Chapter 18

34.9K 2.8K 303
                                    

"အ့! အရမ်းအောင့်တာပဲ"

အခုတလော ရောဂါက ပိုပိုဆိုးလာမှန်း ကျွန်တော်ကိုယ်‌တိုင်လည်း ခံစားမိနေသည်။ ဖြည်းဖြည်းချင်း ကုတင်ပေါ်က ဆင်းလိုက်ကာ Yibo အိပ်ပျော်နေတာမို့ မနိုးသွားအောင် ဆိုဖာမှာပဲ လာထိုင်နေလိုက်ရတယ်။

Xiaozhan ခမျာ တတ်နိုင်သမျှ စိတ်ကို ငြိမ်အောင်ထားပြီး အသံမထွက်အောင် ကြိုးစားနေရသည်။ ဆိုဖာကိုမှီချပြီး မျက်လုံးကို မှိတ်ကာ ဘယ်ဘက်ရင်အုံကို ဖိထားနေရသည်။

ထိုအချိန် ရုတ်တရက် ကျွန်တော့်လက်ကို လှမ်းဆုပ်လာပြီး နဖူးကို ငုံ့နမ်းလာတာကို ခံစားရတာကြောင့် မျက်လုံးကို အားယူပြီး ဖွင့်ကြည့်လိုက်မိတော့...သူ။

"Yibo မင်း နိုးသွားတာလား"

"အင်း။ နေလို့မကောင်းဘူးလား။ ငါ ဘာလုပ်ပေးရမလဲ"

"ရတယ်။ ခဏပဲ ပြီးရင်ပျောက်သွားလိမ့်မယ်။ ပြန်သွားအိပ် ဘာမှမဖြစ်ဘူး"

ကျွန်တော် သူ့ဘေးဝင်ထိုင်လိုက်ပြီး Night lamp မီးပျပျအောက်မှာ Xiaozhan ကိုမြင်ရတာ အရမ်းကို နာကျင်နေပုံရသည့်အပြင် ကြိတ်ခံနေပုံရတာကြောင့် ဘာလုပ်ပေးရမှန်းမသိ။ သူ့ရောဂါကို ဘယ်သူ့ကိုမှ သိစေချင်ပုံ မရတာကြောင့် ကျွန်တော် မသိချင်ယောင်သာ ဆောင်ပေးနေရသည်။

ဒုတ်!

ဘာလို့ ကျွန်တော် ရင်တွေခုန်နေလဲ တကယ် နားမလည်။ အခုနောက်ပိုင်း ကျွန်တော့်စိတ်တွေ ရှုပ်ထွေးလာသည်။ အစက သူ့ကို ကာကွယ်ချင်ရုံသက်သက်ဆိုတာ သေချာပြီးသား။ ချစ်တာ ရင်ခုန်တာ မရှိ။

သူ ကျွန်တော်တို့ စခန်းကို စရောက်လာတဲ့ညကထဲက ကျွန်တော့်စိတ်တွေ မရှင်းမလင်း ဖြစ်လာနေတာပင်။

ကျွန်တော် သူ့ကို ချစ်မိနေတာများလား။ ဘယ်တုန်းက ဒီလိုမျိုး ပြောင်းလဲသွားလဲတောင် နားမလည်တော့။ အဲ့ဒါကြောင့် ဟိုညက သူနဲ့လီယိုသာ တစ်ခုခုဖြစ်ရင် ဘယ်သူ့ကို ကယ်မှာလဲဆိုတာတောင် မဖြေနိုင်ခဲ့တာပင်။ အရင်ကသာဆို လီယိုပဲလို့ ဖြေမိမှာ။ အဲ့ညက ကျွန်တော် တကယ် ဘယ်သူ့ကိုလဲဆိုတာ ရှုပ်ထွေးနေခဲ့တာ။ ကျွန်တော်တော့ တကယ့်ကို နောက်ထပ် ချစ်ရသူနဲ့လည်း ခွဲခွာဖို့ ကံပါလာပြန်ပြီ ထင်ပါတယ်။

You're Only Mine [Completed]Where stories live. Discover now