Part 7

2.6K 136 2
                                    

နန်းထိုက်ပန်းမို့
အပိုင်း (၇)
နန်းထိုက်ပန်းမို့

“ဟင်...”
ဆန်နီ ပစ္စည်း အချိန်မမှီမှာ စိုးလို့ အရှိန်တင်မောင်းပြီး ကွေ့ရှောင်ခြင်းကိုသာ အဓိက အာရုံစိုက်နေချိန် ရုပ်ရှင် ရုံ
ရှေ့မှာ ကွေ့နေတာ သူ့ကား...။
နောက်ကြည့်မှန်ကို လက်နဲ့ ရွေ့ပြီး ဆက်ကြည့်လိုက်တော့ ကားဘေး မှာ ဂျင်းဖြူ ရှပ်ကို ဂျင်းပြာ ပေါင်လယ် ဘောင်းဘီထဲ ထည့်ခါ အကျီ င်္နောက်စကို ထုတ်ထားသည်..။
သူ့လက်စွဲတော် ကျောပိုးအိတ်ကလေးကို ပခုံးတစ်ဖက်မှာ လွယ်ထားပြီး မျက်မှန်အနက်ကြောင့် စတိုင်က မြင့်လွန်းနေသည်..။
ဆန်နီ အကြည့်တွေကို ဟွန်းသံဆီပြန်ပို့လိုက်ပေမဲ့ သူ့ပုံရိပ်က ပျောက်မသွား..။
သူကတော့ မေ့လို့ သူငယ်ချင်းတွေနဲ့ ပျော်ပါးနေပေမဲ့ ဆန်နီကတော့ ညအိပ်ယာထဲရောက်လို့ အလုပ်အကြောင်းတွေးလို့ ကုန်တာနဲ့ လက်ဖျံကို ကြည့်ပြီး ရယ်မိတာ ညတိုင်းပါပဲ...။
ဒီထက်လည်း ပိုပြီး မပတ်သက်ချင်မိပါဘူး...ဒီလောက်နဲ့ပဲ ကျေနပ်ပါသည်...။
.
“ဆန်နီ..”
“ဗျာ..”
“နင့်ဖုန်းက တတီတီ နဲ့ ဘာဖြစ်နေတာလည်း..”
“မသိဘူးလေ..”
“ကြည့်အုံး..”
ဖုန်းက ဒုက္ခပေးလိုက် ကားက ဒုက္ခပေးလိုက်နဲ့ ဆန်နီ စိတ်မရှည်လို့ အမေ လာပေးတဲ့ ဖုန်းကို အသံပိတ်ပြီး အိတ်ထဲထည့်ခါ ကားဆီ ပြန်ရောက်လာရသည်..။
ကားသော့ထည့်ပြီး လှည့်တိုင်း တစ်မိနစ်လောက်ကစားပြီးမှ ပွင့်လို့ စိတ်က တကယ်မရှည်..။
နေ့ခင်းပိုင်း အော်ဒါ မရှိတုန်း ဒီကိစ္စ အပြီး ရှင်းဖို့ ကြိုးစားနေချိန် ဖုန်းက တစ်မှောင့်..
ဆန်နီ့ ဖုန်းကလည်း ဖုန်းခေါ်တာက လွဲပြီး မက်ဆေ့ ၀င်လို့ကတော့ ဘယ်တော့မှ အပြေးအလွှားမကြည့်ဖြစ်..။
ကြည့်စရာလည်း မလိုဘူးလေ...ဘေလ်ကုန်လို့ ထည့်ခိုင်းမှာရယ်...အမ်ပီ ကြော်ငြာတွေရယ်...ဒါပဲ ၀င်နေကျဆိုတာ သိပြီးသား..။
“အဟ...ရပြီ..”
ကားသော့ တစ်ချက်တည်းနဲ့ လှည့်လို့ ရသွားမှ ဆန်နီ လက်ကို ရေဘုံဘိုင်မှာ ဆေးပြီး အိမ်ပေါ်တက်လာခဲ့လိုက်သည်..။
ဖုန်းအလှည့်ရောက်ပြီမို့ အိတ်ထဲက ဖုန်းကို ထုတ်ပြီး ကြည့်လိုက်တော့ အမုန်းတော်ခံ အမ်လီတူး က မဟုတ်ပါ...။
“ဟိုင်း..ဆိုပဲ..”
စာပြန်ဖို့ စိတ်မ၀င်စားပေမဲ့ ပရိုဖိုင် ပုံက မျက်မှန်နဲ့ ကောင်မလေးပုံမို့ လူကြီးလူကောင်းပီသစွာ ပြန်ဟိုင်းလိုက်ပါသည်..။
စာပို့ပြီး တစ်စက္ကန့်တောင်မကြာလိုက် နေကောင်းလား ဆိုတာ ဆက်လာတော့ ဘယ်တုန်းက ရိုက်ထားပါလိမ့်တွေးရင်း လက် ပင်ပန်းမှာစိုးလို့ ဟုတ် တစ်လုံးသာ ပြန်ပြောလိုက်ပြီး စာဖတ်ဖို့ဖေ့ဘွတ်၀င်တုန်း ရှိသေး..
