Just for knowledge (Zawgyi&Unicode)

Start from the beginning
                                    

သီရိမြိုင် (Candacraig)

မေမြို့ရဲ့သမိုင်းမှာရော မြန်မာ့ရုပ်ရှင်သမိုင်းမှာရော နာမည်ကြီးတဲ့ မြိုင်အိမ်ကြီးပါ ... ဘုံဘေဘားမားကော်ပိုရေးရှင်း က တည်ဆောက်ခဲ့တဲ့ မြိုင်အိမ်တွေထဲက တစ်ခုပါ ... ခြံဝန်းထဲမှာ ရေကူးကန်၊ ပန်းခြံ ၊ အစေခံတန်းလျား တွေနဲ့ ပြည့်ပြည့်စုံစုံနဲ့ တည်ဆောက်ထားတာပါ ... လူပျိုဆောင်လို့ ခေါ်ကြတယ်လို့လဲ လေ့လာသိရှိရပါတယ် ...သီရိမြိုင်ရဲ့ Main attraction ကတော့ မြန်မာ့ကျွန်းသစ်တွေကို သုံးပြီးတော့ ဆောက်လုပ်ခဲ့တာပါ ... ကျွန်းကြမ်းခင်း ၊ မျက်နှာချင်းဆိုင် နှစ်ဖက် ဘယ်ညာ ကျွန်းလှေကားကြီးတွေ ဝရံတာတွေက သီရိမြိုင်အိမ်ရဲ့ ဆွဲဆောင်မှုပါ ... ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ အပိုင်ဖြစ်ပြီး သီရိမြိုင်ဟိုတယ်နာမည်နဲ့ဖွင့်ထားပါတယ် ...

ယုဇနမြိုင် (Knowle)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ယုဇနမြိုင် (Knowle)

စစ်တပ်ကနေ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မြိုင်အိမ်တွေထဲက တစ်ခုပါ ... ရဲတိုက်ပုံစံမျိုး နှစ်ထပ်အနီရောင်တိုက်ရဲ့ အတွင်းက ခေါင်တိုင်ရယ်၊ မီးခိုးခေါင်းတိုင်ရယ်က ယုဇနမြိုင်ရဲ့ Attraction ပါ ... အရင်တုန်းကတော့ တောင်ကုန်းပေါ်မှာဆောက်ထားတဲ့ အိမ်ဖြစ်တာကြောင့် အပေါ်ထပ်အခန်းတွေက ကြည့်ရင် ကန်တော်လေးကန်ကို လှမ်းမြင်နေရတယ်လို့ ပြောပါတယ် ...

 အရင်တုန်းကတော့ တောင်ကုန်းပေါ်မှာဆောက်ထားတဲ့ အိမ်ဖြစ်တာကြောင့် အပေါ်ထပ်အခန်းတွေက ကြည့်ရင် ကန်တော်လေးကန်ကို လှမ်းမြင်နေရတယ်လို့ ပြောပါတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now