*******

~ အာ့ဆို,အမထမင်းခဏသွားစားမယ်နော်! ~

အားနာနေသည့်သူနာပြုအမအားသူမခေါင်းသာငြိမ့်ပြဖြစ်ပီးမျက်ဝန်းတို့ကိုပြန်စေ့ထားလိုက်
သည်။သူမသိပါသည်။ထိုအချိန်ခဏ‌လေးသာ
သူမသမီးနှင့်‌တွေ့ရသည်ဆိုတာကို!ထို့ကြောင့်
ကြည်ကြည်ဖြူဖြူခွင့်ပြုပေးခြင်းဖြစ်သည်။ကိုယ်တိုင်က‌မေတ္တာမရတဲ့အခါတခြားလူ‌တွေ
ကိုတော့မေတ္တာရစေချင်မိတယ်။အခုပဲ
ကြည့်လေ!ကိုယ့်သမီးတစ်ယောက်လုံးဆေးရုံ
ရောက်နေတာ!တစ်ခါမှလာမတွေ့၊သူနာပြုတစ်ယောက်ငှားပေးရုံ၊အိမ်အကူအ‌ဒေါ်ကြီးနှင့်အစားအသောက်အချိန်မှန်လာပို့ပေးရုံဖြင့်တာဝန်ကျေသည်ဟုထင်နေပုံ
ပင်။အင်းပေါ့!အတင်းအကျပ်ရလာတဲ့ကလေး
ဆိုတော့လည်းဘယ်သူကကြည်ကြည်ဖြူဖြူ
မေတ္တာတွေပေးချင်ပါ့မလဲနော်!သူမအမေအခုအချိန်ထိရှိဦးမည်ဆိုလျှင်....
အင်း...အခြေအနေတော့တစ်မျိုးပြောင်းလဲနိုင်ကောင်းပြောင်းလဲသွားမှာပေါ့။အတွေးများကြောင့်ခေါင်းကထိုးကိုက်လာသည်မို့နားထင်ကိုသာအသာဖိထားမိသည်။သူမမေ့မသွားတဲ့ချစ်ရသူမျက်နှာကအာရုံထဲမှာပေါ်လာတယ်။ဘာလို့လဲ?!!
နောက်စေ့ခိုက်မိသွားပီးချုပ်ထားရတာတောင်ဘာမှမေ့မသွား။တခါတလေတော့လည်း
ကံကြမ္မာဆိုတဲ့အရာကတယ်ဆိုးသား!!သူမတကယ်မမှတ်မိချင်ပါ။မေ့ပစ်ချင်ပီဖြစ်သည်။သူမလုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ပီးတော့သူမရဲ့စိတ်တွေ!မဖြစ်နိုင်တဲ့လူကိုပဲရူးမိုက်နေမိတဲ့စိတ်တွေ!!
သူမရဲ့အတိတ်တွေကကောင်းတာတစ်ခုမှမရှိခဲ့တာပဲ။ဘာလို့မေ့မသွားရတာလဲ?!!
ဒါမှမဟုတ်,ဘာလို့အသက်ရှင်နေသေးတာလဲ?!!
သူမတကယ်ကိုလွတ်မြောက်ချင်နေပီဖြစ်သည်။
ဒါကဘုရားသခင်ကပေးတဲ့အပြစ်ဒဏ်ပဲထင်ပါရဲ့!
သူမကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအတွက်
အကြီးမားဆုံးအပြစ်ဒဏ်!!
သူမသက်တမ်းမကုန်သရွေ့ဒီလူသားကိုပဲသူမ
ဆက်ချစ်နေရဦးမယ်ပေါ့လေ!!
သက်တမ်းမကုန်သရွေ့ပေါ့....

အခန်းထဲသို့ဝင်လာတဲ့ခြေသံကြောင့်သူမစေ့ပိတ်ထားတဲ့မျက်ဝန်းတွေကို ဖွင့်ကြည့်လိုက်တယ်။

~ ရိပေါ်.... ~

ဟုတ်ပါသည်။သူမကုတင်ရှေတွင်ရပ်ကာ
သူမအားကြည့်နေသောသူ။သူမရဲ့အချစ်ရဆုံးသောလူပေါ့!*ရိပေါ်ကသူမကိုလာတွေ့တယ်!*
ကောင်းသောလာတွေ့ခြင်းမျိုး၊သူမကိုသတိရလို့လာတွေ့ခြင်းမျိုးမဟုတ်မှန်းသိပေမယ့်,ရုတ်တရပ်မျက်ရည်တွေကရစ်သိုင်းလာတယ်။ပျော်ရွှင်ခြင်းအပြည့်နဲ့....
ဝမ်းသာခြင်းအပြည့်နဲ့...မရဲတရဲနဲ့
ထွက်သွားတဲ့သူ့ရဲ့နာမည်အဆုံး...သူဟာကုတင်ဘေးကခုံတန်းမှာဝင်ထိုင်လာတယ်။
သူမစိတ်တွေကိုအဆုံးထိအားတင်းထားလိုက်
တယ်။ရိပေါ်ဘာပြောပြောသူမ
ခံနိုင်ရည်ရှိအောင်လို့။ကောင်းတဲ့စကားတော့
လာပြောတာလုံးဝမဟုတ်နိုင်။ကိုယ်က
သူ့ရဲ့ချစ်ရသူကိုထိခိုက်စေခဲ့တာမဟုတ်ပါလား?!!

CHAY《completed》Where stories live. Discover now