲ့ ကိုယ်​ရံ​တော်​​တွေ ခန်း​ဆောင်​ရဲ့အပြင်​ကိုထွက်​သွားကြ​လေသည်​....

" သား​တော်​ မယ်​​တော့်​ကို​နောက်​​နေတာလား "

" သား​နောက်​​ပြောင်​ရတာကို
မနှစ်​သက်​တာ​မယ်​​တော်​ သတိရပါစ
သား​တော်​အမှန်​​ပြော​နေတာ သူက...သူက
တကယ်​ရှိတယ်​..."

တစ်ချိန်​ကျရင်​လည်း​ပေး​တွေ့ရမှာ​ပေမဲ့
အခုက​တော့​စောလွန်း​သေးတယ်​မလား ရှင်​ရယ်​...

ဘုရင်​မကြီးရဲ့စိတ်​ထဲကအ​တွေးသာ...

❆ ❆ ❆ ❆ ❆ ❆ ❆ ❆  ♡ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

ရှောင်​ကျန့်​က​လေး​လေးကို ပို့ပြီးပြန်​လာတဲ့
တစ်​လမ်းလုံး ကူးခတ်​ရင်းနဲ့ ငို​ကြွေး​နေမိသည်​...

နှလုံးသားတစ်​ခုလုံးကို လက်​နဲ့
ဖျစ်​ညှစ်​ထားသလိုနာကျင်​​နေရတာမို့
ရင်​ဘတ်​ကိုလက်​နဲ့ထုမိ​သေး၏

ဘာလို့ ဒီ​လောက်​​တောင်​ ငြိတွယ်​သွားရတာလဲ

ခဏ​လေးဆို ခဏ​လေးပါပဲ...

တကယ့်​ကိုအချိန်​ခဏ​လေးပါပဲ...

" ​ရှောင်​ကျန့်​ !!! "

ရှောင်​ကျန့်​မျက်​နှာကိုအုပ်​လျက်​ငို​ကြွေး​နေစဉ်​တွင်
မိမိအမည်​ကို​ခေါ်သံကြားလိုက်​ရတာမို့ ​မော့ကြည့်​မိ​တော့ ဘုရင့်​နန်း​တော်​က အ​စောင့်​အ​ရှောက်​​တွေ

( ​ရေ​အောက်​နန်း​တော်​ကို​ပြောတာပါ )

ရှောင်​ကျန့်​ကိုအတင်းဖမ်းချုပ်​လာတာမို့
သူထိတ်​လန့်​တကြားရုန်းကန်​လိုက်​​ပေမဲ့
လေကျင့်​ရည်​ဝ​နေတဲ့အ​စောင့်​အ​ရှောက်​​တွေကို
မယှဉ်​နိုင်​တာမို့ သူတို့ဆွဲ​ခေါ်ရာကိုပါသွားခဲ့ရသည်

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now