“စားပြီးပြီလား..”
“ကျစ်...ဒုက္ခပါပဲ...မစားရသေးဘူး ပြောရင်လည်း ဘာဖြစ်လို့လည်း..ဘာလည်း ဆက်လာမယ်..စားပြီးရင်လည်း ဘာဟင်းလည်း နည်းနည်း ကျွေးမလား လာအုံးမယ်...အခုချိန် ဦးပေါ်ဦးသာ ရှိရင် ဘယ်လို ဖြေမလည်း..”
“အဟ..”
တိုင်ကီဘေးမှာ ဆန်ရေဆေးနေတဲ့ အမေ့ဆီ အကြည့်ရောက်သွားပြီး..ပြုံးရင်း
“ချစ်သူက ဆန်ဆေးတုန်းမို့..”
ဆန်နီ ထင်တဲ့ အတိုင်း  စာမပြန်တော့လို့ အသံထွက် ရယ်မိခါ စာအေးဆေး ဖတ်ဖို့ ပြန်၀င်လိုက်ပေမဲ့..
“တီ..တီ..တီ...တင်..တင်..”
“ဟ...ဘာဖြစ်တာလည်း..အကောင့် ဟက်ခံရတာလား..”
ဖုန်းမှာ မက်ဆေ့တွေ တစ်ခုချင်းမဟုတ် ဆက်တိုက်ကို ၀င်လာတော့ ဆန်နီ မျက်လုံးပြူးပြီး ပြန်၀င်ကြည့်မိသည်..။
“ချစ်သူ ရှိတာလား..”
“မထင်ရဘူးနော်..”
“ ချောမှာပေါ့..”
“ဘယ်တုန်းက
“ ဘယ်မှာတွေ့ကြတာလည်း.”
‘တူတူနေကြတာလား.”
“သူ့ဆီမှာ ထမင်းစားတာလား..”
“သူက သိတက်တာပေါ့..”
“ဟာ...ဘယ်က အဘွားကြီး အတင်း၀င်ရောနေတာလည်း မသိပါဘူးကွာ..”
ဘလော့ဖို့ကလည်း ပရိုဖိုင်ပုံလေးကို ကြည့်ပြီး အားနာတာနဲ့ နိုဖီအော့ဖ်ပြီး စာဖတ်နေလိုက်သည်..။
စာမပြန်လို့ ဘလော့ချင်လည်း ဘလော့သွားပါစေ...။
“ဆန်နီ..”
“ဗျား..”
“ရေလာဖြည့်..”
“ဟွင့်..ကိုကျော်ဖေ မကောင်းဘူးပြောပြီး  ယောက်ျား ပင်ပန်းမှာတော့ စိုးတယ်နော်..”
“ခွေးကောင်..နင့်အဖေ့မဟုတ်ဘူးလား..”
“ဟုတ်ပါတယ်...အမေပဲ ပြောတာလေ..”
“တယ်...လုပ်မြန်မြန်..”
ဆန်နီ အင်တာနက်ကို ကပျာကယာ ပြန်ပိတ်ပြီး အိမ်ပြင်ထွက်လာရသည်..။
အမေက အိမ်ရှေ့ မှာ ရေသုံးဖို့ ထုတ်ထားသည့် နေရာက အမိုးကိုကြည့်ပြီး နှုတ်ခမ်းမဲ့ခါ..
“မိုး မကုန်ခင် တာပေါ်လင် တစ်စလောက်၀ယ်ချူပ်ထားအုံးမှ..ဒီနေရာ မှာ အလုပ်လုပ်ရတာကျယ်ကျယ်၀န်း၀န်း ရှိတာ..အိမ်ထဲမှာဆို နှာခေါင်းပေါက်ရယ်..”
ဆန်နီ တို့ အိမ်ကလည်း ပြောစရာများလောက်အောင် အိမ်ခန်း တစ်ခန်းနဲ့ ပြည့်နေတဲ့ ရှည်လမျောအိမ်..အပေါ်ထပ်မှာလည်း အိပ်ခန်း တစ်ခန်း နဲ့ လှေကားတက်ဖို့ နေရာလွတ်နည်းနည်းသာ ရှိသည်..။
မီးဖိုခန်းလို သတ်မှတ်ထားတဲ့ အခန်းကျဉ်းမှာတော့ အိမ်ရဲ့ လူပျိုလောင်းလျာ မန်နီက အပိုင်သိမ်းပြီး ထမင်းစားပွဲက သူ့ စာအုပ်စင်ဖြစ်နေသည်..။
အမေကလည်း မီးဖိုခန်းမှာ ထမင်းမချက်ပဲ ရေနဲ့ နီးတဲ့ အိမ်ရှေ့ အပြင်ဘက်ကို ချက်ပြုတ်စရာ အကုန်ပို့ထားလိုက်တာ..ဧည့်သည်များ ခေါ်လာမိရင် နောက်ဖေး နဲ့ အိမ်ရှေ့မှားသလိုမျိုး အိမ်မျက်နာစာမှာ ရှိတဲ့ ဒန်းခုံမှာ ဒန်အိုးမှောက်လျက်သား..ဆားဆနွင်းဘူးတွေကလည်း အစီအရီ...။
မီးဖိုခန်း မရှိတော့ ထမင်းဘယ်မှာစားလည်းမေးလာရင်...
