➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

"မင်း မအိပ်သေးဘူးလား.."

Dinner ပြီးတော့ ညတောင်အတော်နက်နေပြီ.. sehun တစ်နေကုန်ပင်ပန်းထားတာမို့ ခြေလက်ဆေးပြီး ညအိပ်ဝတ်စုံလဲကာ ကုတင်ပေါ်တက်လိုက်ပေမယ့် ထိုကောင်လေးက ကုတင်ဘေးက စားပွဲမှာ ခေါင်းကငေါက်စိုက်...

"ဟင်.... အိပ်မှာပါ.. ကျနော်ဒါလေးတွေလုပ်ဦးမယ် .. ခင်ဗျား အိပ်ရင် အိပ်တော့လေ..."

Sehun ဘက်ကို တစ်ချက်ဘဲ ကြည့်ပြီး စာကြည့်စားပွဲက ပစ္စည်းတွေကြား အာရုံရောက်သွားပြန်တဲ့ ကောင်လေးကြောင့် sehun ခေါင်းကိုတစ်ချက်ခါလိုက်ကာ အိပ်ယာပေါ်လှဲလိုက်တော့သည်...

ဒီကောင်လေး အရွယ်တုန်းက sehun တို့လွတ်လွတ်လပ်လပ် ပျော်ရွှင်ခဲ့ရပေမယ့် ဒီကောင်လေး ကြည့်ရတာ ပင်ပန်းလိုက်တာ...

Sehun လည်းတစ်နေကုန်ပင်ပန်းထားတာမို့ မကြာခင်မှာဘဲ အိပ်ပျော်သွားတော့သည်...

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

Sehun နိုးနေကျ အချိန်တွေအတိုင်း နိုးလာတော့ ဘေးက အိပ်ယာက ကွက်လပ်...

မျက်လုံးကစားလိုက်တော့မှ စာကြည့်စားပွဲက မီးကိုတောင် မပိတ်နိုင်ဘဲ ထိုကောင်လေးက စားပွဲပေါ်မှောက်ကာ အိပ်ပျော်လို့်...

ဘာရယ်တော့မဟုတ်ပေမယ့် အနည်းငယ်တော့ စိတ်ပျက်သွားမိသည်....

စည်းမရှိ ကမ်းမရှိနဲ့... အိပ်ယာပေါ်တောင် တက်မအိပ်နိုင်တဲ့ထိ အလုပ်များနေတာလား .. အလုပ်များချင်ယောင်ဆောင်နေတာလား..

အစကတည်းက အလုပ်ဘဲ လုပ်ချင်ရင် အိမ်ထောင်မပြုနဲ့ပေါ့ကွာ....

"Tsk...မကြိုက်တဲ့အချက်တွေချည်းဘဲ "

အများကြီးညှိယူရမယ့် စိတ်ပျက်စရာနေ့ရက်တွေအကြောင်း sehun တွေးမိတာကြောင့် စိတ်ရူှပ်သွားမိသည်...

လောလောဆယ် တော့ မနက်ခင်းအားကစားလုပ်ဖို့ sehun အိမ်ကနေ ထွက်လာလိုက်တော့သည်..

ပြန်လာမှ ဒီကောင်လေးကို ပြောစရာရှိတာတွေ ပြောရဦးမည်...

မချစ်နှစ်သက်တဲ့သူတွေရဲ့ မင်္ဂလာဦးဟာ ဒီလိုဘဲ ထင်ပါရဲ့...

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

"♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ "

Ph က alarm သံကြောင့် Jongin အလန့်တကြား နိုးသွားသည် ..

"မနက် ၆နာရီ တောင်ထိုးပြီ.."

အိပ်ယာလွတ်ကြောင့် sehun ထသွားပြီဆိုတာ သိလိုက်သည်....

စားပွဲပေါ်မှာ ဖြစ်သလိုအိပ်မိထားတာကြောင့် ဇာတ်ခုလုံးက ကျဉ်တက်နေကာ နာလို့...

အေးစက်စက်လူကြီးကိုကြောက်လို့ အိပ်ယာပေါ်တက်မအိပ်လိုက်ခြင်းရဲ့ ရလာဒ်တွေပေါ့လေ...

Jongin များများစားစား မတွေးအား.. ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ် ရေချိုးပြီး အကျီကောက်လဲကာ အိမ်အောက်ဆင်းခဲ့တော့သည်...

Dinning Room ထဲကို ဝင်ခဲ့တော့...

"အကိုလေး.. မနက်အစောကြီးသွားတော့မလို့လား.."

Arjuma ကမေးလာတော့ jongin ပါမုန့်ကို မတ်တပ်ရပ်လျက်ဝါးနေရင်းနဲ့ပင်....

"အင်း...Arjuma.. ကျနော် သွားတော့မယ်..နောက်ကျလို့မဖြစ်လို့.. သူပြန်လာရင် ကျနော်သွားပြီလို့ပြောပေးနော်..."

ကမန်းကတန်း coffee ခွက်ကိုကောက်မော့ကာ စကားပြန်ကို တောင်မစောင့်နိုင်ဘဲ ပြေးထွက်သွားသော Jongin ကိုကြည့်ရင်း arjuma ခေါင်းခါမိပါ၏...

အကိုလေး sehun အိမ်မှာ လွန်ခဲ့တဲ့ နှစ်တွေကတည်းကအလုပ်လုပ်ခဲ့သူမိူ့ sehun အကြောင်းကိုသိနေတာကြောင့် ဒီအိမ်ထောင်ရေးအဆင်ပြေပါ့မလား စိုးရိမ်စွာတွေးလိူက်မိသေးသည်...

ဖရိုဖရဲနဲ့ ထွက်သွားတဲ့ jongin နောက်ကျောကိုကြည့်ရင်း arjuma ရင်မောစွာနဲ့ထုတ်ပြောမိတာ..

"အကိုလေး sehun က ဒီလိုပုံစံတွေ မကြိုက်ဘူး.."

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

Tbc....

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now