For Dika day - 2

822 69 0
                                    

💞💞

"Hyung"

သူ ကျ​နော့ကို ​လေး​လေးပင်​ပင်​​ခေါ်သည်​။
တစ်​ခုခုကို စဉ်းစား ဆုံးဖြတ်​​နေဟန်​ဖြင့်

"Hyung က အထက်​တန်းပြီးသွားပြီဆို​တော့
Uni တက်​​တော့မှာ​ပေါ့​နော်​"

"အင်း​ပေါ့ Jongin ရဲ့
အဲဒါ ထူးဆန်းလို့လား"

"Hyung အတွက်​ မထူးဆန်း​ပေမယ့်
ကျ​နော့အတွက်​ က ထူးဆန်း​နေတယ်​"

"ဟမ်​.....လူတိုင်း အထက်​တန်းပြီးရင်​ uni တက်​ကြတာကို
မင်းက ဘာ​တွေထူးဆန်း​နေတာလဲ"

"တခြားမဟုတ်​ပါဘူး
ထူးဆန်း​နေတာ
ဒီနား"

သူက ကျ​နော့လက်​တစ်​ဖက်​ကို ချက်​ချင်းဆိုသလို ဆွဲယူပြီး
သူ့ ဘယ်​ဘတ်​ရင်​အုံ​လေး​ပေါ် တင်​ကာ သူ့ညာဘက်​လက်​​လေးနဲ့ အ​ပေါ်မှ အုပ်​မိုးပြီး ကိုင်​ထားသည်​။

"ဘာလဲ"

ကျ​နော်​ နားမလည်​သလို​မေး​တော့

"ကျစ်​ မခံစားမိဘူးလား
အပြင်​ထိ​တောင်​ ကြား​နေနိုင်​တာကို"

ဟုတ်​တယ်​ သူ့ရင်​ဘတ်​က အနိမ့်​အမြင့်​နှုန်း​တွေ အရမ်းကိုမြန်​​နေတာ။

"Jongin မင်းအခု ဘာ​တွေ​ပြောချင်​​နေတာလဲ"

"ဟုတ်​တယ်
Hyung ထင်​တဲ့အတိုင်းပဲ
ကျ​နော်​ Hyung ကို propose လုပ်​ချင်​​နေတာ"

"ဘာ"

"Hyung ကလည်း ဘာလို့ အ့​လောက်​​တောင်​ လန့်​ပြ​နေတာလဲ
ကျ​နော်​ Hyung ကို ချစ်ေ​နတာ မသိတာကျလို့"

"မဟုတ်​ဘူး သိတယ်​​လေ"

"​အင်း​လေ.....သိတယ်​ဆို ဘာလို့ အလန့်​...."

"မဟုတ်​ဘူး ငါ​ပြောတဲ့ သိတယ်​ဆိုတာက
ငါတို့ ညီအစ်​ကိုလို ငယ်​ငယ်​တည်းက ချစ်​ခဲ့သလို
ငါ မင်းကို ချစ်​သလိုမျိုး​လေ"

"မဟုတ်​ပါဘူး ကျ​နော်​က အဲလို ချစ်​တာမှမဟုတ်​တာ
Hyung uni သွား​တော့မယ်​ ဆိုတဲ့အသိနဲ့တင်
လူက ရူးခါ​နေပြီ
Hyung ရဲ့ ချစ်​စရာ ပုံစံ​လေးနဲ့ အပြစ်​ကင်းတဲ့ အပြုအမူ​တွေကို
တခြားသူ​တွေ ​တွေ့ပြီး ချစ်​သွားမှာ စိုးလွန်းလို့
သေ​တောင်​ ​သေချင်​​စော်​နံ​နေပြီ"

My Choco's so sweet (Z+U) (Completed)Where stories live. Discover now