"ဘယ်သွားလို့လဲ"

"ဟိုးးကောင်းကင်ပေါ်မှာ"

"ဟင်"

"ဆုံးသွားပီ အဲ့တာကြောင့်ကိုယ်ဂျီမင်ကိုချစ်တာ ကိုယ့်ညီလေးကိုအစားပြန်ရသလိုခံစားရတာမို့ ကိုယ်ချစ်တာချာတိတ်ကိုပါ စတွေ့ထဲက"

"မယုံပါဘူး အမြဲဂျီမင်နဲ့ပဲအတူရှိနေပီး အမြဲကျွန်တော့ကိုဆိုလျစ်လျူရှု အင့် အဟင့်"

"ချာတိတ် ဘာလို့ငိုတာလဲကွာ ဟာာာ ကလေးကျနေတာပဲ ပြောပြတာလေးနားထောင်ပါအုံး"

"ဘာလို့ အမြဲ အင့် လျစ်လျူရှု နေတာလဲ ဟင့်"

"မဟုတ်ပါဘုး အဲ့လိုဖြစ်သွားရင်ကိုယ်တကယ်တောင်းပန်တယ် ကိုယ်လေချာတိတ်အနားနေရင်အရမ်းရင်တွေခုန်လာတာမို့ အဲ့တာကြောင့်ကိုယ်ရှောင်တာပါ နောက်ပီးချာတိတ်ကလဲကိုယ့်ကိုဆိုအမြင်မကြည်ဘူးမလား"

"ခင်ဗျားကမှအရူး! ဒီလောက်သုကို အီးဟီးး"

"သေချာလေးပြောကြရအောင်ကွာ
ကိုယ်ကချာတိတ်ကိုချစ်တယ် ချာတိတ်ကကော"

"ချစ်ပါတယ်ဆိုအရူးကြီးရဲ့ အီးဟီး မကောင်းတဲ့သူကြီး"

"တကယ် တကယ်ချစ်တာနော်! ကိုယ်လုံးဝမထင်ထားဘူး! ဝမ်းသာလိုက်တာကွာ"

"ဖယ် မဖက်နဲ့ အသက်ရှူကြပ်တယ်"

"နှပ်ချေးတွေပါထွက်နေပီကွာ ဟားဟား"

"ဘယ်မှာလဲ မရှိပဲနဲ့  အရူးကောင်ကြီးလာစမနေနဲ့"

"ဂျွန်ဂျောင်ကု"

တည်ငြိမ်လွန်းတဲ့အသံကြောင့် ရှက်ရမ်းရမ်းပီးမျက်ရည်တွေကော နှပ်ချေးတွေပါသုတ်နေရင်းကနေမော့ကြည့်မိသည်

ဂျောင်ကုရဲ့မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ

"ကိုယ်ချစ်ရတဲ့ဂျွန်ဂျောင်ကု အရမ်းချစ်တယ်
ကိုယ်ကအရမ်းသဝန်တိုတတ်တယ် ကိုယ့်ကောင်လေးကတခြားဘယ်သုကိုမှမကြည့်ရဘူးနော် ကိုယ့်ကိုပဲကြည့်ရမယ် ကိုယ်လဲဒီကဂျွန်ဂျောင်ကုလေးကိုပဲကြည့်မှာမို့"

"အင်း ဟျောင်း စိတ်ချ ဟျောင်းကိုပဲချစ်ခဲ့တာမို့ ဟျောင်းကိုပဲအမြဲချစ်သွားမှာ တခြားဘယ်သူမှမရှိစေရဘူး"

HYUNG (Completed)Where stories live. Discover now