Chapter-2 (သားကောင်ထွက်ပြေးရန်ကြိုးစားခြင်း)

Start from the beginning
                                    

"ရှေ့တိုးမလာနဲ့နော်...."

JK က ခဏရပ်လိုက်ပြီး ထိုကောင်လေးရဲ့ မျက်နှာ
အသေးစိတ်ကို စက်ဆုပ်ပြီးရွံစရာ အကြည့်တွေနဲ့
ကြည့်လိုက်သည်။

"အဟက်!!မင်း ငါ့ကို အဲ့လောက်ထိတောင် ကြောက်တာ
ပဲလား???"

"ဟင့်အင်း...!!ငါမင်းကို မကြောက်ဘူး...!!!
မင်းရှေ့ထပ်တိုးရင် ငါမင်းကို ကတ်ကြေးနဲ့ ထိုးမှာ!"

မျက်မှန် မတပ်ထားတော့ KTH က ဟိုလူကို
အရိပ်ပုံ သဖွယ်မှုန်ဝါးဝါးသာ မြင်ရသည်။

"မင်း က မင်းဦးလေးလို သိပ်စွာတဲ့ကောင်ပဲ!!
အဲ့လိုမှန်းသိ မနေ့ညက တခါထဲ အဆိပ်နဲ့ တင်သေသွား
ရမှာ!!မင်း ကံကောင်း လို့ ပန်းတွေအားလုံးနီးပါးက
အတုတွေနဲ့ မှားပြီးဝယ်လာခဲ့မိလို့!
မဟုတ်ဘူး..အဲ့ပန်းဆိုင်က လူတွေဆီ အလိမ်ခံလိုက်ရလို့..မဟုတ်ရင်..မင်း!!"

"ဘာ!!!မင်း ဘာပြောလိုက်တာလဲ???
ဒါ....ဒါဆို...နင်က...ငါ့ကို သတ်မလို့ပေါ့လေ....
ငါမင်းကို ဘာများ လုပ်မိလို့ အခုလိုမျိုးလုပ်ရတာလဲ??"

"မင်း...ဘာ အမှားလဲဟုတ်လား???
အဲ့အမှားက အရမ်းကြီးတယ်....မင်းတို့အမှားက
တကယ်ပြန်ပြင်လို့ ရတဲ့ အမှားမဟုတ်ဘူး...''

"အာ့ဆို...ပြောလေ...မင်း...မင်း ငါ့ဆီက
ဘာလိုချင်လို့လဲ??ပိုက်ဆံတွေလား??ဘာ ပစ္စည်းတွေ
လိုချင်လို့လဲ??ငါအကုန်ပေးမယ်.."

jk ထိုစကားကို ကြားသည်နှင့် ဒေါသတို့ ငယ်ထိပ်
ရောက်သွားသည်။

"ပိုက်ဆံ ဟုတ်လား???..မင်းကို လွတ်ပေးဖို့
မင်း ကငါ့ကို ငွေတွေပေးမယ်ပေါ့လေ..
အဟက်!!မင်း ပိုက်ဆံနဲ့ ငါ့ရဲ့ ဆုံးရှုံးမှုတွေကို ဘယ်တော့မှပြန်ဝယ်ပေးလို့ ရမှာ မဟုတ်ဘူး...
သိပ်ကို အထက်တန်းစားဆန်ပြီး  ရွံစရာကောင်းတဲ့
အတွေးအခေါ်တွေပဲ!!!"

"ဘာ!!!ဒါဆို..မင်းငါ့ဆီက လိုချင်နေတာဘာများလဲ??"

"စဉ်းစားလေ...သိပ်ကို စဉ်းစားစရာပဲ!!!
မင်းနောက်ပိုင်းကျ တဖြည်းဖြည်းနဲ့ သဘောပေါက်သွား
မှာပါ....ငါလိုချင်နေတာ ဘာလဲလို့ပေါ့.."

My Boyfriend is A Psycho🔥🔥by Christine_bunny(Vkook Yaoi)Where stories live. Discover now