eleven 😊

2.3K 189 20
                                    


ဝမ်​kid တိုက်​ခန်းဆီ​ရောက်​​တော့ ကျ​နော့့် လွယ်​အိတ်​ ထဲအမြဲ​ဆောင်​ထားတဲ့ ​သော့ကိုထုတ်​လိုက်​တယ်​။ ​သော့​လေးကိုကြည့်​ရင်း ဝမ်​kid ကိုလွမ်းမိပြန်​တယ်​။
...............
Yb_" ​​hey bro...​ရော့.....​နောက်​တစ်​ခါမင်းလာလည်​လို့ ငါအပြင်​​သွားတာနဲ့ကြုံရင်​ ကိုယ့်​ဘာသာဖွင့်​ပြီး ဝင်​​နေလိုက်​။ "

Xz_" ဆို​တော့ ဝမ်​kid ​လေးက ကိုယ့်​ကို ယုံတယ့်​သ​ဘော​ပေါ့​။ ဟုတ်​တယ်​မလား။ "

Yb_" မဟုတ်​ဘူး ပြန်​မလာမခြင်းဖုန်းဆက်​​နေရင်​ အာရုံ​နောက်​လို့။ "

နှုတ်​ခမ်းတစ်​ဖက်​ကို မဲ့ရွှဲ့ ပြီး​ပြော​နေပုံ​လေးက......အိ....အူးယားစရာပါကွာ😬

.............
အဟက်​....ဒီ ​သော့​လေးကို အခုလို အ​ခြေအ​နေမှာ သုံးရမယ်​လို့ ကိုယ်​ဘယ်
တုန်းကမှ မထင်​မိခဲ့ဘူး။ တကယ်​ပဲ ကိုယ်​က က​လေး တစ်​​ယောက်​လို တစ်​သမတ်​တည်း မြဲ​နေမယ်​လို့ ထင်​​နေတာမိ​တာပဲ။ ဟားးး ကိုယ့်​ကိုနှုတ်​​ဆက်​ခွင့်​​တောင်​မ​ပေးခဲ့ဘူးပဲ။

ဝမ်​kid အိမ်​​လေးထဲဝင်​ပြီး အရာဝတ္တု တစ်​ခုစီတိုင်းကို လိုက်​လံ ထိ​တွေ့​နေမိတယ်​။ ဝမ်​kid ရဲ့ အ​ငွေ့အသက်​​လေး​တွေ ကျန်​ခဲ့လို ကျန်​ခဲ့ငြား အလွမ်း​ပြေ​လေး​ပေါ့။ ချစ်​တယ်​ ဝမ်​kid ရယ်​။ ကိုယ်​မင်းကို ဖွင့်​​ပြောခဲ့မိလို့ အခုလို ဒဏ်​ခတ်​ခဲ့တာလား။ ဒါဆို ကိုယ်​တစ်​သက်​လုံး ဖွင့်​​မပြောပဲနဲ့
မင်းအနားမှာ မင်းအပြုအမူ တစ်​ခုခြင်းစီတိုင်းအ​ပေါ် တိတ်​တခိုး မြတ်​နိုးစွာနဲ့ ချစ်​​နေ​ပေးပါ့မယ်​။ one side love ဆိုလည်း one side love​ပေါ့။ အခု​တော့ ..... ဟားးး ကိုယ်​မငိုချင်​ဘူး ဝမ်​kid ဒါ​ကြောင့်​မို့ ဝမ်းနည်းမိတိုင်း​ ​အော်​ရယ်​​နေ​ပေမယ့်​ အလိုက်​ကမ်းဆိုး မသိတဲ့ မျက်​ရည်​​တွေက ကျကျ​နေတာ တကယ်​ပဲအဆင်​​ပြေမ​နေဘူး။ ဟူးး

ဝမ်​kid ရဲ့ အခန်း​လေးထဲဝင်​ပြီး ​​အိပ်​ရာ​ပေါ်မှာ လှဲလိုက်​တယ်​။ ပြီး​တော့ မျက်​လုံး​လေး​မှိတ်​ရင်​ အနားမှာ ဝမ်​kid ရှိ​နေသလိုမြင်​​ယောင်​မိတယ်​။ မျက်​လုံး​လေးဖွင့်​ရင်း ဝမ်​kid စာလုပ်​​နေကျ စားပွဲ​လေးကို ကြည့်​မိတယ်​။ ပြီး​တော့ စားပွဲ​လေးဆီသွားရင်း ဝမ်​kid လက်​လှလှ​လေး​တွေနဲ့ ထိထားတယ့်​ စာအုပ်​​လေး​တွေကို ထိကြည့်​မိတယ်​။ ဟုတ်​တယ်​ ကိုယ်​ဆိုတာ ဝမ်​kid နဲ့မှ ပြည့်​စုံတာမျိုး။ စာအုပ်​​လေး​တွေကြည့်​​နေရင်​ မျက်​လုံး​လေးက လည်​သာအနက်​​ရောင်​ အဖုံး​လေးနဲ့ စာအုပ်​ဆီ​ရောက်​သွားတယ်​။ ကျ​နော်​ ဝမ်​kid ဆီလာလည်​တိုင်း အဲ့စာအုပ်​​လေးကိုမ​တွေ့မိပါဘူး။ ကျ​နော့်အပြုအမူက မ​ကောင်းမှန်းသိ​ပေမယ့်​ ၊ ကျ​နော်​ စာအုပ်​​ကိုယူပြီးအဖုံး​လေးဖွင့်​ပြီး ဖတ်​လိုက်​တယ်​။
-
-
-
-
-
-
-
-
-
-
-
-
-
အဖုံး​လေးပြန်​ပိတ်​လိုက်​တယ်​။ ဟားဟား နှုတ်​ခမ်း​လေး​တွေက အားရပါးရ ​ရယ်​​နေ​ပေမယ့်​ မျက်​ရည်​​တွေကအသွင်​သွင်​ ။ တိတ်​ပါ​တော့လို့ ​ပြော​နေ​ပေမယ့်​ မျက်​ရည်​​တွေက နာခံမှု အားနည်းလိုက်​တာ ။ လုံးဝ level 0 ပဲ😂

I Love Your AllUnde poveștirile trăiesc. Descoperă acum