part 1 (Zawgyi&Unicode)

Start from the beginning
                                    

ငယ်သူငယ်ချင်းမလေးက ရိုင်းစိုင်းနေလေးကလွဲလို့ တကယ်ကို ချစ်စရာလေးပင်။ မောင်နှမမွေးချင်းမရှိသည့် မင်းမြတ်အဖို့ သူသူဆိုသည်မှာ အလိုလိုက်ပေးရသည့် ညီမငယ်လေးပင်။

ဖုန်းကိုအိပ်ယာဘေးက စားပွဲပေါ်ချပီး အိပ်ရာမြန်မြန်သိမ်းကာ မင်းမြတ်ရေချိုးခန်းဝင်ပီး လုပ်စရာရှိတာ လုပ်လိုက်တော့သည်။ ရေချိုးခန်းကထွက်လာပီး ပြင်ဆင်ကာ အင်္ကျီအဝတ်အစားလဲနေတုန်း ဖုန်း Ringtone သံ ထပ်ကြားရပြန်သည်။ ဒီတစ်ခါ ဖုန်းခေါ်သူကို ကြည့်လိုက်တော့ ကိုစိုင်း။

" အေး ကိုစိုင်း ... ငါထွက်လာပီကွ "

" မြန်မြန်လာပါတော့ ကိုယ်တော်ရယ် ... ဒီမှာ ငါ့ကို သူသူမ ပေါက်ပေါက်ဖောက်နေတာ နားတွေလည်းညည်းလာပါပီကွာ "

" အေးပါကွာ ငါမရောက်မချင်း ဆက်နားညည်းခံလိုက်ဦး ... ငါအခုထွက်လာနေပီ ... ဒါပဲ ငစိုင်း "

ဖုန်းကိုမြန်မြန်ချလိုက်ပြီး ဆိုင်ကယ်သော့ဆွဲကာ အဆောင်ကနေထွက်ခဲ့တော့သည်။ အိမ်ကမေမြို့မှာပေမယ့် ကျောင်းတက်ရတော့ မန္တလေးမှာတက်ရတာမလို့ မန္တလေးမိန်းထဲတွင် အဆောင်ငှားကာ မန္တလာကောလိပ်ကို ဆိုင်ကယ်နှင့်တက်ရသည်။

အခန်းတံခါးသေချာပိတ်ကာ အဆောင်ရှေ့ parking မှာရပ်ထားတဲ့ ဆိုင်ကယ်ကိုယူပြီး ကျောင်းကိုသာမြန်မြန် ထွက်ခဲ့လိုက်တော့သည်။

ထပ်နောက်ကျနေရင် သူငယ်ချင်းမအရိုင်းအစိုင်းက ကလော်တုတ်နေတော့မည်။

__________

To be continue ...

21st February,2020(Friday)
WhiteAster089

[Unicode]

" Thway Khant sent you a friend request "

မအိပ်ခင်လေးတစ်ခဏ ဖုန်းသုံးနေရင်း noti bar မှာတက်လာတဲ့ friend request ကို မင်းမြတ်ကြည့်လိုက်သည်။ Account ထဲတွင် friend လည်းသိပ်မထား post လည်း သိပ်မတင်ဖြစ်သူမလို့ noti တက်တယ်ဆိုတာ ရှားသည်မလို့ noti သံကြားရင်တော့ အမြဲလိုလို ကြည့်ဖြစ်သည်။

Friend request ကို ကြည့်လိုက်တော့ ရေတံခွန်ကိုနောက်ခံထားကာ မျက်နှာဘေးတစောင်းလေးနဲ့ profile တစ်ခု။ Wall ထဲ ဝင်ကြည့်မိတော့ Mutual မှာ သူသူနဲ့ကိုစိုင်းအပါအဝင် သူငယ်ချင်းတော်တော်များများရှိနေတာမလို့ ထွေထွေထူးထူးမစဉ်းစားပဲ comfirm သာ နှိပ်လိုက်တော့သည်။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now