မို့ ဗိုက်ဆာလို့ အ၀တ်အစားလဲပြီး အောက်ထပ်ဆင်းခါနီး ပြန်ကြည့်လိုက်တော့ သူတို့နှစ်ယောက် တစ်ယောက်ပန်းကန် တစ်ယောက် ထည့်ပေးရင်း ကြည်နူးနေကြတာ..။
မို့ မရင်ဆိုင်ရဲသေးပါ...
မြတ်က သူနဲ့ လာစားဖို့ ခေါ်ရင် သူနဲ့ အကြည့်ဆိုင်မိပြီး လူရှေ့သူရှေ့ ငိုမိမလားတောင် မသိ.။
မို့ရှေ့မှာ အပြန်ပြန်အလှန်လှန် အကြည့်ချင်း ဖလှယ်နေကြရင်ရော...
“အဟင့်..”
ကုတင်ပေါ် ပြန်ပစ်ထိုင်ပြီး အပြင်ကိုသာငေးနေမိတာ ဗိုက်ဆာတာတောင် ပျောက်သွားရသည်..။
လည်ပင်းရှည်ပြီး ပြန်ငုံ့ကြည့်တော့  ကမ်းခြေဘက်ကို လျှောက်သွားကြပြီ....။
တော်ပါသေးရဲ့...ဗိုက်ဆာနေတာ...။
မို့ အ၀တ်တွေက နေပူပူမှာ ထူလွန်းနေတော့ ဂါ၀န် လက်ကြိုးချည်လေး ပြန်လဲလိုက်ရသည်..။
အကျီ င်္ ပန်းရောင်နဲ့တိုက်ပြီး ဖိနပ်အပါး ပန်းရောင်လေး ထုတ်ပြီး ၀တ်ခါ အိတ်ကလေးကို ကောက်လွယ်လိုက်၏။
“ဟုတ်တယ်...ဘာမှ မဖြစ်ဘူး..နှစ်ယောက်စလုံး ငါ့ သူငယ်ချင်းတွေပါပဲ..”
မို့ အိတ်ကြိုးလေးကို လက်နဲ့ ချိတ်ပြီး အခန်းပြင်ထွက်လာခဲ့လိုက်သည်..။
လှေကား ငါးထစ်ဆင်းပြီးတော့ သူက မျက်နှာချင်းဆိုင်က တက်လာတော့ မို့ အပေါ် ပြန်ပြေးရမလား မသိချင်ယောင် ဆောင် ရမလား မတွေးတက်တော့ပါ...။
သူက မော့ကြည့်ပြီး ဆက်တက်လာတော့ မို့လည်း ခေါင်းငုံ့ပြီး ဆက်ဆင်းလာလိုက်သည်..။
ဆန်နီ သူ့ကိုတွေ့လိုက်လို့ ပျော်သွားရပေမဲ့ ၀တ်ထားတဲ့ ဂါ၀န်ကြောင့် စိတ်တိုမိပြန်သည်..။
ဒီလောက်ရေနစ်ထားပြီး ဖျားချင်နေတဲ့ သူက လက်ကြိုးချည်ဂါ၀န် ပါးပါးလေး၀တ်ပြီး ရှိုးပြချင်နေတာလေ...။
ဆန်နီ မသိချင်ယောင်ဆောင်ပြီး တက်လာပေမဲ့ သူ အရင် နှုတ်ဆက်မလားလို့ နားစွင့်ထားမိသည်...။
ကျေးဇူးတင်ပါတယ် မကြားရပဲ... ဘေးချင်းယှဉ်သွားချိန် ပခုံးကို ရုတ်ပြီး ရှောင်ဆင်းသွားတော့ တင်းပြီလေ..။
“ဟေး..”
“ဟင်..”
နောက်လှည့်ကြည့်လိုက်တော့ ငါးထစ်ကျော်တောင်ကွာသွားအောင် ပြေးဆင်းသွားတာလား..ခုန်ချသွားတာလား..။
ဆန်နီ ပြန်ပြေးဆင်းပြီး သူရပ်နေတဲ့ လှေကားထစ်မှာ ခြေစုံရပ်လိုက်သည်..။
“ပြောစရာများ မရှိဘူးလား..”
“ဟင်..”
ကြောင်တောင်တောင်ပုံစံ နဲ့ မော့ကြည့်နေတာ ပြောစရာမရှိသည့်ပုံစံပင်
“နေကောင်းရဲ့လား..”
“ဟင်..အင်း..”
“အိုကေ..”
