Episode-4(Z&U)

32.3K 4.3K 208
                                    

Episode-4

အိမ်ထဲရောက်သည်နှင့် မိခင်ဖြစ်သူ၏ငိုရှိုက်သံတိုးတိုးကြောင့် မိုးညှို့ ၏ အခန်းဘက်ဦးတည်နေသည့် ခြေလှမ်းတွေတုံ့သွားရ သည်။အသံက အိမ်ဘေးဘက်က ဝရန်တာလေးကဆီကနေ ထွက်လာနေတာမို့ သူ လက်တစ်ဖက်မှာ လွယ်လာသည့် ကျောပိုးအိတ်ကို စားပွဲပေါ်တင်ခဲ့လိုက်သည်။

“မေမေ-ဘာဖြစ်တာလဲ”

“ဟင်--မိုးလေး--ဘာ ဘာမှမဖြစ်ပါဘူး။ သား ဘယ်တုန်းကပြန်ရောက်တာလဲ”

မိုးညှို့ကိုမြင်တာနှင့် ဒေါ်ကြည်ဖြူငြိမ်း က တစ်ဖက်လှည့်မျက်ရည်သုတ်ရင်း ဝရန်တာခုံလေးမှာ ထိုင်နေရာက ထလာသည်။သူမ မျက်နှာကိုစူးစမ်းကြည့်နေသည့် သား ကို ပြုံးပြလိုက်မိ၏။

“ဟိုလူ မေမေ့ကို ထပ်နှောင့်ယှက်ပြန်ပြီလား။ကျွတ်-ဒီလူ-”

“မဟုတ်ပါဘူး သားရယ်. မေမေ့ဘာသာ မျက်လုံးထဲ ဖုန်ဝင်လို့ ပါကွယ်။ လာ-- ညနေသင်တန်းရှိသေးတယ်မလား။ရေမိုးချိုးတော့နော်.”

ဆိုနေကျမုသားစကားကိုဆိုကာ မေမေက သူ့လက်မောင်းကိုတွဲလျက် အခန်းထဲကိုတွန်းပို့သည်။မေမေ စိတ်ချမ်းသာအောင်  မိုးညှို့ လှည့်ပြုံးပြလိုက်ရင်း အခန်းထဲဝင်လာခဲ့လိုက်ရသည်။သူ စိတ်ဆင်းရဲအနှောင့်အယှက်ဖြစ်မှာကို မေမေက စိုးတတ် သည်မို့ မြိုသိပ်နေမည်ကို သူကလည်းစိုးသည်။

သက်ပြင်းဟင်းခနဲချလိုက်ရင်း အဝတ်အစားတွေချွတ်ကာရေချိုးခန်းထဲဝင်လိုက်သည်။ရေမိုးချိုးသန့်စင်လိုက်တော့မှ တစ်မနက် လုံး နွမ်းနေခဲ့သမျှက အတော်လေးသက်သာသွားသယောင်။ သင်တန်းသွားဖို့ နည်းနည်းလောက်လိုနေသေးတာမို့ မိုးညှို့ အိပ်ရာ ပေါ် ကျောခင်းကာ အကျောဆန့်လိုက်သည်။တောင်ခနဲတက်လာသည့် message သံကြောင့် ခုနက အိပ်ရာပေါ်ပင် တင်လိုက်သော ဖုန်းကိုလှမ်းစမ်းရသေး၏။

#မလာသေးဘူးလား။ငါက ရောက်နေပြီ။ထွက်လာခဲ့တော့ မုန့်တစ်ခုခုစားရအောင်

*လာပြီဟေ့။တစ်ချိန်လုံးစားဖို့ပဲ တွေးနေတဲ့ကောင်-

Message ပြန်ပို့ပြီး လှဲနေရာက ထရတော့သည်။အဲ့ဒီ စိုးသူနိုင် ဆိုသည့် သူငယ်ချင်းက သင်တန်းမရောက်လိုက်နှင့် ရောက်လိုက်တာနှင့် တစ်ခုခုကိုအမြဲစားဖို့ချောင်းနေတဲ့သူ။တစ်ခါတစ်လေ မိုးညှို့အိမ်ထိကိုရောက်လာပြီး ချက်ပြုတ်ကျွေးမွေး ဖို့က ခိုင်းတတ်သေးသည်။

မောင့်ဧကရာဇ် Where stories live. Discover now