ဟိုငနဲလေးကိုမတွေ့တာသေချာမှ အေးအေးဆေးဆေး လေးဝင်လာလိုက်သည်။

ထိုငနဲလေးကိုမတွေ့လို့ မနက်ခင်းလေးကိုအေးအေးချမ်းချမ်းလေးကုန်ဆုံးမလားအောက်မေ့ပါရဲ့ အကျိုးမပေးသော ညှပ်ဖိနပ်က တိခနဲပြတ်ထွက်လေ၏။

"Shit....ပြတ်သွားပြီလားဟ"

ထယ်ယောင်းတစ်ယောက် ဘာလုပ်လို့လုပ်ရမှန်းမသိ မတ်တပ်ပဲရပ်နေမိစဉ် အနောက်က ကြားလိုက်ရသောအသံကြောင့် ကမ္ဘာကြီးတစ်ခုလုံးကျက်သရေအဖြာဖြာတုံးသွားရသည်။

"Baby Hyung...Baby Hyung"

သူမကြားမချင်း ခုနှစ်ချီအသံနှင့်အော်ခေါ်နေသော သကောင့်သားလေး၏အသံကို ထယ်ယောင်းမကြားချင်ယောင်ဆောင်နေလိုက်သည်။

သူခေါ်နေတာကိုပြန်မထူးလို့ထင်သည်...ဖတ်ဖတ် ဖတ်ဖတ်နှင့်ထယ်ယောင်းအနားကိုပြေးလာသော ခြေသံကိုကြားရလေ၏။

"Baby Hyung လေးကခေါ်နေတာပြန်လည်းမထူးဘူး....ဒီပါးစပ်လေးမပါလို့လား ဟီး"

"မင်းဘိုးအေ"

ထယ်ယောင်းဖိနပ်ပျက်လို့စိတ်တိုနေသည့်ကြားက ထိုဝဲစားလေးကလာစနေသော ပိုလို့ပင်စိတ်တိုလာရသည်။

ထယ်ယောင်းကိုတစ်ချိန်လုံးအသေးစိတ်ကြည့်နေသော ဂျောင်ဂုမှာဖိနပ်ပြတ်သည်ကိုတွေ့သော်.....

"Baby hyung ဖိနပ်ပြတ်သွားတာလား...ကျွန်တော့်ကိုလည်းမပြောဘူး"

"ပြောရအောင်မင်းကငါ့အမေမှမဟုတ်တာ"

ထယ်ယောင်း ငါ့အဖေအဖေလို့ပြောရင် daddy လို့ပြောလာမည့်အကွက်တွေကိုမြင်တာကြောင့် ကြိုရှောင်ကွင်းကာပြောပါသော်လည်း ပြောရဲဆိုရဲပါးစပ်လေးက Daddy ဆိုသောစကားကထွက်လာလေ၏။

"အော်...Daddy ပါဆို Baby hyung လေးကလည်း"

သူ့ကိုယ်သူ Daddy လို့ပြောပြီး ထယ်ယောင်းပခုံးလေးနှစ်ဖက်ကိုကိုင်ကာ လမ်းနဘေးတွင်လုပ်ထားသောခုံလေးတွေအတင်းထိုင်စေ၏။

"ဟ ဟ ဘာလုပ်နေတာလဲ...ငါ့ကိုလွှတ်"

"ငြိမ်ငြိမ်နေပါ hyung ရယ်...ခဏလေးပဲ"

 A Boy Named JeonJungKook [Completed]Where stories live. Discover now