ဆန်နီ ပြန်လှည့်ပြီး တက်လာရင်း ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်မိသည်..။
ရွှေမင်းသမီး ဆီက ကျေးဇူးတင်ပါတယ် မျှော်လင့်မိတဲ့ သောက်ရူးတစ်ကောင်...။
“ဟို...အကို..”
“အင်...”
“ဟို...ဟို...ဘာမှ မဟုတ်တော့ဘူး..”
မို့ အသက်ကိုကယ်ပေးလို့ ကျေးဇူးတင်ပါတယ် ပြောဖို့အားတင်းထားပေမဲ့ သူ့ အကြည့်တွေ မို့ ဆီ ရောက်လာတိုင်း စကားလုံးတွေက မထွက်နိုင်တော့ပါ..။
“ဘာမှ မဟုတ်ရင် ဘာလို့ခေါ်လည်းကွ..”
ဆန်နီ ဒေါသကြောင့် အသံမြှင့်မိသွားတော့ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ကြည့်နေတာ အသက်တောင် ရှုရဲ့လားမသိ..။
ကျောခိုင်းပြီး ခြေဆောင့်တက်လာတာတောင် ဒေါသကလျော့မသွားနိုင်သေး...။
ဒီလို လူတန်းစားက ဘယ်မှာလာပြီး ကျေးဇူးသိတက်မလည်း..။
ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းပြောဖို့တောင် အဆင့်အတန်းချင်း တူမှ ပြောချင်ကြတာ...။
တောက်...ဒါရိုင်ဘာဆိုတော့ စကားရွေးနေသေးတယ်..ကျေးဇူးတင်စရာ မလိုဘူးဆိုတာမျိုး.။
ဒီလိုမှန်းသိရင် ပြေးမကယ်ပါဘူး..သေအောင်ပစ်ထားလိုက်ရမှာ...။
ဆန်နီ အခန်းထဲရောက်တော့ တံခါးပိတ်ပြီး ပြတင်းပေါက်ဆီလျှောက်သွားလိုက်သည်..။
“.အဲဒါတွေ ရွံဖို့ကောင်းတာ..”
ဟိုကောင်က ဘာအကာအကွယ်မှ ၀တ်မထားသည့် ပခုံးသားကိုကိုင်ပြီး ငုံ့ကြည့်ခါ တွဲခေါ်သွားတော့ ဆန်နိ အကြည့်လွဲပစ်လိုက်သည်..။
.
“မို့...ဘာဖြစ်လို့လည်း..”
“လာလေ...တစ်ခုခုစား..ဘာစားချင်လည်း..”
မို့ စီစီ နဲ့ ရီလေး ကို ခေါင်းရမ်းပြရင်း နေမျိုးတို့ဘက်ကို ကြည့်ခါ..
“မို့ ပြန်ချင်တယ်..နေမျိုးတို့ နေအုံးမလားဟင်..”
“ပြန်ချင်လို့လား..”
“အင်း..”
မို့ခေါင်းညိတ်လိုက်တော့ နေမျိုးက ပြုံးရင်း.
“ပြန်မှာပေါ့ မို့ရဲ့..ဘယ်တော့ ပြန်မလည်း..”
“ရီလေး တို့ နေ့လည်စာ စားပြီးရင်လေ..”
“အိုကေ...”
“ကဲ...ကဲ....စားသောက်ပြီးရင် ဒိုးကြမယ်...ဟိုနှစ်ကောင် ပစ္စည်းတွေ သိမ်းပြီး ကားပေါ်တင်ထား မင်းတို့ အမြဲ နောက်ကျတယ်..”
“တကယ်ကြီးလား..”
“ဟမ်..ပြန်မှာ..”
“ဟာ..တစ်ရက်လောက်တော့ နေပါအုံးကွာ..”
“နေချင်ရင် ကျန်ခဲ့လိုက်လေ..”
အားလုံးမျက်နှာတွေက အလိုမကျစွာ ရှုံ့မဲ့နေသလို မို့ ရင်ထဲမှာ သူ့အော်လိုက်သံက ပဲ့တင်ထပ်နေသည်..။
မနေချင်တော့ဘူး..မခံစားနိုင်တော့ဘူး.. မတွေ့ချင်တော့ဘူး...။
.
“ဒေါက်..ဒေါက်..”
“ဟင်..”
ဆန်နီ တံခါးသွားဖွင့်လိုက်တော့ မြတ်က အခန်း၀မှာ အထုတ်အပိုးတွေနဲ့ ရပ်နေသည်..။
“ပြန်ကြမယ်တဲ့ အကို..”
“ဟင်...ခုလား..”
