အပိုင်း - 2
3.3K 376 7
အပြစ်တွေဟာဘယ်လောက်တောင်များပြားလွန်းနေလဲ။မကြေနိုင်တဲ့ဝဋ်တွေကအတိတ်ဘဝကတည်းကများမှားခဲ့လေသလား။ဘဝဆက်တိုင်းများ ကျိန်ဆိုခဲ့မိတဲ့ ကျိန်စာပေများလား။
ရင်ခေတ် အမှောင်ပယောဂများကြီးစိုးချိန် . . .။
He Xuan ဟာနံနက်ခင်းတိုင်းကို အထီးကျန်စွာနဲ့တစ်ယောက်တည်း နိုးထရသည်။
ပုံမှန်လုပ်ရိုးလုပ်စဉ်များဖြစ်သော နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော Qing Xuan ၏နဖူးပြင်အား ညင်သာစွာနမ်းရှိုက်ခြင်းမှစတင်ကာ တစ်နေ့တာအား ရိုးရှင်းစွာဖြတ်သန်းသည်။
ဒီနေ့မှာတော့ထူးခြားစွာပင် He Xuan ရဲ့နဘေးနေရာဟာ အေးစက်မှုအတိဖြင့်ကြီးစိုးထားလေသည်။ He Xuan မျက်ဝန်းအစုံကိုအရင်မဖွင့်သေးဘဲ Qing Xuan ခန္ဓာကိုယ်အား လက်ဖြင့်အရင်စမ်းကြည့်၏။ အေးစက်နေတော့ အိပ်ယာခင်းကိုသာစမ်းမိလျှင် He Xuan ရုတ်တရက် ငေါက်ကနဲထထိုင်ကာ နဘေးကိုကြည့်လိုက်လျှင် Qing Xuan ရဲ့ခန္ဓာကိုယ်က တည်ရှိရမည့်နေရာမရှိဘဲပျောက်ဆုံးနေ၏။
He Xuan တစ်ခန်းလုံးကို ကျီးကန်တောင်းမှောက် လိုက်ရှာတော့တယ်။ သို့သော်လည်း Qing Xuan ၏အရိပ်ကိုပင်ရှာမတွေ့ချေ။ ကမ်းစပ်ဘက်ထွက်သွား၍များ ရှာမတွေ့လားဟုတွေးကာ He Xuan ကမ်းစပ်တစ်လျှောက်ကို ခေါက်တုန့်ခေါက်ပြန် ပိုက်စိပ်တိုက်ရှာသော်လည်း လူနှင့်တူသောအရာဟူ၍ မည်သည့်အရာမှပင်ရှာမတွေ့ချေ။
" သူဆာလို့များ တောထဲတစ်ခုခုသွားရှာသလား . . .  "
He Xuan အတွေးနှင့်အတူ အုံ့ဆိုင်းစွာတည်ရှိနေတဲ့ တောနက်ကိုလှည့်ကြည့်လိုက်မိသည်။ယခုအချိန်၌ Qing Xuan သည်ပုံမှန်လူသားနှင့် မခြားပေ။
. . . တောကောင်နဲ့များတွေ့ပြီး . . .
Qing Xuan အန္တရာယ်ဖြစ်နေပြီဟုတွေးမိလိုက်သည်နှင့် He Xuan တောနက်ထဲသို့ တစ်ရှိန်ထိုးဝင်သွားတော့သည်။နှုတ်မှလည်း
" Qing Xuan . . . ။ "
" . . . "
" Shi Qing Xuan . . . ။ "
" . . . "
" Qing Xuan မင်းဘယ်မှာလဲ . . . ။ "
" . . . "