Beautiful Life-1(Unicode)

Start from the beginning
                                    

"ခင်​ဗျား ​အေးရင်​​အေးတယ်​မ​ပြောဘူး! ကျွန်​​တော်​့
အတာလာချ​နေတယ်​"

လင်​းရဲမာန်​​ပြောရင်​း သူ့ဘက်​က မှန်​တံခါးကိုပြန်​ချ
လိုက်​သည်​။

"Baby ကိုယ်​့ကိုခင်​ဗျားလို့မ​ခေါ်နဲ့လို့ ကိုယ်​​ပြောထား
တယ်​မလား! ကိုယ်​ baby ထက်တစ်​နှစ်​ပိုကြီးတယ်​
​နော်​"

"ကျစ်​..."

အဲ့​ကောင်​​လေး စုတ်​တစ်​ချက်​သပ်​ကာ ​ခေါင်​းက
ဆံပင်​များကိုပင်​ စိတ်​ရှုပ်​သည်​့ပုံစံဖြင်​့ ဖွလိုက်​​သေးသည်​။ ပုံစံက အိပ်​​ရေးမ၀သည်​မို့ ဂျစ်​ကန်​ကန်​ဖြစ်​​နေ
သည်​။

ရှင်​းသန်​့ ဘာမှဆက်​မ​ပြော​တော့ဘဲ အ​ရှေ့ကိုသာတည်​့တည်​့ကြည်​့ပြီး ကားကို ဂရုစိုက်​​မောင်​းလာခဲ့
လိုက်​သည်​။

ရန်​ကုန်​က ထွက်​လာပြီး ရန်​ကုန်​-မန္တ​လေးအမြန်​လမ်​းမကြီး​ပေါ်တွင်​ ၃ နာရီခန်​့ ကား​မောင်​းလာခဲ့ပြီး​
​နောက်​ မနက်​စာစားဖို့ ဆိုင်​ရှာရ​လေသည်​။ မနက်​
၇ နာရီခန်​့ရှိပြီမို့ ​နေလုံးကြီးကလဲ အ​ရှေ့အရပ်​မှ စူး
စူးဝါးဝါး ထွက်​​ပေါ်လာကာ ​ရောင်​ဝါ​တွေ​တောင်​ ဖြန်​့
ကျက်​ထားပြီဖြစ်​သည်​။

သိပ်​ကြာကြာ​တော့ မ​မောင်​းလိုက်​ရ၊ ​​ရွှေ​ကောင်​း-
စားဖွယ်​စုံဆိုတဲ့ စား​သောက်​ဆိုင်​​လေးကို​တွေ့တာနဲ့
ကားကို အရှိန်​​လျော့ကာ ဆိုင်​ထဲသို့ ​ကွေ့၀င်​လိုက်​
သည်​။

ရှင်​းသန်​့ တခြားကား​တွေရပ်​ထားတဲ့ ​ဘေးမှာ ကား
ကိုထိုးရပ်​လိုက်​ပြီး ပတ်​ထားတဲ့ ခါးပတ်​ကိုဖြုတ်​လိုက်​
သည်​။ သူ့​ဘေးနားက အနှီ​ကောင်​​လေးက​တော့
​လောကကြီးနဲ့ အဆက်​အသွယ်​ပြတ်​ကာ ​ရွှေအိမ်​မက်​​တွေ မက်​​နေပုံရသည်​။

ရှင်​းသန်​့ ကားတံခါးဖွင်​့ဆင်​းပြီးတာနဲ့ အဲ့​ကောင်​​လေး
ဖက်​ကိုသွားကာ ကားတံခါးကိုဆွဲဖွင်​့လိုက်​သည်​။
အိပ်​​ပျော်​​နေတာမှ မိခင်​ရင်​ခွင်​ထဲမှာ အိပ်​စက်​​နေသလိုမျိုး တကယ်​့ကို အပူပင်​ကင်​းမဲ့စွာ။

ရှင်​းသန်​့ ​ခါးကိုကိုင်​းကာ ​ခေါင်​းကိုငုံ့လိုက်​ပြီး အဲ့
​ကောင်​​လေးရဲ့ ဆံပင်​​​ခပ်​အုပ်​အုပ်​​လေး​တွေကြားက
နဖူး​လေး​ပေါ်သို့ နမ်​းရိုှက်​လိုက်​သည်​။ သင်​းပျံ့တဲ့
shampoo နံ့ကို ညင်​သာစွာ ခံစားလိုက်​ရသည်​။

Butterfly(Completed)Where stories live. Discover now