မိသားစု ထမင်းဝိုင်းရယ် မှ မရှိတာပဲ...ရောက်တဲ့လူ ထမင်းပုံ ဟင်းပုံပြီး စားချင်တဲ့နေရာစားနေကြတာလေ...။
ဧည့်ခန်းဆိုတဲ့နေရာမှာ သစ်သားခုံ သုံးခုံနဲ့ စားပွဲ တစ်ခုံတည်းတင် နေရာပြည့်နေပြီ...
တီဗီကို မိသားစု လူကုန်ကြည့်မယ်ဆို နှစ်ယောက်က လည်လိမ်ကြည့်ရမဲ့ ခုံနှစ်ခုံက တီဗီနဲ့ ဆန့်ကျင်ဘက်ရောက်နေရသည်ကိုး..။
တီဗီရှေ့နေရာ ကျယ်လေး တစ်နေရာ ရှိပါသည် ထမင်းစားလည်း ဒီနေရာ တီဗီကြည့်လည်း ဒီနေရာ မို့ ဟန်တော့ကျသည်
ညဆို တီဗီကြည့်ရင်းထမင်းစားဖြစ်သည်..
ညဘက်နောက်ကျရင်တော့ ထမင်းကို စားချင်တဲ့နေရာတိုးစားပေတော့ ထိုနေရာမှာအမေက အိပ်ယာခင်းပြီး အပိုင်သိမ်းထားပြီလေ...
ဆန်နီ အိမ်ထဲကို တစ်ချက်ဝေ့ကြည့်မိတာ တွေးစရာပြောစရာများတာမို့ သက်ပြင်းခိုးချရင်း ကန်ထဲက ရေကို တိုင်ကီထဲ သယ်ထည့်နေလိုက်သည်..။
“အမေကလည်း ရေပိုက်လေးဆင်ပါဆို မဆင်ဘူး...သားလက်မောင်းကို ကြည့်အုံး တစ်နေ့တစ်နေ့ လူက ရေသယ်ရတာ ဝိတ်မသမားဖြစ်နေပြီ..”
“အောင်မလေး..သူများတွေ ပိုက်ဆံအကုန်ခံပြီး ကစားနေရတာ..နင် ငါကောင်းလို့ အခုလို ဖြစ်လာရတာ..”
“အမေ့သားကျတော့ ဘာလို့ မခိုင်းလည်း.”
“ဟဲ့ ကလေးကိုးဟဲ့..”
“ကလေး..ကျွန်တော့် ကိုကျတော့ ၅တန်းတည်းက ကန်မမှီပါဘူးဆိုတာ အတင်းရေခပ်ခိုင်းတယ်...ဒင်း အခု ၈တန်းဗျ...၈တန်း..”
“သောက်စကားမများနဲ့ မခပ်နိုင်ထားလိုက်..”
“အခုမှတော့ ခပ်နိုင်ပြီပေါ့..”
“ဒါဆို နင်က ဘာလို့ ညီးတွားနေလည်း..”
“ငယ်တဲ့ အချိန်တွေ ပြန်သွား ပြီးရင် ရေမခပ်ခိုင်းနဲ့ ဒါဆို ကျွန်တော့် လက်မောင်းလည်း မကြီးတော့ဘူး..သေးသေးသွယ်သွယ် မင်းသားစတိုင်ပဲ ဖြစ်မှာ..”
“မင်းသားစတိုင်...နင်က မင်းသားဖြစ်မလား..ငါ့သားငယ်ဆို ဟုတ်တုတ်တုတ်...”
“ဒါပဲ..ကျွန်တော့်ကို မင်းသားနဲ့ တူလို့ ကြွေနေတဲ့ ကောင်မလေးတွေ အများကြီး..ဒီမှာတွေ့လား ကားမိုးလင်းမိုးချူပ်မောင်းရင်တောင် မဲမသွားတဲ့အသားအရည်..အော်ရီဂျင်နယ် ဘယ်လောက်ဖြူလည်း မြင်ယောင်ကြည့်စမ်းပါ..”
ဆန်နီ လက်ကိုရှေ့တိုးပြတော့ အမေ က လိမ်ပဲဆွဲလိုက်သည်..။
“ဘယ်သွားရမှာလည်း..”
“ကျောက်မြောင်းဘက်..”
“နင် အဲဒီ့ ဘက်ကိုချည်း ခဏခဏနော်..ဘာလည်း ရည်းစားရှိနေပြီလား..”
“အထင်ကြီးလွန်းနေပြီ ရည်းစားရှိလည်း အိမ်လိုက်လာပြီးရင် ပြန်ပြေးမှာပဲ..”
“တကယ်ချစ်ရင် အိမ်ကို မကြည့်နဲ့ မှာထားပေါ့..”
“ဟား..ဟား..မဆိုးဘူး အဲ့ဒီ့ အကြံလေး...”
ဆန်နီ ရေဖြည့်ပေးခဲ့ပြီး ကားပြန်ထွက်လာခဲ့လိုက်သည်...
