Beautiful Life-2(Unicode)

Start from the beginning
                                    

~~မဖြစ်​ဘူး~သူ ကျွန်​​တော်​့ဘ၀ထဲက ​ပျောက်​
ကွယ်​သွားလို်​့မဖြစ်​ဘူး~ကျွန်​​တော်​့အနားက​နေ
ဘယ်​မှ မသွားရဘူး​နော်​'ကိုကို´~ကျွန်​​တော်​့ကို
ထားပြီး ထွက်​မသွားဘူးမလားဟင်​~~

"အွန်​း!!baby~~ဘာဖြစ်​လို့လဲ!
ကိုယ်​အသက်​ရှူ ကြပ်​​နေပြီ!"

'ကိုကို့´အသံကြားမှပဲ ကျွန်​​တော်​့ရဲ့အ​တွေး​တွေက ပစ္စုပ္ပန်​ကို ပြန်​​ရောက်​လာသည်​။ကျွန်​​တော်​့လက်​​တွေကို ​ဖြေ​လျော့လိုက်​ပြီး သူ့ရင်​ဘတ်​​ပေါ်​မေး​စေ့​လေးတင်​ပြီး ပြုံးပြလိုက်​သည်​။

"ရွှတ်​!"

ကိုကို့ ရဲ့အနမ်​းတစ်​ပွင်​့က ကျွန်​​တော်​့ပါးပြင်​ထက်​ကို
သက်​ဆင်​းလာသည်​။

"ဘယ်​လိုလဲ ကိုယ်​့ကိုစိတ်​ဆိုး​ပြေသွားပြီလား"

ကျွန်​​တော်​့​ခေါင်​းက ဆံပင်​​တွေကို လက်​နဲ့ဖွပြီး​မေးလာတဲ့'ကိုကို့´ကို သူ ​ခေါင်​းပြန်​ခါပြလိုက်​သည်​။

"အာ~~ ကိုယ်​​တော့ ဒုက္ခပါပဲ!"

အဲ့​တော့မှ  ကုတင်​​ပေါ်ကထပြီး 'ကိုကို့´လက်​ကိုဆွဲ
လိုက်​သည်​။

*********

ကျွန်​​တော်​ 'မိုး´ကိုချစ်​တယ်​လို့​ပြော​တော့ သူ့ကို​ရော​တဲ့~

မတူဘူး​လေ ကိုကိုရဲ့~~

'မိုး´ဆိုတာက သက်​မဲ့အရာ​လေး​တွေထဲမှာ
ကျွန်​​တော်​ အကြိုက်​ဆုံးအရာ​လေးတစ်​ခု~~

'မိုး​´​တွေက​လေ ကျွန်​​တော်​ငိုရင်​ လိုက်​ငိုကြတရ်​~

ပြီး​တော့ ကျွန်​​တော်​​ပြောချင်​တဲ့ စကား​တွေ အားလုံး
ကိုလဲ အဲ့မိုးစက်​​လေး​တွေ ဂရုတစိုက်​နား​ထောင်​​ပေး
ကြတယ်​~

မိုး​ရေထဲမှာဆို ကျွန်​​တော်​့မှာရှိသမျှ ပူပင်​​သောက​တွေ အားလုံး ​ပျောက်​သွားသလိုပဲ ခံစားရတယ်​~

ဘာလို့ဆို အဲ့မိုးစက်​​လေး​တွေက ကျွန်​​တော်​့ရဲ့စိုးရိမ်​
​သောက​တွေကို ​ေ၀မျှခံစား​ပေးကြလို့​လေ~

အဲ့တာ​ကြောင်​့ ကျွန်​​တော်​ မိုးကိုချစ်​တယ်​~~

"Baby သိပ်​မ​ပြေးနဲ့​လေ ​ချော်​​လဲ​နေဦးမယ်​!"

Butterfly(Completed)Where stories live. Discover now