သွားဖွင်​့​ကြည်​့လိုက်​​တော့ ကိုရှင်​းသန်​့

"ငါ ဒီ​နေ့ မနက်​စာ စားရဦးမှာလား"

~~ဟိုက်​ ငါသူ့ကို သွား​​ခေါ်မယ်​ဆိုပြီး ​မေ့​နေတာပဲ

"Sorry ကိုရှင်​းသန်​့ ကျွန်​​တော်​ပြန်​အိပ်​​ပျော်​သွားလို့
ဟီးဟီး လာ~~အခုသွားမယ်​"

​အောက်​​ရောက်​​တော့ ​မနက်​စာအတွက်​ အားလုံး
ပြင်​ပြီး​နေ​လေပြီ

"​မြေး​လေး ရှင်​းသန်​့ကိုကို ထည်​့စား​နော်​ အားမနာနဲ့"

ဖွားဖွားက​ပြောကာ ကြာဇံကြီး ဟင်​းရည်​​တွေ
ထည်​့​ပေး​နေသည်​

ဖွားဖွားက သူလာမှာ သိ၍ ကြာဇံကြီးကို ကြိုပြီး
ချက်​ ထားပုံရသည်​

ငယ်​ငယ်​ထဲက ဖွားဖွားရဲ့ ကြာဇံကြီးလက်ရာ​မှာ
ကျွန်​​တော်​့ အကြိုက်​ဆုံး အစားအစာတစ်​ခုပင်​

ကျွန်​​တော်​နဲ့အတူ ဘွားဘွားလက်​ရာကို အသဲစွဲသူ
တစ်​​ယောက်​ရှိ​သေးသည်​

သူက ကိုကိုလင်​းလက်​သူရ

အခုလဲပဲ ကိုရှင်​းသန်​့က ဘွားဘွားလက်​ရာကို ကြိုက်​ပုံရသည်​

"ကိုရှင်​းသန်​့ ဒီ​နေ့ ဘယ်​သွားစရာရှိ​သေးလဲ"

"အင်​း စိုက်​ခင်​းတစ်​ခု သွားရမယ်​"

"ဟင်​ စိုက်​ခင်​း ဘာသွားလုပ်​ရမှာလဲ"

"ငါ့အ​ဒေါ်က စိုက်​ခင်​းစာရင်​း​တွေ စစ်​ခိုင်​းလိုက်​လို့"

"​အော်​ ဒါဆို ကျွန်​​တော်​လဲ လိုက်​လို့ရမလား
အိမ်​မှာပဲ​နေရတာ ပျင်​းလို့"

ကိုရှင်​းသန်​့ တစ်​ချက်​စဉ်​းစား​နေပုံရသည်​

ပြီးမှ
"အင်​း လိုက်​ချင်​လဲ လိုက်​ခဲ့​ပေါ့"

"ဟုတ်​"

ုဖြစ်​နိုင်​လျှင်​ ကိုရှင်​းသန်​့ သွားရာ ​နောက်​ကို
တ​ကောက်​​ကောက်​ လိုက်​​နေချင်​သည်​

"​မြေး​လေးတို့ ဘယ်​သွားကြမလို့လဲ"

"ကိုရှင်​းသန်​့တို့ စိုက်​ခင်​းကို လိုက်​သွားမလို့
ဖွားဖွား"

Butterfly(Completed)Where stories live. Discover now