"ကိုယ်မင်းကိုချစ်တယ်လေ"

ရိပေါ်မျက်လုံးတို့မော့ကြည့်ရုံသာရှိသေးတယ် ။နှုတ်ခမ်းနုနုအပေါ် ကိုကို့နှုတ်ခမ်းတို့လာထိတွေ့တယ် ။ ရိပေါ်အသက်ရှုကြပ်လာတော့ လက်ကလေးက ကိုကို့ရင်ဘတ်က
အင်ကျီကိုကိုင်ထားမိတယ် ။ ထိုအခါမှ
ကိုကိုက မောဟိုက်သွားတဲ့ရိပေါ်ကိုလွှတ်ရင်း

"ကိုယ့်ကိုယုံပေးပါ ရိပေါ် "

ရိပေါ်အတော်ကြာသည်အထိ ကိုကို့မျက်ဝန်း
အိမ်ကိုငေးစိုက်ကြည့်နေမိတယ် ။ ထပ်ပြီးရိပေါ်နှုတ်ခမ်းလေးထပ်နွေးထွေးရ​ပြန်တယ် ။

"လာ...ကိုယ်ချီသွားမယ်"

ရိပေါ်ကိုယ်လေးအားဒန်းပေါ်မှပွေ့ချီရန်ပြင်နေတဲ့ကိုကို့ကို ရိပေါ်လက်တွေနဲ့တွန်းလိုက်တယ် ။

"ဟင်...မလုပ်နဲ့ကိုကို
ကိုယ့်ဘာသာသွားမယ်"

"ကလေး...ဖြေးဖြေး"

ပြေးလွှာသွားတဲ့ဗိုက်ကလေးက ပုပုလေးနဲ့
လုံးလုံးလေးဖြစ်နေတာကြောင့် ရိပေါ်ပုံစံလေးက ချစ်စရာကောင်းနေတယ် ။ ရှက်သွေးဖြာသွားတဲ့အနီရောင်ပါးပြင်ခပ်ရဲရဲ
ကိုတော့ ထပ်မံနမ်းရှိုက်မိချင်ပြန်တယ် ။

ကိုယ်ဝန်သည်လေးမို့ ဆန္ဒတွေချိုးနှိမ်ခဲ့ရ
တာ ရက်ပေါင်းမနည်းပေ ။ အတင်းသိမ်း
ပိုက်မိရင်လည်း အနားပင်အကပ်ခံတော့
မည်မဟုတ် ။ အခြေအနေတွေက အရင်
လိုမှမဟုတ်ပဲလေ ။

"ရှောင်းရီရှင်း!!"

"ပါးပါး!!...အူး ဝါး!!"

အိမ်ရှေ့ခန်းတွင် တစ်ယောက်တစ်ခွန်းစီရဲ့
အော်ဟစ်သံတွေကြောင့် ရှောင်းကျန့်စားပွဲ
ပေါ်ရှိလုပ်လက်စအလုပ်တွေကိုရပ်တန့်
လိုက်ရတယ် ။

စူးကနဲထွက်လာတဲ့ သားရဲ့ငိုသံက အိမ်ထဲ
ဆူညံ ပွက်လောနေပေတယ် ။ လက်ပြတ်
အင်္ကျီခပ်ပွပွအဖြူရောင်က ရိပေါ်ရဲ့ဝင်း
မွ​ေတ်နေတဲ့အသားရည်နှင့်ထပ်တူကျနေပေ
ကာ သားကိုပြောမရလို့စိတ်ဆိုးနေတဲ့ပုံစံက
ကလေးဆိုးလိုပင် ။ သားကလည်း သူ့ပါးပါး
ဆူလို့ငိုထားတာ မျက်ဝန်းလေးတွေက နီရဲ
နေလို့ရယ် ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now