မဆိုင်တဲ့ လမ်းကြောင်းကို ပတ်မောင်းပြီ ရုံ ရှေ့ရောက်တော့ကြည့်မိပေမဲ့
သူ့ကားလေး မရှိတော့ပါ...။
.
“မို့..”
“ဟင်..”
“ချောင်းသာက ပြန်လာပြီးကတည်းက ငြိမ်နေတယ်နော်..”
“မငြိမ်ပါဘူး..ခုပဲ ရုပ်ရှင်ကြည့်ပြိး ပြန်လာတာလေ..”
မြတ်က မို့ ပခုံးကို ဖက်ပြီး လျှောက်နေတော့ မို့ အလိုက်သင့် သူနဲ့ လိုက်လျှောက်နေရသည်..။
“နေမျိုး နဲ့ အဆင်ပြေသွားပြီလား..”
“သူငယ်ချင်းပါပဲ..”
သူ့ ကို မေ့ထားပါတယ်ဆိုကာမှ မေးချင်လာတဲ့ စိတ်တွေကို မြိုသိပ်ထားပေမဲ့..
“မြတ်ကော...ကိုဆန်နီ နဲ့ ဘယ်လိုလည်း..”
“ဟင်..ကိုဆန်နီ နဲ့ ဘာဖြစ်လို့လည်း..”
“ဒိတ်နေတာ မဟုတ်ဘူးလား..”
“မဟုတ်ပါဘူး..”
“ဟင်..”မို့ ၀မ်းသာတာကို မြိုသိပ်မရအောင် မျက်နှာမှာ အပျော် အပြုံးလေး ဖုံးသွားရသည်..။
“အိုး..ဒါကြောင့် ငိုင်နေတာကိုး..”
“ဟုတ်ပါဘူး..”
“မို့ကလည်းကွာ ကိုဆန်နီ နဲ့ မြတ်နဲ့ က မောင်နှမတွေလိုပါပဲကွ..”
“မသိပါဘူး..”
“ခုသိသွားတော့ကော...”
“မို့ သူ့ကို မေ့လိုက်ပြီ..”
“ကောင်းပါတယ်...”
“ဟင်..”
မို့ ရဲ့ အံသြနေတဲ့ မျက်လုံးတစ်စုံက မျက်မှန်သာ မကွယ်နေရင် မြတ်တော့ စတော့မှာ အသေအချာပါ..။
“ဟုတ်တယ်...မို့ နဲ့ သူ အဆင့် အရမ်းကွာဟနေတယ်လေ..”
“အရမ်းကြီး ဆင်းရဲလို့လားဟင်..”
“သူတို့ရပ်ကွက်မှာ သူက အိမ်ပိုင် ကားသမားဆိုတော့ သူ့အလွှာသူအစားနဲ့သူပေါ့ မို့ရယ်..”
“အင်း..”
“ဒါပေမဲ့ မို့ တို့နဲ့ကျတော့ မိုး နဲ့ မြေလောက် ကွာခြားသွားပြီလေ..”
“ဟုတ်ပါတယ်..”
မို့ ခေါင်းညိတ်ပြီး ဖိနပ်ထိပ်ကလေးကို လမ်းနဲ့ ဖိတိုက်ခါ ဆက်လျှောက်လာခဲ့လိုက်သည်..။
သူနဲ့ ပတ်သက်လာတိုင်း မို့ အတွက် သက်ပြင်းတွေ မျက်ရည်တွေ ဘာလို့ ဒီလောက်များပြားနေရတာလည်း..။
“မို့ အိမ်တန်းပြန်မှာလား..”
“အင်း..မြတ်ရော...”
“မြတ် ကျောင်းတက်ဖို့ အတွက် လိုအပ်တာတွေ လုပ်ရအုံးမယ်..”
“ဘယ်သွားမှာလည်း..”
“သြဇီ ပဲ ဖြစ်မယ်ထင်တယ်.”
“ဟယ်...မြတ်က ဘာလို့ မို့ ကို မပြောတာလည်း...”
“မနှုတ်ဆက်ချင်လို့ပေါ့..”
“မြတ်ရယ်..”၅တန်းကတည်းက အမြဲတူတူ  ရှိခဲ့သည့် မြတ် နဲ့ မို့ ဝေးရတော့မယ်ဆိုတဲ့ အသိနဲ့ အတူ  မျက်ရည်စို့လာရသည်..။
“သြော်..ကိုဆန်နီ တို့ အိမ် သွားရအုံးမယ်..”
“ဟင်..”
“အဟဲ...ဟုတ်တယ်...သူတို့ကိုလည်း နှုတ်ဆက်ချင်လို့ပါ..”
“မြတ်နဲ့ ရင်းနှီးတယ်နော်..”
မို့ အားကျတဲ့ စိတ်နဲ့ တိုးတိုးသာ ပြောလိုက်နိုင်သည်..။
သူက မို့ ကိုဆို အမြဲ ကြည့်မရ မုန်းတီးနေတာပဲလေ...မို့ မှာ သူကြည့်မရအောင် ဘာ အပြစ်များ ရှိလို့လည်း စဉ်းစားမိသည်..။
“မို့ လိုက်ပို့နိုင်မလား...”
