"ဖယ်လိုက် မင်းလက်ကို"

"ခဏလေးပဲကို...နော်...ခဏလေး ဖက်ချင်လို့"

"မင်း အဲ့လက်ကိုမသုံးချင်တော့ဘူးလား"

"သုံးချင်သေးတာပေါ့ အဟဲ"

စပ်ဖြဲဖြဲနှင့်ပခုံးပေါ်မှလက်ကို အသာလေးဖယ်ချသွားလေ၏။

"တစ်ယောက်တည်းလား"

"ငါ့ဘေးမှာ ခွေးတစ်ကောင်ရှိတယ်"

"ဝိုး....ခွေးလေးက လုံးဝကို dady type ကြီးနော်..."

ထယ်ယောင်းပြောစရာစကားများပင် ဆွံ့အသွားရသည်။ ကိုယ့်ကိုခွေးလို့ပြောနေတာတောင်မနာပဲ Daddy type ခွေးဟုပြောနေသေးသည်။

ဘယ်လိုတောင် အရှက်မရှိမှုမျိုးလဲ....ကြည့်ရသည်က မွေးလာတုန်းက ချက်ကြိုးနဲ့ ရှက်ကြောမှားအဖြတ်ခံလိုက်ရသည်ထင်သည်။

"ငါ့နောက်လိုက်မလာနဲ့..."

"Yes...baby hyung"

အလေးပြုသလိုမျိုး ရင်အုပ်မောက်မောက်ကိုကော့လိုက်ကာ လက်တစ်ဖက်ကိုဘေးကပ်လိုက်ပြီး ကျန်တစ်ဖက်ကို နဖူးစောင်းသို့ ဆတ်ခနဲတင်လိုက်သည့်ပုံလုပ်ပြလေ၏။

တကယ်ပါ....ထယ်ယောင်း ဘာမှပြောစရာမရှိတော့....

လက်ခလယ်ထောင်ပြကာ ထွက်လာတော့ ရင်ဘတ်ပေါ်တွင်လက်နှစ်ဖက်ထပ်တင်ကာ heart ထိသွားပြီဆိုသောပုံစံထပ်လုပ်ပြလေ၏။ ပြီးနောက် အနောက်ကလှမ်းအော်လိုက်သေးသည်။

"ညကျရင် စောင့်နေနော် Baby hyung လေး"

သူကဘာကိုစောင့်နေရမှာတုန်း....ကြောင်တောင်တောင်ကောင်ရှေ့ကခပ်သွက်သွက်သာထွက်လာလိုက်တော့သည်။

-----------------------------

ဂျီမင်းအိမ်ရောက်ကတည်းက ရေမိုးချိုး ထမင်းကိုခပ်သွက်သွက်စားပြီး အခန်းထဲသို့စောစောစီးစီးတက်လာလိုက်သည်။

အမေကတောင် သူ့ကို ထူးထူးဆန်းဆန်းကြည့်နေသေးသည်။

အခန်းထဲရောက်တာနှင့် တံခါးကိုလော့ချပြီး မီးပါပိတ်လိုက်၏။ မီးပွင့်နေရင်အမေက စကားလာပြောနေဦးမည်။

 A Boy Named JeonJungKook [Completed]Where stories live. Discover now