ရှောင်မာမားက သူ့ရှေ့က သားနှစ်ယောက်ကို အကဲခတ်သလိုကြည့်ကာ တပြုံးပြုံးနဲ့ ။

" ကျန့်ကျန့် နင်ဘယ်တော့ မိန်းမယူမှာလဲ "

မဆီမဆိုင်ထမေးသော မာမားကြောင့် ရှောင်းကျန့်မှာ မျက်လုံးပြူးရ၏ ။

" မားကလဲ ဘာတွေပြောနေတာလဲ "

" မင်းနဲ့တစ်ခါလိုက်လာတဲ့ ဒီဇိုင်နာမလေးလား ၊ သူသာဆိုလဲ မဆိုးဘူးနော် "

ထမင်းစားနေရင်း ရုတ်တရက်တန့်သွားတဲ့ ရိပေါ်ကိုကြည့်ကာ ရှောင်းကျန့်ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလို ဒိန်းခနဲ ။ သွားပါပြီ မာမားက ဆေးထိုးတာမဟုတ် ဆေးပိုက်ပါချိတ်ပစ်လိုက်ပြီ ။ သူ့ကို ကလိလိုက်ရလို့ ကျေနပ်သွားတဲ့ မာမားက ရယ်ချင်ပက်ကျိနဲ့ ။

" မားကလဲ ပေါက်ကရတွေ ၊ ကျွန်တော်က မိန်းမ မယူဘူး ယောက်ျားယူမှာပါဆို "

ရှောင်းကျန့်က စကားကိုခနရပ်သည် ။

" ဟုတ်တယ်မလား ရိပေါ် "

" အဟွတ် အဟွတ် !! "

" ဟဲ့ ဟဲ့ အော် သားရယ် ဖြည်းဖြည်းစားပါ "

စားနေရင်း ရုတ်တရက်ထသီးတဲ့ ရိပေါ်ကို ရှောင်းကျန့် ရေအမြန်ယူပေးတော့ ရိပေါ်က သူ့ကိုဂျိုကြည့် ကြည့်လာသည် ။ မျက်နှာတစ်ခုလုံး စတော်ဘယ်ရီသီးလေးလို နီရဲတွတ်နေသည့် ရိပေါ်ကို ရှောင်းကျန့်ရယ်ချင်လာသည် ။ ပါပါးနဲ့မာမားကတော့ ပြုံးစိစိတွေနဲ့ ။

" ညစာအတွက် ကျေးဇူးတင်ပါတယ် ၊ ကျွန်တော် နဲနဲပင်ပန်းနေလို့ အရင်တက်နှင့်တော့မယ် "

ရိပေါ်က နောက်လှည့်မကြည့်စတမ်းနှင့် ထမင်းစားခန်းကနေ ပြေးတော့မှ သူတို့သုံးယောက်သား အသံထွက်ကာ ရယ်မိကြသည် ။

" မာမားလုပ်တာနဲ့ ရှက်သွားပြီ တွေ့လား "

" အမလေးတော် ငါလမ်းဖောက်ပေးတာကိုပဲ ဖြောင့်အောင်လျှောက်စမ်းပါ ... အသက်ကဖြင့် နေဖင်ထိုးတော့မယ် ရည်းစားလေးတစ်ယောက်တောင် ရအောင်မလိုက်နိုင်သေးဘူး အံ့ဩဘ ! "

အရှိုက်ထိသွားသည့် ရှောင်းကျန့်က သူ့မာမားကို မဲ့ပြကာ ရှက်သွားပြီဖြစ်သည့် ကောင်လေးနောက် လိုက်ဖို့ထလိုက်သည် ။

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Opowieści tętniące życiem. Odkryj je teraz