“ဟင်...”
“သြော် အိမ်ပြန်မယ်ဆိုလည်း ပြန်လေ..မြတ် အိမ်ကားကို ဖုန်းဆက်လိုက်မယ်..”
“လိုက်ပို့မှာပေါ့..သွားမယ်လေ..”
မိ်ု့ စိတ်ထဲကို သိသွားလို့လား..အိနြေ္ဒမရလောက်အောင် ချစ်မိတာ သိလို့လား မသိ... မြတ်က ရယ်ပြီး ခေါင်းညိတ်လက်ခံသည်..။
“နည်းနည်းဝေးတယ်နော်..”
“အင်း..ဒီဘက်တွေ မို့ မရောက်ဖူးဘူးမလား..”
“အင်း..အို..နေပါအုံး...ဟိုဘက်က မို့တို့ကျောင်းမလား..”
“အဲ သူသိသွားပြီ..”
“ဟီး..သိပ်မဝေးပါဘူး..”
မို့ ကားကို သတိထားမောင်းရင်း သူ့ အိမ်က ဘယ်လိုမျိုးဖြစ်မလည်း စိတ်ကူးယဉ် ပုံဖော်ကြည့်မိသည်...။
“ရောက်ပြီ မို့ “
“သြော်..ရှေ့မှာလား..”
“ဟုတ်ဘူး..ဒီအိမ်လေ..”
“လာလေ..”
“ဟင့်အင်း မဆင်းတော့ဘူး..”
မို့ ပျာပျာသလဲ ခေါင်းတွင်တွင်ရမ်းပြီး ငြင်းမိသည်..။
“ဟယ်..စောင့်နေရမှာ..”
“ရပါတယ်...လမ်းမှာဆိုတော့ ကားအ၀င်ရှိရင် ဖယ်လို့ရအောင်..မို့ ကို အားမနာနဲ့နော်..”
“ဟုတ်ပါပြီရှင်...”
မြတ်က ကားပေါ်က ရယ်ပြီး ဆင်းသွားတော့ မို့လိုက်ကြည့်မိသည်..။
အိမ်သေးသေး အစိမ်းရောင်ရှေ့မှာ မိန်းမကြီး တစ်ယောက် ရေကန်ဘေးမှာ ဒယ်အိုးဆေးနေသည်..။
သူ့ အမေများလား..မြတ်နဲ့တော့ ရင်းနှီးလိုက်တာ ရယ်မော စကားပြောပြီး မြတ်က အိမ်ပြင်မှာပဲ ခုံယူထိုင်သည်..။
သူ အိမ်မှာ ရှိနေမလား...မြတ်ကိုတွေ့လို ထွက်လာရင်..အို...မို့ကိုတွေ့သွားမလား..ကားနေရာရွေ့ထားရကောင်းမလား..။
သူလာနှုတ်ဆက်ပြီး ဆင်းဖို့ ခေါ်ရင်ကော...ဘယ်လိုတွေ လုပ်ရမလည်း..။
မို့ အတွေးတွေနဲ့ အတူ ရင်တွေ ဆောင့်ခုန်ရင်း လက်ချွေးတွေ ပြန်လာရသည်..။
“ဟူး..အကို က မရှိဘူးကွ...မို့က ဆင်းခဲ့လိုက်ပြီးရော...အဒေါ်နဲ့ မိတ်ဆက်ပေးလို့ရတာပေါ့..”
“သြော်...အဲဒါ သူအမေလား..”
“အင်း..မိသားစုလေးယောက်ထဲရယ်..အကို့ အောက်မှာ ညီ တစ်ယောက် ရှိတယ်..၈တန်းပဲ ရှိသေးတယ်..”
မြတ်က အကို အကို နဲ့ ပြောနိုင်လောက်အောင် ရင်းနှီးနေတော့ မို့ မှာ အားငယ်မိရသည်..။
.
“ကျစ်...ကျောအောင့်လိုက်တာ...”
“မန်နီ...”
“ဗ်..”
ထူးပုံကိုက စိတ်မရှည်သလို ခပ်စပ်စပ်..ဒီကောင်အမေ ရှိတဲ့ အချိန်ဆို မခန့်လေးစား လုပ်နေကျပဲလေ.. မနက်မှ တွေ့မယ် ကျိန်းရင်း သည်းခံလိုက်ရသည်..။
“ဘာလုပ်နေလည်း..”
“စာလုပ်နေတယ်..”
“ခဏ..လာအုံး..အကို့ ကျောကို နည်းနည်း နှိပ်ပေးပါလား..”
“ဟဲ့...ကလေးစာလုပ်နေတာကို ဘာလို့ ခိုင်းနေတာလည်း..”
“မှားပါတယ်..မှားပါတယ်..သခင်လေးကို မခိုင်းပါဘူး..ပါမောက္ခဖြစ်မဲ့ကောင် စာသာ ကျက်သလား..လိုတာရှိလည်းပြောနော် အားမနာနဲ့...”
“ခွေးကောင်လေး..အမေကိုပြန်ရွဲ့နေတယ်...လာမှောက်..”