“အင်း..”
“...ကိုယ် ပစ္စည်း သိမ်းပြီး ဆင်းခဲ့မယ်..အခန်းခက..”
“မြတ်ရှင်းပြီးသားပါ..”
“ကျေးဇူးပါ ညီမ..”
ဆန်နီ ကားပေါ်ရောက်တော့ ဘက်မှန်ကတစ်ဆင့် နောက်ကားကို ကြည့်ပြီး စုရပ်နေတဲ့ သူတွေကြားမှာ သူမကိုတွေ့တော့ ငေးနေမိသည်..။
ရှပ်အပွင့် အဖြူနဲ့ ဂျင်းဘောင်းဘီ ၀တ်ထားတဲ့ သူမက အားလုံးထဲမှာထင်းလို့...။
“သောက်မှတ်ကို မရှိဘူး..”
ဆန်နီ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ရှေ့ကို ပြန်ကြည့်နေလိုက်သည်..။
“ရလား..မြတ်..”
“ရတယ်...အကို ထည့်လိုက်ပြီ..”
“မြတ်တို့ အရင် ထွက်နှင့် မယ်..”
“လူမလာတော့ဘူးလား..”
“အင်း..မို့ က နောက်ကားကပဲ လိုက်မယ်တဲ့..”
“သြော်..”
ဆန်နီ ကားစက်နှိုးလိုက်ရပေမဲ့ ရင်ထဲမှာ ဟာတာတာ ဖြစ်နေရသည်..။
အလာတုန်းက အိပ်ပျော်နေတဲ့ သူမလေး မျက်နှာကို ငေးပြီး ကားမောင်းရတာမို့ မမောနိုင် မပန်းနိုင် ဖြစ်နေပေမဲ့ အခုတော့ ကားစက်နှိုးရုံ ရှိသေးလူက နှုံးနေပြီ..။
သြော်...ဒုက္ခ....ဒုက္ခ..... ဆန်နီ..ရူးများသွားပြီလားကွာ....။
ပုသိမ် မ၀င်ခင် နောက်ကားပါမလာလို့ ရပ်စောင့်နေရသည်..။
ဖုန်းဆက်တော့ ဆက်သွယ်ရေးပြင်ပရောက်နေသည်မို့ တစ်နာရီလောက် စောင့်တော့ မှ ကားကို ပြန်မြင်ရပြီး အရှိန်ကလည်း ၂၀သာသာ မောင်းနေသည့်ပုံစံမျိုး..။
ဆန်နီတို့ကား အနားရောက်တော့ ကားကို ထိုးရပ်ချိန် မြတ်က ဆင်းသွားသည်..။
“ဘာဖြစ်လို့လည်း..”
“မို့ မရဘူး..မူးနေပြီ...နင့်ကားမှာထားလိုက်ပါ..”
“အင်း..လာ..မို့..”
မြတ်တွဲခေါ်လာပေမဲ့ မို့ နောက်ခန်း တံခါးကိုသာ ဖွင့်လိုက်သည်..။
“မရဘူး..ရှေ့မှာထိုင်မှ သက်သာမှာ...”
“ရတယ်..”
“မရပါဘူးဆို..”
မြတ်က ကားရှေ့တံခါးကို ဖွင့်ပြီး မို့ ကို သေချာနေရာချပေးပေမဲ့ မို့မှာတော့ ဝေဒနာ တိုးရသည်..။
“မို့ မှီထားနော်...ခဏနားမလား..”
“ရပါတယ်..မြတ်ရယ်..မောင်းပါ..”
မြတ်ကို နာမည်တပ်ပြီး ပြောမှ ဘေးက သူက ကားစက်နှိုးသည်..။
“ညီမ ဖိနပ်ချွတ်ထားပါလား..”
“ဟင်..”
မို့ကို ပြောတာလား မသေချာခင် သူက ကုန်းပြီး  မို့ ရဲ့ လေးလက်မကျော် ဒေါက်ဖိနပ်ဆီ လက်ရောက်လာတော့ ခြေထောက်ရုတ်လိုက်ရသည်..။
“ရတယ်..မို့ ဖြုတ်ပါမယ်..”
သူက ခေါင်းညိတ်ပြီး ကားကို သော့ပြန်ဖွင်ခါ စထွက်တော့မှ မို ရင်ခုန်တာတွေ လျော့သွားရသည်..။
အဲဒါကြောင့် ရှေ့မှာ မထိုင်ချင်တာ..သူ ရိုးသားပေမဲ့ ကိုယ် မရိုးသားတော့ ရင်ခုန်နှုန်းမြန်တဲ့ ဝေဒနာ အသစ်တွေဖြစ်ရတယ်လေ...။
“ဟာ..မြတ်..”
