အကို

26 3 0
                                        

အချစ်တွေဟာ
အဆုံးအစမရှိ
မျောလွင့်နေကြရင်သိပ်ကောင်းမယ်အကို

ဒါဟာတောင်းဆု တခုလို
ဖြည့်ပေးမဲ့သူရှိရင်
ပိုလို့တောင် ကောင်းနေဦးမယ်

ဒါမဲ့ ကျနော့် အချစ်တွေကတော့
အကိုနဲ့ပဲစ
အကိုနဲ့ပဲ အဆုံးသတ်ပီး
တနေရာထဲမှာပဲ
ရေသေတခုလို
ငြိမ်သက်နေခဲ့လေရဲ့

ရက်စက်တယ်လို့မစွပ်ဆွဲရက်ခဲ့ပါဘူး အကို
နေပျော်မယ်ထင်တဲ့ အရပ်ကို အဆင်ပြေသလိုထွက်သွားခဲ့တဲ့အကို့ ကို
ငါ နာကျင်သလို နာကျင်နေပါစေလို့ရယ်လဲ
ဆုတောင်း တေ မဆိုးပစ်ရက်ခဲ့ဘူး

ဒါဟာ ကျနော်ပိုင်ဆိုင်ရမဲ့အရာ
ကျနော့်အတွက် သေသေချာချာဖြစ်တည်ခဲ့တဲ့ ကိစ္စ
မဖြစ်မနေ ကျနော် လက်ခံပေးရမဲ့ အမှန်တရားမို့
အပြစ်ရှိသူဟာ အကိုဖြစ်နေရင်တောင်
အပြစ်ကို ခံယူမဲ့သူက
ကျနော်ပဲ ဖြစ်ချင်နေတုန်းပဲ

ရွက်ဟောင်းတွေကြွေနေတယ်အကို
ကျနော်တယောက်တည်း ရှိနေတုန်းပဲ အကို
ပြန်လာခဲ့ဖို့တောင်းဆိုဖို့အတွက်
ဘယ်တုန်းကမှ မကြိုးစားခဲ့ပါဘူး
ပြန်လာစေချင်တဲ့ ဆန္ဒ တေလဲ အများကြီးမရှိခဲ့ပါဘူး
လုံးဝမရှိဘူးဆိုရင် ကျနော် ညာတာမို့ပါ

နေသာရဲ့လား အကို
အပူကိုကြောက်တဲ့ အကို့အတွက်
နွေဦးက တအားပူလွန်းနေမှာ

ဘယ်နေရာမှာ ရှိနေမလဲဆိုပီး
မှန်းဆပီး လွမ်းတဲ့အလုပ်ကို ကျနော်မလုပ်ဖူးအကို
ကျနော်က အကို့ကို
ကျနော့်ရင်ဘတ်ထဲမှာ အချိန်ပြည့်ထည့်ထားသူမို့
မှန်းဆပီး လွမ်းရမဲ့အချိန်ကိုမရှိခဲ့တာ

အကိုရေ

ခင်ဗျားရဲ့
မောင်ဆိုတဲ့ ရှက်ဝဲဝဲ အသံနဲ့
ခပ်ဟဟ ရယ်သံတချို့ကို
သိပ်တောင့်တတယ်

ပြုံးမြနေတဲ့ မျက်ဝန်းလက်လက်တေနဲ့
ကျနော့် စိတ်ကို ဖတ်ဖို့ကြိုးစားတိုင်း
ကျနော့်ရဲ့ မောခဲ့ရတဲ့ ရင်တေကိုလည်း
ပြင်းပြင်းရှရှ ခုံမင်မိနေတုန်းပဲ

အရောင်ရောင်အမှားမှားနဲ့
အကျီပြောင်းပြန်စွပ်ပီး
ဆိုင်သွားမိတာရယ်

အကိုတို့ ဘက်ကိုထွက်တဲ့ ဘတ်စ်ကားပေါ်
သတိလက်လွတ်တက်လိုက်မိတာတွေရယ်

မိုးစိုမခံတဲ့ကိုယ့်ကိုယ်ကိုမေ့ပီး
အကိုနဲ့အတူပြေးဖူးသလိုမျိုး
မိုးရေထဲ လျှောက်ပြေးမိတာရယ်

စာစီရမဲ့ စာသားစာရွက်တေကို
စက္ကူ ဖြဲစက်ထဲကို ထည့်လိုက်မိတာတွေရယ်

ဖိတ်စာလာအပ်တဲ့ သားအမိကို မျက်နှာတွေကို သေချာမကြည့်ပဲ
သိပ်လိုက်ဖက်တဲ့ စုံတွဲပဲလို့ပြောမိတာတွေက လွဲလို့

သန်းခေါင်ကျော်အချိန်ကြီး
တပ်ဆင်ထားခြင်းမရှိဆိုတဲ့ ph no ကို အကြိမ်ကြိမ်ခေါ်ပီး
ကြိတ်ကြိတ် မျက်ရည်ကျမိတာကလွဲလို့
ကျနော် အကုန်အဆင်ပြေနေခဲ့ပါတယ်အကို

ကျနော်က ဘယ်သူမို့လဲ

အကို့ရဲ့ မောင်ပဲလေ

ကျနော်တို့က အဆုံးသတ်သွားတာလား
ဆက်ရန်မရှိတော့တာလား
Extra ထပ်ရှိသေးတာလား

ဇာတ်လမ်းတပုဒ်ဆိုရင်တော့
ကျနော့်က အကို့အတွက် ထာဝရ ရှိနေမဲ့ ဇာတ်ပို့

ချစ်တယ် အကို

ချစ်တယ်

အနားမှာရှိတုန်းက မပြောဖြစ်ခဲ့ပဲ
ခုမှ တဖွဖွ ရွတ်မိတဲ့ စကားလုံးက

အကို့ ကို ချစ်တယ်တဲ့

စချစ်မိတဲ့သူက ကျနော်ဖြစ်ပြီး
ဖွင့်ပြောတဲ့သူက အကို

ဖြစ်နိုင်ပါ့မလားလို့ တွေးမိတဲ့သူက ကျနော်ဖြစ်ပြီး
ထွက်ခွာသွားတဲ့သူက အကို

မေ့ပစ်မယ်လို့ ကြုံးဝါးခဲ့တဲ့သူက ကျနော်ဖြစ်ပြီး
မေ့ပစ်လိုက်တဲ့သူက အကို

ကျနော်တို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက အစတည်းကိုက ဖရိုဖရဲ နဲ့
အစီအစဉ်ကို ကျ မနေခဲ့ဘူးနော်အကို

ကျနော်ကတော့ ခင်ဗျားကို စူးစူးနင့်နင့် သတိရနေရင်းနဲ့
ကျနော် ရပ်တန့်နေခဲ့တယ် အကို

ခင်ဗျားကို တကြိမ်လောက်ဖြစ်ဖြစ် မြင်ခွင့်ရရင်တောင် ကျနော်က ကျေနပ်မဲ့သူမို့

တခါတလေလေးတော့ ခင်ဗျားအရိပ်လေးပြသင့်ပါတယ်ဗျာ

တခါတလေလေးတော့ ခင်ဗျားအရိပ်လေးပြသင့်ပါတယ်ဗျာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကဲ
ပထမဆုံး ဖန်တီး လိုက်ပီ

ကိုယ့်ရဲ့
Chanbake လေး

သတိလေးထာမိပေးရင် သိပ်ကောင်းမှာပဲရော

အကိုStories to obsess over. Discover now