He & I
Chapter(2)
Part 1.
" မင်းရှေ့တိုးမလာနဲ့ ... တိုးလာရင် မင်းအစားငါ့ကိုယ်ငါထိုးလိုက်မှာ ... မင်းကြောင့် လူတစ်ယောက်သေသွားတာမြင်ချင်ရင်တိုးလာခဲ့ "
ကျွန်တော် ဖန်ကွဲစကို လည်ပင်းနဲ့နီးနိုင်သမျှနီးအောင်ကပ်လိုက်ပြီး ပြောတော့ ရှေ့တိုးဖို့ပြင်နေတဲ့ကောင်လေးရဲ့ခြေလှမ်းတွေ တံ့သွားတယ် ။ ပြီးတော့ ကျွန်တော့်ကိုကြည့်ပြီး
" မသေပါနဲ့ "
လို့ တိုးတိုးပြောတယ် ။ ကျွန်တော် အဲ့ဒီကောင်လေးကို နောက်ထပ်စကားမစရသေးခင်မှာပဲ ကောင်လေး က ဆေးရုံကြမ်းပြင်ပေါ် ခွေကနဲလဲကျသွားတယ် ။ သူနာပြုဆရာမ က
" ရပြီ ဒေါက်တာ "
လို့ ပြောတော့မှ ကျွန်တော်လက်ထဲကဖန်ကွဲစကိုလွှင့်ပစ်လိုက်ပြီး ကြမ်းပြင်ပေါ်ကကောင်လေးကို ပွေ့ချီလိုက်တယ် ။
Part 2 .
" သူ့နာမည်က ဝေတဲ့ ... မင်းတို့ဆီကပဲ "
ကျွန်တော် ဒဏ်ရါကိုသေချာဆေးကြောသန့်စင်ပြီး ဆေးထည့်နေတုန်း အသံကြားလိုက်ရလို့ ဘေးကိုလှည့်ကြည့်လိုက်တယ် ။ အမြဲတမ်းလိုလို ကျွန်တော်နဲ့ဂျူတီချိန်တူတတ်တဲ့ ဖိလစ်ပိုင်လူမျိုး ဆရာဝန်မလေး လီလီ့ကိုတွေ့တော့မှ ကျွန်တော် ပြုံးပြလိုက်တယ် ။ ပြီးတော့
" သူကဘာဖြစ်လို့သေချင်နေရတာတဲ့လဲ "
လို့ မေးလိုက်တယ် ။ ကျွန်တော့်မေးခွန်းဆုံးတော့ လီလီ က ပြုံးရင်း
" သူက ဦးဏှောက်ကင်ဆာဖြစ်နေတာလေ "
လို့ ပြန်ဖြေတယ် ။ ကျွန်တော့်ထက် တော်တော်လေးငယ်မဲ့ပုံပေါက်တဲ့ အဲ့ဒီကောင်လေးက ဦးဏှောက်ကင်ဆာဆိုတော့ ကျွန်တော် စိတ်မကောင်းဖြစ်သွားတယ် ။ ဒီအချိန်မှာ သူ သူ့မိဘတွေကိုလိုအပ်နေမှာပဲ ။ အဲ့ဒါကြောင့် လီလီ့ကို
" သူ့မိဘတွေရော "
လို့ မေးလိုက်တယ် ။
Part 3.
" သူ့မိဘတွေက သေကုန်တာလား ဒါမှမဟုတ် ဒီနိုင်ငံမှာမရှိတာလားမသိဘူး "