ဆန်နီ အလန့်တကြားခေါ်မိပြီး နောက်လှည့် ကြည့်လိုက်မှ  အိပ်ပျော်နေသည်..။
ဘယ်လိုလုပ်ရပါ့မလည်း...အရှေ့က နေမကောင်းတဲ့သူက ခေါင်းဆိုက်နေတော့ ကားကို အရှိန်လျော့ပြီး လမ်းဘေးကပ်ရပ်လိုက်ရသည်..။
“ရရဲ့လား..”
“အင်း..”
မျက်နှာလေး တစ်ခုလုံး နီနေပြီး ဝေဒနာ ခံစားနေရတာတောင် တစ်ရှုးတွေဆွဲထုတ်ပြီး သုတ်နေတော့...
“မသုတ်နဲ့ ထားလိုက်လေ..”
“ဟို..”
“ရတယ်..”
ဆန်နီ ကားပေါ်က ဆင်းပြီး သူ့ဘက် တံခါးကို ဖွင့်ခါ အခင်းဖြုတ်ယူပြီး ရေသန့်ဘူးနဲ့ ရေဆေးချပေးလိုက်သည်..။
“ခြေထောက်ထုတ်လိုက်.”
“ဟင်..”
ကြောင်တောင်တောင် ကြားတားတား လုပ်နေတာ စိတ်မရှည်လို့ ဖြူနုနေသည့် ခြေခုံလေးကိုဆွဲယူခါ ရေဆေးချလိုက်တော့ မျက်လုံးပြူးနဲ့ မော့ကြည့်ပြန်၏..။
“ဘာစားထားလည်း..”
မျက်လွှာချလျက် ခေါင်းရမ်းပြတော့ ဆန်နီ စိတ်ရှုပ်ရပြန်ပြီ.. မနက်ထဲက ဘာမှ မစားရသေးပဲ အန်ချည်းနေတာ..အားပျက်မှာပေါ့...။
“နေအုံး..”
ကားနောက်ခန်းဖွင့်လိုက်တော့ စားစရာနဲ့ တူတာ ဘာဆို ဘာမှ မရှိ...။
“ ရှေ့မှာ ဆီဆိုင်နဲ့ တွဲဖွင့်တဲ့ မီနီမားကပ်ရှိတယ်...အခုတော့ ရေသောက်ထားလိုက်နော်.”
“ဟင့်အင်း..”
“ဘာလို့လည်း..”
“အန်မှာစိုးလို့..”
‘အစာမရှိမှတော့ ပိုဖြစ်မှာပေါ့ကွ..”
“အဟင့်..မအော်ပါနဲ့..”
ငိုသံနဲ့ အတူ မျက်နှာငုံ့ပြောတော့ ဆန်နီ ပျာပျာသလဲ ဖြစ်သွားရခါ..
“မငိုနဲ့...မငိုနဲ့....ဆောရီးပါနော်...”
“မို့ကိုဆို အော်ဖို့ချည်းပဲ...”
မျက်လုံးနီလေးနဲ့ ဆောင်ပေပေကြည့်ပြီး ပြောတော့ ဆန်နီ ရင်ထဲ လှိုင်းဖြစ်သွားရသည်..။
“ဘာဖြစ်လို့လည်း..မို့..”
“ဘာမှ ဖြစ်ဘူး..အန်တာ..”
“ဟင်..”
“မလာနဲ့တော့ ပြီးသွားပြီ..”
“ဆောရီး..မို့ရယ်..မြတ်လည်း အိပ်ပျော်သွားလို့..”
“နေရာပြောင်းမယ်..”
ကားတံခါးကို ဆောင့်တွန်းဖွင့်ပြီး ဆင်းသွားတော့ မြတ်က နေရာရွေ့ပေးသည်..။
“သွားပါ...ရှေ့ကို..”
“ဟင်..”
“နောက်မှာအေးဆေးနေချင်လို့..”
ဆန်နီ ပြုံးလိုက်မိသည်... ဂရုတစိုက်စောင့်ကြည့်နေတဲ့ အကြည့်တွေအောက်မှာ အေးဆေးနေနိုင်မှာပါကွာ...။

☆━━━━━━━━━━━━━━━☆

ဇာတ်လမ်းက ရေမျောနေပြီလား မသိ🙈
ရေးတာပဲ 😜
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

နန်းထိုက်ပန်းမို့Where stories live. Discover now