_8_Merry Christmas

Beginne am Anfang
                                    

###########

Day 1

" နင်... အနီရောင်ပေးမှာ သေချာလား..."
နိုရာ မေးတော့ ပိုပို ခေါင်းကို ဆတ်ကနဲ့ငြိတ်ပြလိုက်သည်။

" အနီရောင်ကြီးက မကောင်းဘူးထင်တယ်နော်"
" ကောင်းတယ်... ချမ်းချမ်းက အသားဖြူတော့ အနီရောင်နဲ့လိုက်တယ်... "

"အေးပါ... အေးပါ... "

ဘယ်လောက်မှ မကြာလိုက်... ပိုပိုဆီက ငြီးငြူသံထွက်လာသည်။

" အား... မုန်းလိုက်တာ ဘာလို့ အဲ့လောက်ခက်နေရတာလဲ... "

DAY 2

" တော်ပြီ မထိုးတော့ဘူး... "

လွှင့်ပစ်လိုက်ပြီးမှ ပိုပို ခပ်လှမ်းလှမ်းက ကောင်မလေးအုပ်စုကို ငေးမိသည်။ သော်တာတင့် လက်ထဲမှာလည်း သူမအရောင်နဲ့ ခပ်ဆင်ဆင်အရောင် မဖလာထိုးလက်စကို မြင်လိုက်သည်။

" သော်တာတင့်လည်း နင်နဲ့ဆင်တူအရောင်ဝယ်ထားတယ်... ခိုင်သဇင် ​ပြောတာတော့... သူလည်း ရေချမ်းကို ပေးဖို့ဆိုလား..."

ပိုပို နှာခေါင်းရှုံ့ကာ ပစ်ထားတဲ့ ထိုးလက်စ မာဖလာ တစ်ထွာသာသာလေးကို သွားကောက်လိုက်သည်။ ဖြည်ရအုံးမယ်... နောက်တစ်ခေါက်...

Day 3

" ဘယ်လိုလုပ်ရမလဲ... Christmasက ၁ပတ်တောင်မလိုတော့ဘူး..."

ပိုပို အရာမယွင်းတဲ့ ချည်လုံးကို စိတ်ပျက်လက်ပျက် ကြည့်ကာ ငြီးလိုက်သည်။

Day 4

" မိန်းမ... ဟိုမှာ ကြည့်စမ်း... မင်း... သမီး ချည်ထိုးနေတယ်... "

ဒေါ်မူယာပို မီးဖိုချောင်ပေါက်ဝကနေ ဧည့်ခန်းထဲကို လှမ်းချောင်းကြည့်လိုက်သည်။ နှဖူး ​ကြောတွေ တွန့်နေအောင် ချည်ထိုးနေပုံက... စိတ်ပါလက်ပါနဲ့... ဒါပေမယ့်... အဲဒီ ချည်လုံးတွေ အပ်တွေနဲ့ မြင်တာ ၃ရက်လောက်ရှိပြီ... အခုထိ တစ်ထွာတစ်မိုက်လောက်ကနေ​မတက်သေး... အရင်က သူမ သင်ပေးမယ်ဆိုတုန်းက အသည်းအသန် ငြင်းခဲ့တဲ့ ကောင်မလေးက အခုတော့ စိတ်အားတွေ ထက်သန်နေပါ့လား...
" မီးပို ချည်တွေထိုးနေပါ့လား... "

" ဟုတ်... "

​​ဖြေ ပြီး ခေါင်းပြန်ငုံ့သွားတဲ့ သမီးဖြစ်သူကို ဒေါ်မူယာပို သဘောကျသွားသည်။

Something Called First loveWo Geschichten leben. Entdecke jetzt