"ဒီး...ဒီး..."

Xiao Zhan ဖုန်းမှ အသံမြည်လာခြင်းပင်....

"ကိုကို..."

Xiao Zhan..ရှောင်းလွီ ကို ပြောလိုက်သည်...

ထို့နောက် Xiao Zhan... ရှောင်းလွီ နှင့် စက္ကန့်အနည်းငယ်စကားပြောပြီးသည့်နောက်တွင် ဖုန်းချလိုက်သည်....

"Yi Bo...မင်း ညနေ အိမ်လိုက်ခဲ့ပါလား..."

"အိမ်ကိုလား....."

Wang Yi Bo ဘာအတွက်ကြောင့်ဆိုတာ မသိသည့်အတွက် ပြန်မေးလိုက်သည်.......

"ရှင်းအာ....ငါတို့အကြောင်း မေမေတို့ကို ပြောပြလိုက်ပြီ... အဲ့ဒါ အိမ်မှာ ညစာစားရင်း မင်းနဲ့တွေ့ချင်လို့တဲ့....မင်းလိုက်ခဲ့လို့ အဆင်ပြေမလား.... "

"အမ်...မြန်လိုက်တာ... ကျွန်တော် ဘာမှ အဆင်သင့် မဖြစ်သေးဘူးရယ်..."

"စိုးရိမ်စရာ မလိုပါဘူး....ဒီအတိုင်း ပေါ့ပေါ့ပါးပါးနဲ့ ထမင်းစားပြီး စကားပြောရုံပါပဲ မေမေတို့က သဘောကောင်းပါတယ်...."

"ဒါပေမယ့်.... ယောက္ခမလောင်းကြီးတွေနဲ့ တွေ့ရမှာ စိတ်လှုပ်ရှားတာပေါ့...."

Wang Yi Bo ပြုံးစိစိ မျက်နှာပေးဖြင့်ပြောလိုက်သည်....

"အသေးလေး....သူများတွေ က မိဘတွေနဲ့တောင်တွေ့ပေးနေပြီ....ကိုယ့်ကိုရော ဘယ်တော့တွေ့ပေးမှာလဲ....ဟင်....."

"နောင် နှစ်ပေါင်း၆၀ ကြာပြီးရင်..."

လုယွီကား မျက်နှာသေနှင့်ပင်....

"အာ နောင်နှစ်ပေါင်း၆၀ဆို ကိုယ် နတ်ပြည်မှာ နတ်သမီးလေးတွေ ခြံရံပြီး ရှိနေရတော့မှာလေ.....ဒီလိုလုပ်လုပ်လေ....
နောက်၆ရက်ဆိုရင်ရော....."

"ခင်ဗျားကို နတ်ပြည်မပြောနဲ့ ငရဲပြည်က လက်ခံပါစေလို့ပဲ အရင် ဆုတောင်းဦး တော်ကြာ သွားစရာမရှိ လေလွင့် ဝိညာဉ် ဖြစ်နေဦးမယ်.... ပြီးတော့ ခင်ဗျားကို ကျွန်တော် ဘယ်တုန်းက လက်ခံတယ် ပြောမိလို့ ကျွန်တော့် မိဘနဲ့ တွေ့ပေးရမှာလဲ....."

"အသေးလေး ခုန ပြောလိုက်တယ်လေ....."

"ဘယ်တုန်းက လဲ...."

"ခုနတုန်းက ကိုယ့်နှလုံးသားနားလေးကပ်ပြီး တိုးတိုးလေးပြောသွားတာ ကိုယ့်ကို လက်ခံတယ်လို့...."

Dream 's Lover(completed) Where stories live. Discover now