SHADOW 20

12.6K 897 11
                                    

ခွန်းသ၏ပူဆာမှု​ကြောင့် မိမိအိမ်ရှိ​နေသည့်အထပ်အား​ကျော်ပြီး
ခွန်းသ၏အိမ်သို့လိုက်လာသည် ။ လွယ်အိတ်က​လေးကိုချပြီး ကုတင်​ပေါ်ကိုပစ်လှဲလိုက်သည် ။ ကားစီးရတာတစ်ကိုယ်လုံး​ညောင်းချိ
​နေသည်များကအခုလို​ခြေဆန့်လက်ဆန့်ပစ်လှဲလိုက်​တော့တကယ်ကို
အရသာရှိလွန်းသည် ။ ခွန်းသကခွန်​လေး၏​ဘေးနားတွင်ဝင်လှဲလိုက်သည် ။

"ကိုကို့​မေ​မေကကျွန်​တော်တို့ကိုကန့်ကွက်မယ်ထင်တယ်​နော်"

"အင်း ဒါကကိုယ်တို့ရင်ဆိုင်ရမယ့်အရာပဲ​လေ ၊ ဘယ်လိုအ​ခြေအ​နေ​တွေပဲကြုံလာကြုံလာ အ​သေချာဆုံးတစ်ခုက​တော့ကိုကိုခွန်​လေး
နဲ့ဘယ်​တော့မှလမ်းခွဲမှာမဟုတ်ဘူး"

"ဒါဆို ကိုကို့ကို​မာမားနဲ့မိတ်ဆက်​ပေးချင်တယ် ၊ ပြီးရင်ကျွန်​တော့်
အိမ်ကိုသွားရ​အောင်​လေ"

ခွန်းသကခွန်​လေးကိုပြုံးပြီးကြည့်​နေသည် ။ ခွန်​လေး၏နဖူး​လေးကိုခပ်ဖွဖွ​လေးနမ်းလိုက်သည် ။ ခရီးကပြန်လာ​တော့​ရေချိုးပစ်
လိုက်ပြီး ခွန်​လေးတို့အိမ်ရှိသည့်​အောက်ထပ်သို့ဆင်းလာလိုက်သည်။
မာမားကတံခါးလာဖွင့်​ပေးသည် ။

"ဟယ် သားငယ် ဘယ်တုန်းကပြန်​ရောက်တာလဲ ၊ မာမားကိုဖုန်း
ဆက်လိုက်​ရင် လာကြိုမှာ​ပေါ့ ၊ ​သြော် ဧည့်သည်လည်းပါလာတာပဲ"

ခွန်​လေးအ​နောက်က​နေခွန်းသလိုက်ဝင်လာသည် ။ သူ့ရဲ့လွယ်အိတ်
က​လေးကိုအခန်းထဲသွားထားပြီးပြန်ထွက်လာသည် ။ ခွန်းသ​ဘေးနားတွင်ဝင်ထိုင်လိုက်သည် ။ မာမားနဲ့ပါပါးကမျက်နှာချင်းဆိုင်တွင်
ထိုင်​နေသည် ။

"မာမား ပါပါး သား ..... သား​ပြောစရာရှိတယ်"

"​ပြော​လေသားငယ် ၊ မာမားတို့နား​ထောင်​နေတယ်"

"ဟို ဟို သား သားမှာ သားမှာ ....."

"သားငယ်ရယ် သားမှာချစ်သူရှိပါတယ် ၊ အဲ့တာကလည်း​ယောကျာ်း
​လေးပါ ၊ သား​ဘေးနားမှာထိုင်​နေတဲ့သူပါလို့​ပြောမလို့မလား"

"မာမား ! မာမားက ......"

ခွန်းသ​​​တော့တုပ်တုပ်မျှမလှုပ်နိုင် ။ စိတ်​တွေလှုပ်ရှားပြီးစကားတစ်
ခွန်းမှ​ပြောမထွက် ။ မာမားကခွန်​လေး​ဘေးနားကို​ရောက်လာသည်။
ခွန်​လေးလက်ကိုဆုပ်ကိုင်လိုက်သည် ။

SHADOWजहाँ कहानियाँ रहती हैं। अभी खोजें