အပိုင်း (၁၃)

4.8K 487 51
                                    

'ပြန်ဆုံချင်ရင်... ရင်ခုန်သံကို.... မညာနဲ့လေ'

စိတ်ပူတယ်....။
မင်းတစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်တယ်....။
အရင်လို အနားတကပ်ကပ်နဲ့
မင်း... မရှိတော့....။

ငါ့ရဲ့ ညတွေ မလင်းတော့ဘူး.....။

****

Zawgyi🍀

တစ်နှစ်.....
တစ်နှစ်တာသော အချိန်သည် ကျွန်တော့်အတွက်တော့ အရမ်းမြန်လွန်းသည်..။ ရွာနဲ့ကျောင်းကို တစ်စုံတစ်ယောက်အတွက် ရူးမိုက်စွာ ကူးသန်းနေရင်းက ကိုးတန်းဆိုသော examက အဆင်ပြေသည် မဆိုထားဘဲ ပြီးခဲ့လေပြီ.....။

"အဖေ ...သက်သာလား? ဘယ်လိုနေသေးလဲ? အဖေ ဘာစားချင်လဲဟင်?"

အိပ်ယာထဲ လဲနေသော အဖေ့မျက်နှာကို ကြည့်ပြီး ကျွန်တော် ငိုချင်လာသည်...။ တပို့တွဲလအကုန် တပေါင်းအတွင်းမို့ နွေရာသီအကူ အညာဒေသမှာ ဖုန်တလုံးလုံး ချွေးတလိပ်လိပ်နဲ့ပင်..။ ရေချိုးဖို့ အဆင်မပြေသေးသော အဖေ့လက်တွေကို ရေပတ်လိုက်တိုက်ပေးနေမိသည်......။

အရင်ကဆို 'ငါ့သားကြီး၊ ငုံးပေါက်၊ ကြည်နူး...' အမည်နာမမျိုးစုံသည် ပျောက်ချင်းမလှ ပျောက်ခဲ့လေပြီ.။ အခုဆိုလျှင် ရယ်မောသံတစ်ချို့အစား အိမ်ကြီးသည် ဆတ်ငြိမ်နေသည်...။ အမေက မီးဖိုးခန်းထဲ အဖေ့အတွက် စားစရာတစ်ချို့ ၊ ထမင်းဟင်းချက်နေလေပြီ.....။

အခုဆိုလျှင် လယ်ထဲ အဖေမသွားနိုင်တော့ မျက်နှာတစ်ခြမ်း ကိုယ်တစ်ခြမ်းသည် လုံးဝလှုပ်မရတော့..။ မျက်နှာတစ်ခြမ်းက အနည်းငယ် ရွဲ့စောင်းသွားပြီး အားတင်းပြီး စကားပြောရင်တောင် မပီလေတော့.....။

"အင်...အွန်း...အား..."

အဖေ့နူတ်မှ မိမိအား သား ဟုခေါ်နေသော အသံ..။ သို့သော် မသဲမကွဲနဲ့ပင် ဒီအသံ ထိုအသံကပင် မိမိအား ယူကျုံးမရ ဖြစ်စေသည်...။ အဖေကတော့ အနည်းငယ်လှုပ်နိုင်သော လက်တစ်ဖက်မှ မငိုဖို့ တားသည်...။ နဂိုကတည်းမှ ရောဂါကြောင့် စိတ်ညစ်နေသော အဖေ့အနား မိမိပါ အားလျှော့ပြလိုက်ရင် မဖြစ်တော့.....။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Nơi câu chuyện tồn tại. Hãy khám phá bây giờ