"ဘယ်​ဆိုင်​သွားကြမလဲ...."

"မင်းဘဲ​ပြောပါကွာ...ငါကကား​မောင်း​နေတယ်​​လေ"

"ဘယ်​သွားရမလဲ....ဟာ...ဟိုမှာကြည့်​စမ်း"

Jinက မီးပွိုင့်​မိ​နေတာ​ကြောင့်​ကားကိုခဏရပ်​ထားသည်​။

Taehyungကလမ်းတစ်​ဖက်​က ​ရောင်​စုံမီး​တွေနဲ့အလှဆင်​ထားတဲ့သစ်​ပင်​ကိုလက်​ငြိုးထားကြလိုက်​သည်​။ထိုသစ်​ပင်​နားတွင်​လဲလူအချို့ဓာတ်​ပုံရိုက်​​နေကြသည်​။

"လှတယ်​ဟ"

မီးပွင့်​လွှတ်​​တော့....

စကား​ပြောရင်း​ကား​ရှေ့မကြည့်​ဘဲ​မောင်းလိုက်​တာအ​ရှေ့ကကားကိုသွားတိုက်​မိသည်​၊အရမ်းမပြင်း​သော်​ ​ရှေ့ကကားရဲ့​အ​နောက်​ခြမ်းအနည်းငယ်​ပိန်​သွားတယ်​။

"ဟာ....​တောက်​....သွားပါပြီ"

"Hyungဘဲဆင်းသွား​နော်​"

Jin က​တော့ကား​ပေါ်ကဆင်းသွား​တယ်​။ taehyung က​တော့ထိုင်​​နေရာကပင်​မ​ရွေ့game​တောင်​ထုတ်​​ဆော့​နေ​သေးသည်​။

အ​ရှေ့ကား​ပေါ်က​ယောင်္ကျားတစ်​​ယောက်​ပင်​။သူ
လဲသူ့ကားထိမိသည်​နဲ့ဆင်းလာသည်​။ဆံပင်​နီညိုရှိပြီး bodyကလဲအမိုက်​စားဖြစ်​သည်​။အသားလဲ​နေ​ရောင်​​အောက်​မှာglow​နေသည်​။

"အကို ကျ​​နော်​​တောင်းပန်​ပါတယ်​ဗျာ...."

"မမြင်​ဖူးလား....မင်းဘယ်​လို​တောင်​လုပ်​လိုက်​တာလဲ"

ထိုလူကကားကိုကြည့်​ရင်းတိုးညှင်းစွာငြီး​နေ​သေးသည်​။

သူတို့်​ကားကရပ်​​နေ​တော့​နောက်​ကား​တွေဟွန်းတီး​တော့တာ​ကြောင့်​​နောက်​ဆက်​တွဲပြသာနာပါမရှင်းနိုင်​​တော့ jin အကြံတစ်​ထုတ်​လိုက်​သည်​။

"ကား​တွေလဲဟွန်းတီး​နေပြီ...အကို့ကားအ​ရှေ့ကသွား ကျ​​နော်​​နောက်​ကလိုက်​ခဲ့မယ်​...ပြီးမှရှင်းကြတာ​ပေါ့"

"ဟာ....ပြီး​ရော.​ပြီး​ရော"

Jin လဲကား​ပေါ်ပြန်​တက်​လာပြီး taehyungကိုစိတ်​ပျက်​စွာကြည့်​လိုက်​တယ်​။

𝑯𝒆𝒂𝒓𝒕 𝑯𝒖𝒏𝒕𝒆𝒓♡(Z+U)Completed♡︎Where stories live. Discover now