~ဟမ်​ ကိုရှင်​းသန်​့ကိုကို~

မျက်​ခုံးထူထူ နှာတံချွန်​ချွန်​ ​မေးရိုးကားကား ဆံပင်​
ကို ​ဘေးဘက်​သို့ လှန်​ဖီးထားသဖြင်​့ မျက်​နှာမှာ
နာမည်​နှင်​့လိုက်​​အောင်​ ရှင်​းသန်​့ကြည်​လင်​​နေသည်​
မိုးပြာ​ရောင်​ရှပ်​အကျႌလက်​ရှည်​ ​လေးနှင်​့ ပုဆိုးမှာ
အပြာကွက်​စိတ်​​လေး ၀တ်​ထားသည်​

ကြည်​လင်​​သောအသားအ​ရေနှင်​့ ၀တ်​စားထားသည်​မှာ အလွန်​ပင်​လိုက်​ဖက်​လှပြီး ခန်​့ညားတည်​ငြိမ်​မှုကို
​ဆောင်​​နေသည်​

"သား ဆရာ့ကို အ​ပေါ်​ခေါ်သွား​တော့​လေ"

​မေ​မေ​ပြောမှ သတိပြန်​လည်​လာကာ အ​ရှေ့က ခပ်​သုတ်​သုတ်​ပင်​ အ​ပေါ်ထပ်​သို့တက်​ခဲ့မိသည်​

********

သူ ခန်​့ညားလှ​သော နှစ်​ထပ်​ တိုက်ကြီး​ထဲသို့
၀င်​လိုက်​သည်​နှင်​့ အနည်​းငယ်​ ခပ်​၀၀ ခပ်​ပြည်​့ပြည်​့
အန်​တီကြီးတစ်​​ယောက်​ ထိုင်​​နေသည်​ကို ​​တွေ့လိုက်​
သည်​

ထိုအန်​တီကြီးမှ သူ့ကို​တွေ့လိုက်​သည်​နှင်​့

"​သားကရှင်​းသန်​့ကိုကိုလားကွဲ့
လာထိုင်​ဦး​လေသား
အန်​တီက မင်​းအ​ဒေါ်နဲ့ပဲ​​တွေ့​ဖူးတာ အခုမှမင်​းကို
​တွေ့ဖူးတာကွဲ့"

"သား​ရေ မင်​းဆရာလာပြီ"

"သားရှင်​းသန်​့​ရေ မင်​းညီ​လေးက စာက အညံ့ကြီး
​တော့မဟုတ်​ပါဘူးကွဲ့ ဒါ​ပေမယ်​့ အန်​တီက အန်​တီ့သားကို ထူးထူးချွန်​ချွန်​နဲ့ အမှတ်​​ကောင်​း​ကောင်​း​လေး ​အောင်​​စေချင်​လို့ပါ ဒါမှလဲ သူတက်​ချင်​တဲ့
နိုင်​ငံခြားဘာသာသင်​ တက္ကသိုလ်​ကို တက်​လို့ရမှာ"

"ဟုတ်​ကဲ့ ကျွန်​​တော်​အတတ်​နိုင်​ဆုံး​တော့ လမ်​းညွှန်​
​ပေးပါ့မယ်​"

မကြာခင်​ အ​ပေါ်ထပ်​မှ ​ကောင်​​လေးတစ်​​ယောက်​
ဆင်​းလာ​လေသည်​

ကာတွန်​း​ဘောင်​းဘီ ဒူးပြတ်​နှင်​့ ဆွယ်​တာ
အဖြူ​ရောင်​​လေးကို ၀တ်​ထားကာ ဆံပင်​မှာ ရှုပ်​ပွ​နေသည်​့အပြင်​ ဆွယ်​တာလက်​နှစ်​ဖက်​မှာ ရှည်​ထွက်​​နေ​၍ လက်​နှစ်​ေ​ချာင်​းကိုပင်​ ဖုံး​နေသည်​

Butterfly(Completed)حيث تعيش القصص. اكتشف الآن