တီဗီကြည့်နေတဲ့ အမေ့ အနားသွားပြီး ကျောမှောက်အိပ်လိုက်ရသည်..။
မိဘကို ပြန်နှိပ်ပေးရမှာသိပေမဲ့ ကိုယ်ကျောကို ကိုယ် ပြန်မနှိပ်နိုင်လို့ ငရဲမကြောက်ပဲ ခိုင်းနေရတာ စိတ်ထဲတော့ မကြိုက်လှပါ...။
မိန်းမများရရင် မိန်းမပီပီသသ အိမ်ထောင်မှု ကိစ္စနိုင်နင်း ယောင်္ကျားကို တန်ဖိုးထား အဖေအမေကို ခေါင်းပေါ်တင်ထားမဲ့ မိန်းမမျိုး ရှာယူရမယ်တွေးရင်း ဆန်နှီပြုံးလိုက်ချိန်..
“ဖြန်း..”
“အ..”
“ဇိမ်ခံမနေနဲ့..”
“တကယ်အောင့်လို့ပါ အမေရာ..”
“တစ်နေကုန်စျေးရောင်း လျှော်ဖွတ် ချက်ပြုတ်လုပ်ရတဲ့ ငါက မဖြစ်ရဘူး..ကားပေါ်ထိုင်နေတဲ့ သူကချည်းဖြစ်နေတယ်..”
“ဒီနေ့ ဆန်အိတ် ၁၀ အိတ်တောင် ထမ်းချလ်ိုက်ရလို့ပါ...အဲ...”
ပြောပြီးမှ မှားမှန်းသိပေမဲ့ နောက်ကျသွားပြီမို့ အမေ နားရွက်လိမ်ဆွဲတာ ခံလိုက်ရသည်..။
“နင့်ကို ငါ ဘာပြောထားလည်း..”
“ယောင်္ကျားလေး ခါးပျက်ရင် ဘ၀ပါပျက်မှာ..ခါးရိုးကျိုးချင်နေလား..”
“အမေ့ စကားကြီးကလည်း..”
“မထမ်းပါနဲ့လို့ ပြောထားတာ..နင်က ကားသမား အထမ်းသမားလုပ်ချင်ရင်ပြော မနက်ကျ ငါ လူငှားရတာ သက်သာတယ်..”
“ဟုတ်ပါဘူး..ဒီနေ့ အလုပ်သမားမရှိလို့ ဆိုင်က ဦးလေးသားနဲ့ ကျွန်တော် ထမ်းချပေးတာ...ပိုက်ဆံပိုမရပေမဲ့ နောက်လည်း အော်ဒါရတာပေါ့အမေရဲ့ စေတနာဆိုတာရောင်ပြန်ပါတယ်..”
“သူတော်ကောင်းကြီး..အမလေး...တစ်ပုံစံတည်း...တစ်ပုံစံတည်း..”
“ကိုကျော်ဖေနဲ့ တပုံစံတည်းပါတော်..”
ဆန်နီ အသံညောင်နာနာဖြင့်ထောက်ပေးပြီး ပြေးထလာခဲ့လိုက်ရသည်..။
မဟုတ်ရင် ကျောပြင်မှာ လက်ဝါးရာ ရောက်လာတော့မှာ မလွဲပင်...။
ဆန်နီ အပေါ်ထပ် အခန်းထဲရောက်တော့ လက်ပြင်နေရာက အောင့်နေဆဲမို့ အိပ်ယာပေါ် ပက်လက်လှဲရင်း ဖေ့ဘွတ်သုံးနေလိုက်သည်..။
“ရုပ်ရှင် ကားသစ်သွားကြည့်..”
“ဟင်..”
ဘယ်တုန်းက ဘယ်လို သူငယ်ချင်းဖြစ်နေမှန်းမသိသည့်လူတစ်ယောက် တင်ထားတဲ့ ပို့စ်ကို ဖတ်ရင်း မနက်က အကြောင်းအရာ ခေါင်းထဲပြန်ရောက်လာသည်..။
သူ့အကောင့်လေးများတွေ့လို့တွေ့ငြား ဘေလ်ကုန်ခံပြီး နာရီ၀က်လောက်လိုက်ရှာခဲ့မိသေးသည်..။
“ဟာကြာ...”
ကိုယ့်ကိုယ်ကို သတိပေးရင်း မက်ဆေ့ ၀င်နေတာ သတိထားမိတော့ မနက်က မျက်မှန်နဲ့ကောင်မလေးကို သတိရသွားသည်..။
“စိတ်ပြေလက်ပျောက်..”
မက်ဆင်ဂျာထဲ၀င်ပြီး စာပို့ထားတဲ့ ထိပ်ဆုံးကို ၀င်လိုက်တော့ ပို့ထားတာ တစ်နေ့ကုန်များလား..။
ဘလော့သွားပြီတောင် ထင်ခဲ့တာ...။
အောက်ဆုံးစာကြောင်းမှာ..”အားရင် စာပြန်ပါနော်...သူငယ်ချင်းမရှိလို့..ခုမှ စသုံးတာမို့ပါ”ဆိုတဲ့ စကားကြောင့် ပြုံးလိုက်ပြီး အရှုပ်ထွေးဆုံး ဇာတ်လမ်းတွေရဲ့ ပထမဆုံး အစဖြစ်တဲ့ Hi တစ်လုံးပို့လိုက်သည်..။
ချက်ချင်း တိုက်ပင်းဖြစ်ပြီး ပြန်လာပုံက..”ဟယ်..ပျော်လိုက်တာ..”ဆိုပဲ...
