"Baekhyun ရေ ငါ့ကို ကျောင်းအုပ်ခေါ်ထားလို့ကွာ မင်း English tuto စာအုပ်တွေ စုပြီး Englishဆရာဆီသွားပေးပေးပါလား''

EC က နာမည်တပ်ပြီး ခိုင်းလာတာမလို့ ထ မလုပ်လို့မဖြစ်တော့။ တစ်ခုခုအကြောင်းပြပြီး ငြင်းလိုက်ရင် ရပေမယ့် တစ်ခန်းလုံးရဲ့ တာဝန်ယူထားရတဲ့ EC ကို သနားတာမလို့ ခေါင်းငြိမ့်လိုက်တယ်။

အစာလည်းမရှိ အိပ်ရေးမဝဆိုတော့ အားမရှိဘဲ နုံးချိချိဖြစ်နေတာနဲ့ နောက်တန်းက Sehun ကို လှည့်ပြီး အော်ခိုင်းမယ်ပေါ့...စာအုပ်တွေ သူ့ဆီလာထပ်ပေးဖို့။
Sehun က ဖုန်းကြီးငုံ့ကြည့်ပြီး ပါးစပ်ကနားရွက်တပ်ချိတ်တော့မလိုပြုံးနေတာလေ စကားပြောချင်စိတ်တောင်ပျောက်သွားတယ်
Kim Jong In ကိုလှမ်းကြည့်လိုက်တော့လည်း ဖုန်းကြီးကိုင်ပြီး ဖြီးလို့။
သင်းတို့အတွဲက ကျပ်မပြည့်အတွဲ
တစ်ခန်းတည်းနေပြီး video call ခေါ်ခေါ်ပြီး အရူးထရတာအမော။
Sehun ဆိုတဲ့ကောင်ကလည်း နို့နံ့သာမစင်သေးတာ ဒါမျိုးကျ ကဲလိုက်တာ တစ်သိန်းဖိုးလောက် ><

အဲလိုအချိန်ဆို ဒင်းလေးကို စကားပြောဖို့နေနေသာသာ အမှုန့်တောင်ကြိတ်ပစ်ချင်နေတာမလို့ မအော်ခိုင်းတော့ဘဲ ကိုယ်တိုင်ပဲ စာအုပ်တွေလိုက်ကောက်လိုက်တော့တယ်။
Baekhyun ထတော့ Chanyeol ပါ ပြာပြာသလဲ ထလာတော့မလိုလုပ်နေလို့ ဂျိုတစ်ချက်ကစ်လိုက်ရသေး။

"ဟျောင့် Eng tuto စာအုပ်ထပ်''

"ဟင် ဘာလဲ ကောင်ပေါက်လေး မကြားရဘူး ကိုယ့်နားကပ်ပြောပေးပါလား''

"သေမလို့လား ငါ့နာမည်ရှိတယ် နာမည်ခေါ်>< စာအုပ်ထပ်ပါ Chanyeol ရယ် ငါ မင်းနဲ့ရန်ဖြစ်ဖို့ အားမရှိဘူး''

Chanyeol ထပ်စချင်ပေမယ့် တကယ်နွမ်းနေတဲ့ မျက်နှာလေးကြောင့် မစရက်တော့။

စာအုပ်ထပ်ပြီး ငြိမ်ငြိမ်မနေဘဲ စာအုပ်လိုက်ကောက်နေတဲ့တလျှောက် ဘေးနားကနေ ရစ်သီရစ်သီလိုက်လုပ်နေပြန်ရော

"ဘာဖြစ်ချင်ပြန်ပြီလဲ Park Chanyeol တအား စာတွေရနေတာလား စာကြည့်နေတာကို မတွေ့ဘူး''

"ဟို~​နေမကောင်းဘူးလား။မျက်နှာက တအားနွမ်းနေတော့ စိတ်ပူလို့ပါကွာ။ စာအုပ်တွေ ငါသွားထပ်ပေးရမလား ''

Annoy But I LoveWhere stories live. Discover now