17

2.3K 102 5
                                    

Lisa  ကိုရီးယားကိုပြန်ရောက်တော့ Mr Im ကလာတွေ့ရှာသည်...။ omma  သတင်းကြားပြီး လိုက်လာတာတဲ့...။ မပြောမဆိုနဲ့  ရှယ်ယာတွေထုတ်ရောင်းမိတဲ့အတွက် အထပ်ထပ်တောင်းပန်ရှာသည်...။ ပြီးတော့ ဒီဇိုင်းပေါက်ကြားတာမသကာင်္စရာကောင်းတဲ့အကြောင်းသက်သေတွေနဲ့ပါပြလာသည်။

*အဟတ် Bobby  ရာနင်ယောကျာ်းကြီးဖြစ်ပြီး *

Mr Im  ကတော့ထပ်ခါထပ်ခါတောင်းပန်ရှာသည်။
ဖြစ်ပြီးသွားပြီပဲ တောင်းပန်တော့လဲဘာထူးမှာလဲ...? တစ်ခုပဲစိတ်မကောင်းတာက omma  အနှစ်နှစ်အလလဦးဆောင်ခဲ့တဲ့ Company  ကိုကိုယ့်လက်ထက်မှာဆုံးရှုံးလိုက်ရတာကိုပဲ...... အခုလဲ omma  ချန်ထားတဲ့ရှယ်ယာတွေနဲ့တင် Lisa  စားမကုန်လောက်အောင် လုံလောက်နေပါပြီ...။ ဒါပေမယ့် ဒီတိုင်းနေလို့မဖြစ်သေး...သူမမှာ သမီးလေးရှိနေပြီမဟုတ်လား?  Company  လုပ်ငန်းတော့မလုပ်ချင်တော့...စိတ်ရော လူရောအရမ်းပင်ပန်းရတဲ့အလုပ်မို့လား?  သူမစိတ်ချမ်းချမ်းသာသာလေးပဲနေချင်ပါသည်...။

အခုဆို သမီးလေးကို ကျောင်းလဲထားပေးပြီးပြီး  ...  သူမကတော့ ဘာအလုပ်လုပ်ရမှန်းမသိတော့ သမီးလေးကိုကိုယ်တိုင်  အကြိုအပို့လုပ်ပေးနေရသည်...။

အခုလဲ Ella  လေးကိုကျောင်းပို့ပြီး အပြန်  အရင်က Lisa  နဲ့အလုပ်တွဲလုပ်တဲ့ NONAGON's CEO  ကပြောစရာရှိလို့ဆိုပြီး သူချိန်းထားတဲ့နေရာကိုသွားနေတာပါ...။

"ဘာကိစ္စပြောမလို့ပါလိမ့်..."

ချိန်းထားတဲ့နေရာရောက်တော့... ကောင်တာမှာထိုင်နေတဲ့ မိန်းကလေးနှစ်ယောက်ပိုမေးလိုက်တယ်...

"Jay ဆိုတဲ့သူရောက်ပြီလားမသိဘူး..."

"Arr... Mrs lalisa လားမသိဘူး"

"ဟုတ်ပါတယ်"

"Mr Jay ကပြောထားပါတယ်ရှင့် ဒီဘက်ကိုကြွပါ..."

Lisa  လဲသူတို့ပြတဲ့နေရာအတိုင်း လိုက်သွားလိုက်သည်။ ဆိုင်က  သီးသန့်ခန်းတွေအများကြီးကိုဖြတ်ပြီှး နောက်ဆုံးတစ်ခန်းမှ Jay  စောင့်နေတဲ့အခန်းကိုရောက်တော့တယ်...

*အရေးကြီးပြောစရာများရှိလို့လား သူသူကိုယ်တိုင်သီးသန့်တွေ့တာဆိုတော့"

ပိုင်ဆိုင်ခွင့်လေး(Unicode Ver)Where stories live. Discover now