လှပသော မြက်ခင်းပြင် တစ်ခုအပေါ် တွင် ရီ တစ်ယောက် လှဲလျောင်းရင်း ကောင်းကင်ပြာကြီးအား ငေးမော ကြည့်နေမိပါ၏.....
ပြာလဲ့လဲ့ ကောင်းကင်ကြီးပေါ်တွင် ငွေမျှင်ရောင် တိမ်တိုက်တို့သည် လေနဲ့အတူ ရွေလျား သွားလာ နေကြပေ၏....
ထို ရွေ့လျားနေသော တိမ်တိုက်လေးတွေကို ကြည့်ကာ ရီ ပြုံးလိုက်မိပါသည်....
" ဘာတွေ.... သဘောကျနေတာလဲ...ရီ..."
ဝမ်ရောင်... ပေါင်ပေါ်တွင် လှဲအိပ်နေသော ရီ၏ ခေါင်းလေးကို ပွတ်ပေးရင်း မေးလိုက်ခြင်း ဖြစ်ပါ၏....
" ကောင်းကင်ကြီးက.... အရမ်းလှတာဘဲလို့ တွေးမိလို့ပါ.... "
ဝမ်ရောင်....ရီ၏ နဖူးလေးကို နမ်းလိုက်ရင်း...
" ကိုယ့်ကတော့.... အရာအားလုံးထက် မင်းက ပိုလှတယ်လို့ ထင်တယ်.... "
ရီ သဘောကျစွာဖြင့် အသံထွက်အောင် ရီလိုက် မိပါတယ်....
" ဒါနဲ့.....သခင်လေး....."
ဝမ်ရောင် မျက်နှာမှာ ချက်ချင်းဆိုသလို တည်သွားပီ ရီ၏ နဖူးလေးအား လက်ဖြင့် တောက် လိုက်ပါတော့သည်....
" ကိုယ့်ရဲ့ နာမည်ကိုဘဲ ခေါ်ဖို့ ပြောထားတယ်မလား...."
ရီ....ဝမ်ရောင်၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ရင်း....
" ရီ... အကျင့် ဖြစ်နေလို့ပါ...."
" အရူးလေး...."
" သခင်.....ေ..."
ရီ၏ နှုတ်ခမ်းကို နမ်းလိုက်သော ဝမ်ရောင်ကြောင့် ရီ စကားကို ဆုံးအောင်တောင် မပြောလိုက်ရ....
" သခင်လေးလို့ တစ်ခါခေါ်ရင် တစ်ခါအပြစ်ပေးခံရမယ်...."
ရီ...ရဲတက်လာသော မျက်နှာလေးကို လက်ဖြင့် အုပ်ရင်း လှဲနေရာမှ ထိုင်လိုက်ပါ၏....
ဝမ်ရောင်....ရီကို နောက်ကျောဘက်မှ သိုင်းဖက်လိုက်ရင်း ရင်ခွင်ထဲကို မှီစေလိုက်ပါသည်
" ချစ်တယ်..."
" ရီ ရောဘဲ....ချစ်တယ်.... "
ထိုစဉ် မြည်လာသော ဖုန်းသံကြောင့် ဝမ်ရောင်ဖုန်းကို လှမ်းကိုင်လိုက်ပါသည်....