"ဘာမှမစားရသေးဘူး ဟီး"

"ကျစ် မင်းဟာလေ....ကိုယ့်ဘာသာကိုယ်ဂရုစိုက်စမ်းပါဦး.....ရော့"

ပွစိပွစိနှင့်ရေရွတ်ပြီး လွယ်အိတ်လေးထဲမှ ပေါင်မုန့်နှင့် နွားနို့ဗူးလေးကိုထုတ်ပေးလေ၏။

"စားလိုက်.....ငါကစားလာပြီးပြီ"

ဂျောင်ဂုမှာအခုချိန်ထိဖြစ်ပျက်နေသမျှဟာ အိမ်မက်လေဟာနယ်ထဲမှာလို ခံစားနေရသည်။

Hyung ကသူ့ကိုအရမ်းဂရုစိုက်ပေးနေတာ....

"Hyung လက်လေးခဏပေး"

"ဘာလို့...."

ထယ်ယောင်းစကားမဆုံးသေးခင်မှာပဲ ထယ်ယောင်းရဲ့လက်လေးတစ်ဖက်ကိုဆွဲယူလိုက်ကာ ပါးကိုတစ်ဖတ်ဖတ်ရိုက်နေလေ၏။

Hyung ရဲ့ကိုယ်သင်းနံ့လေးလည်းရသလို....နူးနူးညံ့ညံ့လက်ဖဝါးအထိအတွေ့လေးလည်းရသည်မလို့ အိမ်မက်မဟုတ်ခဲ့.....

"အိမ်မက်မဟုတ်ဘူးပဲ"

"ဘာကြောင်တာလဲ"

Hyung ရဲ့အရင်လိုအငေါ်တူးသလိုအသံလေးကိုပါအဆစ်ထပ်ကြားလိုက်ရတော့ ဒါဟာ အိမ်မက်လုံးဝမဟုတ်တာ သေချာသွားပြီဖြစ်လေသည်။

"နေ့လည်လာခဲ့မယ်နော် Hyung....ချစ်တယ်နော် မွမွ"

ဂျောင်ဂု ရဲ့ Flykiss တွေကြောင့် ထယ်ယောင်းမျက်နှာလေးမှာရှက်သွေးလေးများဖြတ်ပြေးသွားရသည်။

Fly kiss တွေပေးကာအနောက်ပြန်တစ်လှမ်းချင်းထွက်သွားသော ဂျောင်ဂု မှာအနောက်မှလာသော Sam နှင့်ဝင်တိုက်လေတော့ Sam ၏မျက်စောင်းကြီးနှင့်အတူ ကြိမ်းသံကြီးကိုပါထပ်တူရရှိလေသည်။

"အယ်...Sam ဆောတီး ဆောတီး"

စပ်ဖြဲဖြဲရုပ်နှင့်ပြေးထွက်သွားအာပြီဖြစ်သော ဂျောင်ဂု......

ထယ်ယောင်း ထိုကောင်လေးကိုကြည့်ကာသက်ပျင်းသာခပ်သဲ့သဲ့ လေးသာချမိတော့သည်။

--------------------------------------

မနက်ပိုင်းတစ်ပိုင်းလုံးစာသင်နေပေမယ့် ထယ်ယောင်းမှာစာထဲစိတ်မရောက်.....

 A Boy Named JeonJungKook [Completed]Where stories live. Discover now