15 Final (Zawgyi)

184 4 1
                                    

BamBam's POV

တစ်ကိုယ်လုံးနာကျင်ကိုက်ခဲမှုတွေနဲ့အတူ

ကျွန်တော်နိုးထလာခဲ့တယ်

ကျွန်တော့ရှေ့ကမြင်ကွင်းကလည်း စမ်းတဝါးဝါး

သေချာအားစိုက်ပြီးကြည့်မှ တဖြည်းဖြည်းရုပ်လုံးပေါ်လာတဲ့မျက်နှာကျက်

ဒါဆိုကျွန်တော်လှဲနေတာလား

လက်ကနေတင်းကြပ်မှုကိုခံစားရတာကြောင့် ကျွန်တော်ရုန်းလိုက်မိတော့

ရွေ့လျားသွားတဲ့ ကျွန်တော့လက်ကိုဆုပ်ကိုင်ထားတဲ့လက်တစုံ

"Bam နိုးလာပြီလား သက်သာလားဟင် ဘယ်လိုနေသေးလဲ''

လက်တဖက်ကကျွန်တော့လက်ကိုကိုင်ထားပြီး နောက်တဖက်နဲ့ကျွန်တော့နှဖူးကိုစမ်းနေတဲ့သူ

ကျွန်တော်အားယူပြီး ပြုံးပြလိုက်တယ်

သက်သာတယ်ဆိုတဲ့သဘောပေါ့

"အရူးလေး hyung ဘယ်လောက်စိတ်ပူနေခဲ့ရလဲသိလား''

ပြောရင်းဆိုရင်း မျက်ရည်ဝဲလာတဲ့သူ

ကြည့်ရတော့ကျွန်တော့ကလေးကြီးက ငိုတော့မယ်ထင်ပါရဲ့

"ဟက်''

စိတ်ထဲကနေသဘောကျလို့ ရယ်မိတာက အပြင်ကိုထွက်သွားတော့ မျက်စောင်းတခဲခဲနဲ့ကြည့်လာတဲ့သူ

"ဘာရယ်တာလဲ''

"သဘော ကျ လို့ပေါ့ ကျွန်တော့ ကို စိတ်ပူပေး တာသဘောကျလို့''

အားကမရှိတာကြောင့် ကျွန်တော့အသံကိုhyungကြားအောင် မနည်းပြောနေရတယ်

"ကိုယ်ချစ်တဲ့သူကိုစိတ်ပူပေးတာပဲ ဆန်းလား"

"ဒါနဲ့ Bam အားပြည့်အောင် ဆက်အိပ်လိုက်ဦးလေ"

ကျွန်တော်သူ့ကိုပြုံးပြီးတော့သာ ခေါင်းညိမ့်ပြလိုက်တယ်

ခြေရင်းမှာရောက်နေတဲ့စောင်ကိုယူလာပြီး

ကျွန်တော့အပေါ်အသာယာခြုံပေးတဲ့သူ

ကျွန်တော့ရင်ဘက်နားရောက်လာတဲ့ သူ့လက်ကိုကိုင်လိုက်တော့ မျက်လုံးပြူးပြီးကျွန်တော့ကိုကြည့်လာတယ်

Our Love Story [Markbam] (Completed)Where stories live. Discover now