Part 12

3.2K 157 10
                                    

ရင်ခွင်လမင်း

အပိုင်း (၁၂)

#ရင်ခွင်လမင်း

"မေမေရေ..."

"အင်း..ပြီးပြီ .."

"မြန်မြန်လုပ်ပါ..မီးမီး ကို သနပ်ခါး လိမ်းပေးရအုံးမယ်လေ..."

"အင်းပါ လာပါပြီ.."

မိသားစု အပြင်လျှောက်လည်မယ်ဆိုတဲ့ အသိနဲ့ သမီး က နေ့တိုင်းနေ့တွေထက် ပိုပျော်ပြီး အရာရာ တက်ကြွနေသည်..။

"မေမေ..ဒီဂါ၀န် ၀တ်ရမှာလား.."

"အင်း.."

"မေမေ က ဒါ ၀တ်မှာလား.."

သမီး ကို ရေသုတ်ပေးရင်း သူ စပ်စုသမျှကိုလည်းဖြေပေးနေရသည်..။

ဒီနေ့ကျမှ စောစော ထလိုက်လို့လား မသိဘူး ခေါင်းတွေ ပိုနောက်နေသလိုပင်..။

"ထိုင် သနပ်ခါးလိမ်းမယ်.."

"ဟုတ်..."

သမီးက သနပ်ခါးလိမ်းဖို့ ထိုင်လိုက်တော့ ဝေ ရေစို အ၀တ်တွေကို အ၀တ်တန်းပေါ် လွှားတင်လှန်းလိုက်သည်..။

"ဖေဖေရေ...မောင်မောင်လေးကို မုန့်ကျွေးနော် ငိုနေပြီ.."

သမီးက သူ့ အဖေကို အခန်း၀ က ခေါင်းထုတ်ပြီး ဆရာလုပ်ခါ ပြောနေပြန်ပြီ...။

"ကဲလာ ဆရာမ ထိုင်.."

မျက်လုံးစုံမှိတ်ပြီး ခေါင်းမော့ပေးနေတော့ ဝေ ပြုံးရင်း သမီးပါးလေးကို သနပ်ခါး တင်ပေးလိုက်သည်..။

မနက်စောစော ကတည်းက ထပြီး သွားဖို့ချည်းပြောနေတာ..အခုတော့ ဆယ်နာရီကျော်လာပြီ ပြင်လို့ ဆင်လို့ မပြီးနိုင်သေး...။

"ဖေဖေ..."

"ဝါး...အင်း ပြောသမီး.."

"ဖေဖေ ပြန်အိပ်နေတာလား.."

"အိပ်ရေးမဝသေးဘူး.."

"မီးမီးတို့ လုပ်ပြီးပြီ ဖေဖေ က အိပ်နေတုန်း ထပါ.."

အိပ်ရေးမ၀လို့ အိမ်ရှေ့ ဧည့်ခန်းက ကြမ်းပြင်မှာ ဒီတိုင်းလှဲ အိပ်နေတဲ့ သူ့ကို သမီးက ပခုံးဆွဲထူပြီး ပြောနေသည်..။

"အမ်းပါ...မေမေ ပြီးမှ လာနိုး...သူ က ပြင်မှာဆင်မှာ တစ်လကြာမယ်..သွားသွား..မီးမီး..ပြောအုံး..."

ရင်ခွင်လမင်းWhere stories live. Discover now