_13_ My dream is to be always with u

Start from the beginning
                                    

" သမီးက ဆရာဝန် ဖြစ်ချင်တာလား... "

သူမ ခေါင်းငြိတ်တော့ ဆရာမက သူမမျက်လုံးကို သေချာတည့်တည့် ကြည့်လျက်...

" သမီးက ဆရာဝန် ဖြစ်ချင်တာဆို... အခုထက်ပို ကြိုးစားမှ ရမယ်နော်.... ဒီ ကျောင်းက အရမ်းတော်တယ်ဆိုပေမယ့် ဂုဏ်ထူး လေးဘာသာ အများဆုံးထွက်ဖူးတာပဲ.... သမီး တကယ်ဖြစ်ချင်တာဆို တကယ်လုပ်မှ ရမယ်... "

ကျောင်းသားတစ်ချို့ဆီက လှောင်ရယ်သံများကို ကြားတော့ ဆရာမက ဟန့်လိုက်ပြီး

" လူတိုင်းမှာ အိပ်မက် မက်ခွင့်ရှိတာပဲ... လက်တွေ့ အကောင်ထည်ဖော်နိုင်ဖို့ကတော့ လိုတာပေါ့.... တကယ် ကောင်းမွန်တဲ့ အိပ်မက်ဆိုရင်... လှောင် ​ပြောင်စရာ ဘာရှိလို့လဲ.... ထိုင်မယ်... သမီး... "

သူမ စိတ်အိုက်စွာနဲ့ ထိုင်လိုက်ရသည်။

" ဟုတ်ပြီ.... နောက်ဆုံးမေးမယ့် သူကတော့... ဆရာမတို့ အခန်းရဲ့ အမြဲတမ်း ပထမ အောင်ရေချမ်းမင်း... သား ထပါ အုံး..."

ရေချမ်း လက်ပိုက်ကာ ထလိုက်သည်။

" သားအိပ်မက်ကရော.... "

" ကျနော်က.... ဆရာဝန် ဖြစ်အောင်လုပ်မှာပါ ဆရာမ... "

ပိုပို သူ့အသုံးနှုန်းတွေကို လိုက်လံစီစစ်နေမိသည်။ သူ ၉တန်းကျောင်းဖွင့် ပြန်လာကတည်းက ' သားက ' ဆိုတဲ့ အသုံးမျိုး မသုံတော့ပဲ... ကျနော်ဆိုတာကိုသာ သုံးတော့သည်။ အရင်ခပ်ချေချေ သူက အခုဆို နှုတ်ခမ်းက အမြဲလို စူပုတ်နေသယောင်.... အခုလည်း 'ဖြစ်အောင်လုပ်မှာပါ 'တဲ့။ ဆန္ဒဆိုတာထက် သေချာတဲ့ ကတိစကား...

" ဟုတ်ပြီ.... သားက တော်ပါတယ်... ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စကားကို ကြိုက်တယ်... ကြိုးစားရမယ်နော်....
ကဲ အားလုံး... အားလုံးပဲ.... ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ... အိပ်မက်တွေ... ဖြစ်အောင် ကြိုးစားနိုင်ကြသူတွေ ဖြစ်ကြပါစေကွယ်.... "

ဆရာမ ဆုပေးတော့ အားလုံး ညီညာစွာဖြင့် ပေးတဲ့ဆုနဲ့ ပြည့်ပါစေဟု အော်ကြသည်။ ဆရာမက ပြုံးရွှင်စွာပင် နှုတ်ဆက်ကာ အခန်းက ထွက်သွားသည်။

###############

" ပိုပို... "

အားလပ်ချိန်က ​နေပူတာမို့ အပြင်မထွက်ချင်တာနဲ့ သူရအောင်ကိုသာ မုန့်မှာလိုက်ကာ စာအုပ် နောက်ကျောဖုံးထဲ ခဲတံနဲ့ ရေးခြစ်နေရာက ရေချမ်းခေါ်သံ ​ကြောင့်ပုံဆွဲလက်စကို ရပ်ပြီး ရေချမ်းကို မော့ကြည့်လိုက်သည်။ ထူးထူးဆန်းဆန်း သူက ပိုပို့ကို စကားစလို့....

Something Called First loveWhere stories live. Discover now