အိမ်ရှေ့က bellတီးသံကြားလို့သွားကြည့်လိုက်တော့
ဟိုကောင်ရိပေါ်. ဖြစ်နေသည်။"ဟျောင့် ထူးထူးဆန်းဆန်း......ငါ့အိမ်ကိုလာလို့ပါလား....
ဟမ်...အထုတ်အပိုးတွေရော....ဘာဖြစ်လာတာလဲ""ငါအိမ်ပေါ်ကဆင်းလာတာ....."
"ဪ သိပြီ....အသဲလေးက ကိုယ့်ကိုလွမ်းလို့
အိမ်ပေါ်ကဆင်းပြီး ဒီမှာလာနေတာလား......
ကြိုက်သလောက်နေ....ကို့ကိုအလွမ်းပြေမှပြန်နော်""ခွေးကောင်...ယွီပင်း ....ငါစိတ်တိုလာတာနော်...
မင်းမျက်နှာ ငါ့လက်သီးနဲ့တွေ့တော့မယ်""မင်း အဖေနဲ့ပြဿနာတက်လာတာမလား......
စိတ်ချ...မင်းဒီမှာရှိတာ မင်းအိမ်ကိုပြန်မပြောဘူး...""ငါဒီမှာရှိနေတာ ပြောလို့ကတော့ မင်းသွားကျွတ်ပြီသာမှတ်...."
ဟိုကောင်ရိပေါ် ပြောလိုက်တာ....မရမ်းသီးစားလိုက်ရသလိုပဲ....သွားတွေပါကြိမ်းသွားသလိုပဲ......"အင်းပါကွာ ..လာလာ....ငါမင်းအထုတ်တွေသယ်ကူမယ်......"
ကျွန်တော် က ဒီကောင်ရိပေါ် နဲ့ ငယ်ငယ်ကတည်းကပေါင်းလာတာဆိုတော့ ..သူ့အကြောင်းကျွန်တော် အသိဆုံး.....
ဒီကောင်က ခပ်ချေချေနေတတ်တဲ့အပြင်
အငြိုးလည်းသိပ်ကြီးတာ.....
ဒီကောင့်အစား...ကျွန်တော် ရင်လေးမိတယ်......
ဘာလို့လဲဆိုတော့ တစ်ချို့လက်စားချေမှုတွေက မချိုမြိန်ပဲနဲ့....နောင်တကိုသာရစေလို့ပဲ.......××××××××××××××××××××××××××××××××
ကျွန်တော် ယွီပင်း အိမ်မှာနေတာ24ရက်ပြည့်နေုပြီဖြစ်သည်
ဒီနေ့..ကျွန်တော့် ရဲ့စိတ်မကြည်မလင်ဖြစ်နေတယ်
ပြီးတော့...တွေ့သမျှ အရာအားလုံးကိုလည်း ထုချေ
ဖျက်စီး ပစ်ချင်နေတယ်.....ဘာလို့လဲဆိုတော့
အဖေ မနက့်ကပဲ ဟိုမိန်းမကြီးနဲ့လက်ထပ်သွားပြီလို့ ကြားတယ်......
အဖေနဲ့ပတ်သတ်တဲ့ အမှတ်တရ ပစ္စည်း တွေကို
ရင်နာနာနဲ့. ကျွန်တော်ဖျက်စီးနေစဉ်....
YOU ARE READING
Step brother
Fanfiction"မင်းငါ့ကို မုန်းနေတယ်ဆိုတာငါသိပါတယ်...yibo ဒါပေမဲ့....မင်းမုန်းတာကို ငါမလိုချင်ဘူး.....လုံးဝပဲ" #xiao zhan