Part 9(Zawgyi&Unicode)

Start from the beginning
                                    

မင်းမြတ် အဲ့တာမှ ဘာဆက်ပြောရမလဲကို မသိတော့ ... စေတနာနဲ့ ပြောတာကို မသာမလေးက ပြောချလိုက်ရင် တနင့်တပိုး... group ထဲမှာ သူကလွဲရင် အကုန် ယောက်ျားလေးတွေ ဆိုတာ သူမသိတာလဲ မဟုတ် ...

'အေး သောက်ကလေးမ ... နင်စာမေးပွဲကျမှ အော်မငိုနဲ့ ... ငါတော့ စာကျက်တော့မယ် out ပြီ'

'ကြွကြွ ဝဲစား ... အားကို မကိုးရဘူး'

သူသူရဲ့ ဘောက်ဆတ်ဆတ် ပြန်တဲ့ reply ကို ဖတ်ပြီး အောက်မှာ ဖေယံက ဘာဆက်ပြောနေလဲမသိတော့ ... out ပြီး စာပြန်လုပ်ရန်သာ ပြင်တော့သည်။ out မယ် ကြံကာရှိသေး ... စာထပ်ဝင်လာသည်။ သွေးခန့်ဆီက ...

'စာတွေ ရနေပြီလား ကိုမြတ် ... Ok နေပြီလား'

'မနက်ဖြန်က 01 ဆိုတော့ အေးဆေးပါ ကိုခန့်ရာ ... နောက်ဖြေမယ့် 03 ကိုပဲ တိုင်ပတ်နေတာ'

သွေးခန့်က စာရနေပြီလား မေးလာတော့ မနက်ဖြန် ဘာသာအတွက် stress လုံးဝရှိမနေတာ အမှန် ... အဆင်မပြေသည့် paper ကိုသာ တစ်ခါတည်း ဖြေဖြစ်သည်။

'အဆင်ပြေသွားမှာပါ ကိုမြတ်ရာ ... အရင်စာမေးပွဲတွေလဲ ဒီလိုပဲ မရဘူးပြောပြီး ဖြေလာတာပါပဲ ... စာမေးပွဲခန်းထဲရောက်ရင် အဆင်ပြေသွားတာပဲကို'

'အဲ့တာလဲ ဟုတ်ပါတယ် ... မင်းတို့ မသိဘူးကွ 03 က ရောကိုရောတာ ... ရွှီးလို့မရဘူးကွ'

'အဲ့တာတော့ အဲ့တာပေါ့ ကိုမြတ်ရ ... အရမ်းကြီးမစိုးရိမ်ဖို့ပြောတာလေ ... စိုးရိမ်နေရင် စာမေးပွဲဖြေရင် ပိုဆိုးမှာပေါ့ ... ကိုယ်က စေတနာနဲ့ကို'

'ငါ နားလည်ပါတယ်ကွ ... ဒါနဲ့ မင်းရော စာတွေရပြီလား'

'ကျွန်တော်က အေးဆေး ... အဆင်ပြေတယ်'

သွေးခန့်က မင်းမြတ်ကို စိတ်မပူပင်နေရအောင် အားပေးလာတာမို့ မင်းမြတ်လဲ သွေးခန့်ကို မနက်ဖြန်စာမေးပွဲ အတွက် အဆင်ပြေမပြေပြန်မေးလိုက်တော့ သွေးခန့်ဖြေပုံအရ ပေါ့ပေါ့ပါးပါးပင် ... မေးပြီးကာမှ မင်းမြတ်မေ့နေသည့် တစ်ချက်ကို သတိရသည်။ သွေးခန့်က ဉာဏ်ကောင်းသည်ကိုပင် ... Tourism management မယူပဲ အိမ်ကို အရွဲ့တိုက်ပြီး ရိုးရိုးပထဝီမေဂျာပဲ ယူထားတာလို့ သူငယ်ချင်းတွေ စုံနေတုန်း ပြောပြထားဖူးသည်။ သွေးခန့်က သူ့အိမ်နဲ့ အဆင်ပြေပုံမပေါ် ... မင်းမြတ်တို့လို မေမြို့ဇာတိဖြစ်နေပေမယ့် ကျောင်းပိတ်ရင် မန္တလေးက အဖွားအိမ်မှာပဲ နေတယ်လို့ ပြောဖူးသည်။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now