“အိပ်သေးဘူးလား.”
“ဟင့်အင်း...အကိုကော..”
“၁၀နာရီမှ အိပ်မှာ...”
“ဘယ်မှမသွားဘူးလား..”
“မသွားဘူး..ညီမလား အစ်မလား..”
“၁၉ နှစ်ပါ..”
“ငယ်သေးတာပဲ ကျောင်းတက်လား.”
“အင်း...အကိုကော..”
“အကိုက အမြဲတမ်း တတိယနှစ်ကျောင်းသားလေ..”
“တစ်မျိုးပဲနော်.”
“ကျောင်းမတက်တော့ဘူး “
“ဘာလုပ်လည်း..”
“ကားမောင်းတယ်..”
“ညီမကတော့ ကျောင်းတက်တုန်း အလုပ်မရှိဘူး.”
“အင်းပေါ့..”
“....”
စတွေ့ခါစ ဖေ့ဘွတ် ထုံးစံအတိုင်း သာကြောင်းမာကြောင်း ဟိုမေး ဒီမေးရင်း ၁၀နာရီတောင် ခွဲသွားရသည်..။
အမြန်အဆန် ဂွဒ်နိုက်လိုက်ပြီး..ရွှေမင်းသမီးကို မတွေးအားတော့ပဲ အိပ်ချင်လာသော မျက်လုံးများကို ဆန်နီ ကျေနပ်မိသည်..။
.
“အဟွတ်...”
“ကျားလိုက်သလိုစားနေတာကိုး...ဘာအရေးကြီး နေလည်း..”
“ဖုန်းနှိပ်ဖို့လေ..”
အဖေက တီဗီကြည့်နေရင်း လှမ်းပြောတော့ ဆန်နီ နှုတ်ခမ်းတွန့်ပြုံးလိုက်ရသည်..။
တကယ်ပင် ငြင်းမရအောင် ည ကားသိမ်းလို့ အိမ်ရောက်တာနဲ့ ထမင်းအပြေးအလွှားစားပြီး လိုင်းတက်ဖို့က တာ၀န်တစ်ခုလိုဖြစ်နေသည်..။
"အကို တစ်နေကုန် လိုင်းမတက်ဘူးနော်...”
”အကို ဒီနေ့ကားမောင်းတာ အဆင်ပြေလား...”
”ဖြူ မျှော်နေတယ်..ညဘက်တော့ နေ့တိုင်းလိုင်းတက်နော် ..အကိုနဲ့ ပြောရတာ ပျော်လို့ပါ”စသည့်စသည့် ကျော့ကွင်းများကြောင့် ဆန်နီ ရုန်းလေ မြှုပ်လေ..တားလေ စွဲလေ ဖြင့်သာ ဖေ့ဘွတ် သံသရာထဲ၀ယ်..ဝဲလည်လည် ဖြစ်နေရသည်..။
ထမင်းကို ဘာဟင်းမှန်းမသိတာနဲ့ အမြန်စားလိုက်ပြီး လက်ဆေး ပန်းကန်ဆေး စင်ပေါ် ပစ်တင်ပြီး အပေါ်ကို ခြေလှမ်း ငါးလှမ်းဖြင့် အပြီးရောက်လာရသည်..။
“ဟိတ်..”
မိုးလင်း မိုးချူပ် စက္ကန့်မလပ် မီးစိမ်းလေး လင်းနေသည့် မြကြာဖြူ ဆိုတဲ့ ကောင်မလေး ကို ခေါ်လိုက်တော့ တိုက်ပင်းပေါ်လာသည်..။
ဆန်နီ စာပို့တိုင်း အမြဲပြန်တက်လို့ ခင်ရပါသည်...တစ်ခါတစ်လေတော့လည်း ခင်တာထက်ကို ပိုနေတာ သတိထားမိပေမဲ့ ကိုယ်စိတ်ကို လိမ်ညာထားရသည်.။
ပရိုဖိုင်ထဲ ၀င်ကြည့်ပြီး စစ်ဆေးရသည်မှာ တခြားစာတောင် မဖတ်အား..
သူတင်ထားတဲ့ မျက်မှန်နဲ့ ပုံလေးချည်း ကြည့်ရတာ အဆင်မပြေလို့ ပုံလေး ပြောင်းပါအုံးပြောလိုက်တာ ချက်ချင်း ပြောင်းပေးသည်..။
ပန်းလေးကို ငုံ့နမ်းနေသည့် ပုံလေးက တကယ်ပင် ငေးယူရလောက်အောင် လှပါသည်...။
“အကို နောက်ကျနေတယ်..”
‘အင်း...ကားသိမ်းတာနောက်ကျသွားလို့..”
‘အဆင်ပြေလား..”
