Part 2 (Zawgyi&Unicode)

Comenzar desde el principio
                                    

" အေးလေကွာ ... သိလား သူသူမ . နင်အဲ့လိုကြပ်ကြပ်လုပ် . ကြာရင် နင့်ကိုကြိုက်မယ့်သူမရှိပဲ အပျိုကြီး ဖြစ်နေမယ် "

" အမလေး ... ဟန်ဝင့်သူတို့က လုံးဝဂရုမစိုက်ပါဘူးနော် ... ကြိုက်မယ့်သူမရှိလည်း ဘာဖြစ်လဲ .. အဲ့တာအပူတွေဟဲ့ "

မင်းမြတ်ဆက်ပြောနေလည်း သူသူ့ကို နိုင်မှာမဟုတ်တာကြောင့် presentation အတွက် စာပြန်ကြိုရှင်းပြဖို့သာ ပြင်ဆင်နေလိုက်တော့သည်။

>>>>>>>

Presentation ကို အဆင်ပြေပြေပြီးသွားတာကြောင့် ကိုယ့်ဘက်ကတာဝန်ကျေပြီမလို့ မင်းမြတ်လွယ်အိတ်ထဲက ဖုန်းကိုထုတ်ကာ ဂိမ်းဆော့ရန် data on လိုက်သည်။ Data on ရုံရှိသေး၊ messenger မှ notification က တတောင်တောင်နဲ့ ဆက်တိုက်တက်လာတာကြောင့် လန့်သွားရသည်။

" ဟုတ်ပါပြီဗျာ ... Good Night ပါဗျ "

" Have a sweet dream "

" Good morning "

" အာ... မနိုးသေးဘူးလား "

" ဒီနေ့ကျောင်းသွားရမှာမလား "

" Breakfast စားဖို့မမေ့နဲ့နော် "

" အဲ့တာ အရေးကြီးတယ်ဗျ "

မနေ့ညကပို့ထားတဲ့စာတွေအပါအဝင် အခုမနက်ပါ စာတွေထပ်ပို့ထားသေးသည်။ မင်းမြတ်က Messenger မှာ သူသူနဲ့ကိုစိုင်းနဲ့ကလွဲရင် ဘယ်သူနဲ့မှ စကားပြောလေ့မရှိသူမို့ သူသူနဲ့ကိုစိုင်းကပါ Messenger noti သံကြောင့် တအံ့တသြလှည့်ကြည့်လာပြီးမှ ခြေမြန်လက်မြန် သူသူက ဇိုးဇိုးဇက်ဇက်နှင့် ဖုန်းကိုယူကြည့်တော့သည်။

" အယ်... ဟဲ့ မင်းမြတ် . ဒါကလေသွေးခန့်မလား ... သူက ငါတို့ကျောင်းကပဲလေဟာ ... အရှေ့ပထဝီဆောင်က King ကြီးဟ "

" ငါ ဘယ်သိမလဲ . မနေ့ညက ငါ့ကို လာ add တော့ mutual မှာ နင်တို့ရှိနေလို့ လက်ခံလိုက်တာ "

ဟုတ်သည်လေ။ မင်းမြတ်ကလည်း သေချာသိတာမဟုတ်တာကြောင့် ဘုဆတ်ဆတ်သာ ပြန်ပြောမိသည်။

" ဘယ်လို ဘယ်လို ... အချေ King ကြီးက နင့်ကို လာ add တယ် . အမလေး ထူးဆန်းအံ့ဖွယ်တွေ ဖြစ်ကုန်ပီလား ... ဒါနဲ့လေ သူကနင့်ကို ကြိုက်နေတာလားမသိဘူးနော် "

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Donde viven las historias. Descúbrelo ahora