Extra - ဝမ်ရှင်း🍬လီမင်🔞🌚

Start from the beginning
                                    

လီမင် လမ်းမှာ တွေ့တဲ့သူတိုင်းကိုလဲ ဂရုမစိုက် နိုင် အတင်းတွန်းဖယ်ကာ ဝေးရာဆီကိုသာ ပြေးထွက်လာခဲ့မိပါတယ်.....

လီမင် ပြေးလာခဲ့မိတာ ဘယ်လောက်တောင်
ကြာသွားလဲ မသိလိုက် ခြေထောက်တို့မှာ ထုံကျဉ်လာကာ ခြေလှမ်း တို့်မှာလဲ ယိုင်နဲ့လာခဲ့ပါ၏....

နောက်ဆုံးမှာတော့ လမ်းမအပေါ်သို့ လီမင် ခွင်ကျလို့ သွားရပါတော့သည်.....

လမ်းမအပေါ်သို့ ကျဆင်းသွားသော မျက်ရည် တို့ဟာ မည့်သည့်အဓိပ္ပါယ်ကို ဆောင်ကျဉ် နေသလဲဆိုတာ လီမင်ကိုယ်တိုင်တောင် မသိနိုင် တော့ပါချေ......

ဖြတ်သွားကျသော လူများက လီမင်ကို အရူးတစ်ယောက်သဖွယ် ကြည့်သွားသည့်ကိုလဲ လီမင်တစ်ယောက် မရှက်နိုင်အား.....

လီမင်၏ ငိုသံကြောင့် ထမ်လေးက နိုးလာခဲ့သည်ထင် ကျောပေါ်မှ အတင်းဆင်းလာကာ
လီမင်၏ ပါးပေါ်မှ မျက်ရည်တွေကို သူ၏ လက်ကလေးဖြင့် သုတ်ပေးနေပါ၏....

" မား....မငိုပါနဲ့..... "

ငိုမဲ့မဲ့ ဖြစ်နေသော ထမ်လေးကို လီမင်ပွေ့ဖက်လိုက် ရင်း.....ပါးပြင်ပေါ်က မျက်ရည်တွေကို လက်ဖြင့် သုတ်လိုက်ပါသည်.....

" မား....မငိုတော့ပါဘူး....."

လီမင် တစ်ယောက် လဲကျနေရာမှ ထလိုက်ပီး
ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ ပစ္စည်း တွေကို ကောက်ယူလိုက်ပါတယ်....

လီမင်....တက္ကစီ တစ်စီးကို ငှါးလိုက်ပီးအိမ်သို့ သာ ပြန်လာခဲ့ပါသည်.....

အိမ်တော်ထိန်း အား ထမ်လေးကို တစ်နေ့လောက် ထိန်းပေးပါလို့ ပြောပီး အခန်းထဲသို့ ဝင်ခဲ့ပါ၏....

လီမင် ဝယ်လာသော ပစ္စည်းတွေကို ကြမ်းပြင် ပေါ်သို့ ပစ်ချလိုက်ပီး ရေချိုးခန်း ထဲသို့ ဝင်လာခဲ့ပါတယ်....

ရေပန်းကို ဖွင့်ချလိုက်ပီး ထိုအောက်တွင် လီမင် ဝင်ထိုင်လိုက်ပါသည်....

မိမိကိုယ့်ကို ပြန်ပွေ့ဖက်ထားရင်း အေးစက်သော ရေစက်တွေကြား လီမင် တစ်ယောက် နွေးထွေး မှုကို တောင်းတနေမိပါတော့သည်....

ကားအမည်းရောင်လေး တစ်စင်းဟာ စံအိမ်တော်ကြီး အတွင်းသို့ တရွေ့ရွေ့ နဲ့ ဝင်ရောက် လာပါသည်......

Suicide { Complete }Where stories live. Discover now