"ခဏလေး နေကြပါဦးဗျ။ ကျွန်တော်နားမလည်ဘူး"

XiaoZhan သူတို့ကို တားမှ ရတော့မယ်။ ရောက်လာကတည်းက သူမသိတဲ့စကားတွေ ပြောနေတာ။

"ကျွန်တော့်ကို သေချာရှင်းပြပေးလို့ရမလား။ ဘာလို့ Yibo ကို Korea ကို ပို့မှာလဲ"

"သား သူ့ကို မမြင်ချင်မှာ စိုးလို့"

ခုနက ပါးစပ်ပိတ်သွားတဲ့ ဝမ်မာမားက သူ့ကို အဖြေပေးတယ်။ ဒါပေမယ့် ဒီအဖြေကပဲ သူ့ကို စိတ်ရှုပ်စေပြန်တယ်။

"ဘာလို့ ကျွန်တော်က သူ့ကို မမြင်ချင်ရမှာလဲ"

"အဲဒါက....အဲကိစ္စနဲ့ မင်းသူ့ကို မုန်းနေခဲ့တာမို့လို့"

သူ့လက်ထဲက file က ပိုပြီး လေးလာသလို ခံစားရတယ်။ အထဲမှာ ဘယ်လိုကိစ္စတွေ ပါလဲ မသိပေမယ့် သူစိတ်ချမ်းသာစရာဖြစ်မှာ မဟုတ်တာတော့ သေချာတယ်။

ဝမ်မာမားက ဆက်ပြောတယ်။

"Yibo က အခု အရင်လို မဟုတ်တော့ဘူး။ သူ ဆေးကုသမှု သေချာခံယူပြီးတဲ့နောက်မှာ အန္တာယ်မရှိတဲ့ သာမန်ဆယ်ကျော်သက်ကလေးတစ်ယောက်ပါပဲ။ ဒါပေမယ့် သားနဲ့ ပြန်တွေ့ပြီးမှ ခွဲထားလိုက်ရင် သူပြန်ဆိုးသွားနိုင်တယ်"

"ခဏလေး အန်တီ"

XiaoZhan သူမကို လက်ကာပြလိုက်ရင်း အတင်းတားလိုက်တယ်။ သူတို့ ဘယ်လောက် ရှင်းပြပြ သူ့အတွက်တော့ နားမလည်နိုင်အောင် ရှုပ်ထွေးနေဆဲပဲ။

"ကျွန်တော် ဒီ file ကို အရင်ဖတ်ပါရစေ။ ပြီးခါမှ အန်တီတို့နဲ့ ဆက်သွယ်ပြီး စကားဆက်ပြောလို့ ဖြစ်မလား"

"အဲလိုပဲ လုပ်ကြတာပေါ့။ မင်း ဘာမှ မမှတ်မိတဲ့အချိန်မှာ ဆုံးဖြတ်လို့ အဆင်မပြေဘူးဆိုတော့။ Yibo ကိုတော့ ဦးတို့ ပြန်ခေါ်သွားလိုက်မယ်"

WangJiuHan က သူနဲ့ သဘောတူတယ်။

"အဲဒါဆို နောက်တစ်ပါတ်မှ တွေ့ကြတာပေါ့"

အခန်းအပြင်ရောက်တော့ ဝမ်မာမားက သူမယောက်ျားကို မေးတယ်။

"ကျွန်မတို့ ဒီလိုလုပ်တာ Yibo အပေါ် မတရားသလို ဖြစ်မနေဘူးလား။ XiaoZhan လည်း အဲဒီကိစ္စတွေ မေ့နေပြီကို"

You Are My LifeWhere stories live. Discover now