' Renjun ငြိမ်ငြိမ်နေလေ '

တီးတိုး ပါးပါးသတိပေးတာမို့ ဟန်မပျက် လျှောက်နေရသည် ။

ခမ်းမထိပ်ရှိ ဖာသာရှေ့မှာရပ်နေသည့် Lee Jenoကတော့ အပြုံးတို့နှင့် ။

အေးပေါ့ သူမှမပူတာ ။

ပြုံးနိုင်မှာပေါ့ ။

ပန်းခင်းထားသည့် လျှောက်လမ်းမက နည်းနည်းချော်တာမို့ သတိထားကာ လျှောက်နေရသည် ။

ဒီကြားထဲ ခုံမှာထိုင်ကာ လက်ခုတ်လက်ဝါးတီးနေတဲ့ Hyuckကို မျက်နှာရိပ် မျက်နှာကဲနဲ့ အသံတတ်ကြိတ်ဆဲရသေး ။

ပါးပါးဆုတ်ကိုင်ထားသည့် လက်အား လွှဲပြောင်းကာ Jenoထံကမ်းပေးလိုက်တော့ နူးညံ့စွာဆုတ်ကိုင်လာသည် ။

ဒီလိုကျတော့လည်း ကြည်နူးစရာအကောင်းသား ။

' သတို့သား Lee Jeno '

' ဟုတ်ကဲ့ '

' သင်၏ကြင်ယာဘက်အပေါ် သက်ဆုံးတိုင် ချစ်ခင်ဆုံမက် မြတ်နိုးပါမည်လော '

' ဟုတ်ကဲ့ မြတ်နိုးပါမည် '

တည်ငြိမ်စွာ ဖြေကြားနေသည့် Jenoကို သူငေးစိုက်ကြည့်ဖြစ်သည် ။

Lee Jenoတကယ် ဒီကောင် သရုပ်ဆောင်ကောင်းတယ် ။

' သတို့သမီး Huang Ren Jun ၊ သင်၏ကြင်ယာဘက်အပေါ် သက်ဆုံးတိုင် ချစ်ခင်ဆုံမက် မြတ်နိုးပါမည်လော '

' …………… '

' Huang Ren Jun မြတ်နိုးပါမည်လော '

' ဗျာ '

အတွေးလွန်နေတုန်း ခေါ်လိုက်တာမို့ ပုံမှန်သံထွက်လာတဲ့ သူ့ကို Jenoက မျက်လုံးအနားတိုးကပ်ကာ သတိပေးသည် ။

' မေးနေတယ်လေ '

' ဟုတ်ကဲ့ ၊ မြတ်နိုးပါ့မယ် '

' သေတဖန်သက်တစ်ဆုံး ပေါင်းသင်းပါမည်လော '

' ဟုတ်ကဲ့ '

ရှေ့ကနေ Lee Jenoဖြေပြီးပြီမို့ နောက်ကနေ followလိုက်လိုက်သည် ။

' ဟုတ် ဟုတ်ကဲ့ '

' ဤအကြင်သူနှစ်ဦးသည် ဘုရားသခင်၏ ရှေ့တော်မှောက်၌ ကတိသစ္စာပြု၍ ထိမ်းမြားသည်ဖြစ်သဖြင့် ဘုရားသခင် ကောင်းချီးပေးပါစေ အာမင် '

ကျနော့်ယောက်ျား အမျိုးကောင်းသား [ကျနော့်ယောက်ျား အမျိုးကောင်းသား ]Where stories live. Discover now