"ဘာဖြစ်လိို့ငိုတာလဲ ကလေးရယ်
ဘာကမင်းလေးကိုစိတ်မချမ်းမသာ
ဖြစ်စေတာလဲ"

"ဟင့်..."

မေးလာတဲ့ကိုကို့စကားကိုရိပေါ်ပြန်မဖြေ ။
ရိပေါ်ငိုရှိုက်နေမြဲပင် ။ ရိပေါ်အရင်လိုထပ်ပြီး
ခံစားရမှာကြောက်နေတယ် ။ နောက်ပြီး
ကိုယ်ဝန်ဆောင်ချိန် ယောကျ်ားတွေဖောက်
ပြန်တတ်တာ ရိပေါ်ကိုယ်တွေ့ပဲမဟုတ်ပါလား ။

ကိုကိုက ဖောက်ပြန်တယ် ။

ထပ်ပြီး ရိပေါ်ကိုကို့ကိုမယုံရဲဘူး ။

"ကလေး..."

ရှောင်းကျန့်ခေါ်တော့မှမော့ကြည့်လာတဲ့
မျက်ဝန်းတွေက သိမ်ငယ်နေတယ် ။ ပြီးတော့
သံသရာ့အချို့ကလည်း ကပ်တွယ်နေကြတယ် ။

ဘာကြောင့်လဲ ရိပေါ်ကသူ့ကိုအခုထိ
ယုံကြည်ဖို့ခက်ခဲတုန်းပဲလား ။

"ကိုယ်ဒီနေ့အလုပ်စောစောလက်စသတ်ပြီး
ပြန်လာတာ သားကိုပါတစ်ခါတည်းဝင်ကြို
ခဲ့တယ် နောက်ပြီးကလေးကြိုက်တဲ့အစား
အသောက်တွေဝယ်လာတယ် ကိုယ်နဲ့အတူ
စားမယ်မဟုတ်လား"

အပြုံး​လေးဖြင့်ရိပေါ်ကိုချော့မော့ကာပြောတဲ့
ကိုကိုက ကလေးတစ်ယောက်ကိုလိမ်မာရေး
ခြားရှိအောင်သင်ပေးတဲ့ပုံစံနှင့်တူသည် ။

ကိုကိုဆိုတာ ရိပေါ်ရဲ့နှစ်ယောက်မရှိသော
ချစ်ဦးသူဖြစ်တဲ့အတွက် ကိုကို့ကိုနာကျဥ်း
စိတ်တွေရှိပေမယ့်လည်း ရိပေါ်မုန်းမရခဲ့
တာကြောင့်...

ရိပေါ်ကိုကို့ကိုမော့ကြည့်ရင်း ပြောမိတယ် ။

"ကိုကို..."

"ဗျာ...ဘာလိုချင်လို့လဲ ကလေးရဲ့"

"ကျွန်​ေတာ့်အနားမှာပဲနေပေးနော်
နောက်ဆိုကိုယ်ဝန်ကလရင့်လာရင်
ကိုကိုကျွန်တော့်အနားက ထွက်သွား..."

"မဟုတ်ဘူး မရှိစေရတော့ဘူး"

ရိပေါ်နှုတ်ခမ်းသားနုနုပေါ်ကိုကို့ရဲ့လက်ချောင်းသွယ်သွယ်က မပြောဖို့
တားမြစ်​ကြတယ် ။ ကိုကိုကခေါင်းကို
ခါပြတယ် ။

"ကိုယ့်ကိုမယုံကြည်သေးဘူးလား
ကလေးရယ်"

"ကျွန်တော်..."

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now