“ပြေပါတယ်ကွာ..ဒီနေ့ ကို လယ်ကွင်းထဲကျတော့မလို့ “
သူက မျက်လုံးပြူးနေတဲ့ အီမိုဂျီလေးအရင်ပို့ပြီးမှ ဘယ်လိုဖြစ်တာလည်းဆိုတာပို့သည်..။
တစ်ခါတစ်လေ အမေတွေအဖေတွေကို မပြောပြဖြစ်တဲ့ ကိုယ်ဒုက္ခ ဝေဒနာတွေကို ဒီကောင်မလေး ဆီ ရင်ဖွင့်မိတာ ကိုယ်တိုင်လည်း အံသြရသည်.။
“ကုန်ကားနှစ်စီး ထပ်သွားတာကို ရှောင်လိုက်တာ..”
“သတိထားပါ...စိတ်ပူလိုက်တာ...”
ဆန်နီ မှိုရသလို ပြုံးစေ့စေ့ ဖြစ်သွားခါ  နှုတ်ခမ်းပင် ပြန်မကျနိုင်တော့ပါ...။
အိပ်ရာ၀င်တိုင်း အပြုံးတွေပါ ထည့်ပေးလိုက်နိုင်တဲ့ ထိုကောင်မလေးကို စိတ်ထဲက ကျေးဇူးတင်မိပါသည်.။
.
“မန်နီ..”
“ဗ်..”
“ထူးပုံကို ပြင်လိုက်စမ်း..”
ဆန်နီ လက်ထဲက ဖုန်းဘေလ်ကို ထောင်ပြလိုက်တော့မှ စပ်ဖြဲဖြဲ ရယ်ပြသည်..။
“ဟွင်း...ရုပ်က ခွေးချေးရုပ်...ဆံပင်လည်း ညှပ်အုံး..”
“တကယ်ပေးတာ...”
“ဘာလည်း မယူဘူးလား..”
ဆန်နီ စားပွဲပေါ်ပစ်ချလိ်ုက်တဲ့ ဘေလ်ကဒ်ကို ပြန်ကောက်ဖို့ လုပ်တော့ လက်နဲ့ အမြန်အုပ်ပြီး ရယ်ပြခါ..။
“အကိုက သုံးထောင်သုံးတာ များတယ်ဆို..”
“အင်တာနက် သုံးတာ..ငါးထောင်မှ လောက်တယ်..ငါ ဒီလ ငါးထောင်ကုန်တယ်...အဲတော့ မင်းလည်း ငါးထောင်ပဲ .”
“ဟီး..အကို့ ကောင်မလေးနဲ့ အဆင်ပြေပါစေဗျာ...အင်တာနက်က မမလည်း ကျန်းမာချမ်းသာပါစေ..”
“နွားလေး..”
ဆန်နီ ကျောခိုင်းရင်း ရယ်ချင်စိတ်ကို မြိုသိပ်ခါ လှေကားတွေကို ခပ်သွက်သွက် တက်လာခဲ့လိုက်သည်..။
ကိုယ်က အဆင့်တက်ချင်ပေမဲ့ ဖွင့်ပြောလိုက်မှ အခင်အမင် ပျက်သွားမှာ တွေးပြီး စိုးရိမ်ရင်း မပြောနိုင်ခဲ့ပါ..။
ယောင်္ကျားဆိုတဲ့ ဗီဇအတိုင်း ရင်ခုန်တာ မသေချာခင် ရင်းနှီးလာတယ် ထင်ရင် ချစ်ချင်ပြန်၏..။
“အကို ဘယ်လို မိန်းကလေးမျိုးကို ကြိုက်လည်း..”
“ဟ..”
“ဘယ်လိုမိန်းကလေးမျိုးကို ရွေးပြီးလက်ထပ်မလည်းလို့မေးတာပါ..”
“အဟား..မသိဘူးလေ..ကို့မှာ ရည်းစားမှ မရှိတာ..”
“စိတ်ကူးထဲမှာတော့ ရှိတယ်မလား..”
“အင်း.”
“ပြောပြပါလား..”
“အမ်း..အကိုက ရိုးရိုးအေးအေး လိမ်လိမ်မာမာ  သိမ်သိမ်မွေ့မွေ့ ငြင်ငြင်သာသာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်..ပုံစံလေးကို ချစ်တယ်..”
စာပို့လိုက်ပြီး အရင်လို ချက်ချင်း တိုက်ပင်း မပေါ်တော့ သူ့ကိုယ်သူ ပြန်စစ်ဆေးနေပြီလားလို့ တွေးမိရင်း ရယ်မိပြန်သည်..။
ကိုယ် က မင်းထက်  ငါးနှစ်ကြီးနေတာ အလကား မဟုတ်ဘူး မြကြာဖြူလေးရဲ့....။
“..ဘာဖြစ်လို့လည်း.”
“မဖြစ်ပါဘူး..”
ဆန်နီ ရယ်လိုက်ရင်း...မင်း ဖြစ်နေပါတယ်ကွာလို့ တိုးတိုးလေး ပြောလိုက်မိသည်.။

☆━━━━━━━━━━━━━━━☆

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

နန်းထိုက်ပန်းမို့Nơi câu chuyện tồn tại. Hãy khám phá bây giờ