ထယ်ယောင်းတို့ဘေးတွင်ရပ်နေသောအတွဲတစ်တွဲလည်းရှိလေ၏။

ထယ်ယောင်းတို့ရပ်နေသောရှေ့ခုံရှိအမျိုးသမီးကြီးက ဆင်းသွားလေတော့ ထယ်ယောင်းထိုင်ရန်ကြံလိုက်ပေမယ့်လည်း မိန်းကလေးဖြစ်သူကိုဦးစားပေးကာမထိုင်ပဲမတ်တပ်ဆက်ရပ်နေလိုက်သည်။

"ကိုကို ထိုင်လိုက်...ချစ်လေးမထိုင်တော့ဘူး"

"ချစ်လေးပဲထိုင်ပါ...ကိုကိုကရတယ်"

"ကိုကိုပဲထိုင်လိုက်ပါဆို"

ဟိုလူထိုင်ဒီလူထိုင်နှင့်ပြောနေသောထိုနှစ်ယောက်ကိုကြည့်ကာ ထယ်ယောင်း၏စိတ်ကောင်းစေတနာလေးများကြက်ပျောက်ငှက်ပျောက် ပျောက်သွားရ၏။

အခုချိန်ထိငြင်းခုံနေလို့မပြီးသောထိုနှစ်ယောက်မထိုင်သေးခင် ထယ်ယောင်းဝင်ထိုင်လိုက်တော့ မကျေနပ်သည့်အကြည့်တွေနှင့်....ထိုင်ဖို့လုပ်နေတာနားမလည်ဘူးလားဆိုသောအကြည့်တွေနှင့် ဘုကြည့်ကြည့်လာလေ၏။

မတတ်နိုင်....ရှိတဲ့စေတနာလေးကကုန်သွားပြီဖြစ်သည်။

သူ့ကိုကြည့်ကာ ခပ်ကြိတ်ကြိတ်ရယ်နေသော ဂျောင်ဂုထံမှအသံတစ်သံထွက်လာလေ၏။

"အဲ့တာပဲ မောင်စားအေးစားနဲ့...နောက်ဆုံးကြားကခွေးစားဆိုတဲ့စကားပုံကဒါပဲ"

ဟမ်..ဟမ်...ခဏ...အဲ့တာဆိုသူကခွေးဖြစ်သွားတာပေါ့

ထယ်ယောင်းမျက်ထောင့်နီကြီးနှင့်ကြည့်နေသည်ကို မမြင်နိုင်စွာ ထိုသကောင့်သားလေးက ခပ်ကြိတ်ကြိတ်ရယ်နေလေ၏။

နောက်မှရယ်နေရင်း ရုတ်တရက်တိခနဲရပ်တန့်သွားပြီးထိုင်နေသောသူ့ကိုငုံ့ကြည့်ကာ.....

"အယ်....Daddy မဟုတ် ကျွန်တော် အဲ့လိုပြောချင်တာမဟုတ်ဘူး Baby Hyung လေးရဲ့ ဟီးဟီး"

"မျက်စောင်းကြီးကလည်း....နဂါးဆိုပြာကျနေလောက်ပြီ အဟင်း"

ထယ်ယောင်းစိတ်ခြောက်ခြားစရာကောင်းလွန်းသောအပြုံးကြီးကိုပြုံးလိုက်တော့ အကြောက်ကြောက်အလန့်လန့်နှင့်ကြည့်လာလေ၏။

"ဘာ ဘာလုပ်မ မလို့လဲ Bay Baby hyung လေးရဲ့"

စကားတွေကအထစ်ထစ်အငေါ့ငေါ့တွေနှင့်......

 A Boy Named JeonJungKook [Completed]Where stories live. Discover now