" Happy Birthday... Jeon TaeTae... "

" J--Jeon TaeTae??? "

မျက်လုံးလေးကလယ်ကလယ်နှင့် သူဘာပြော
နေမှန်းနားမလည်နိုင်ဖြစ်နေသော ထိုပေါက်စ
၏လက်ကောက်ဝတ်လေးကိုအသာ ဆွဲကာ
ရှည်သွယ်ပြီးပုလဲလိုဥနေသော လက်သူကြွယ်လေးပေါ်၌ စိန်အပြာလေးတစ်ပွင့်တည်းဖြင့်
ရိုးရိုးရှင်းရှင်းလှပနေသော လက်စွပ်ကလေးကို
ညင်သာစွာစွပ်ပေးလိုက်သည် ။

" ကလေးရောကိုယ်ရောက အချိန်အတိုင်း
အတာတစ်ခုထိမရောက်သေးတာမို့... ကိုယ်တို့
လက်ထပ်ချင်ပေမဲ့လည်း အဆင်မပြေလောက်
သေးဘူး ကလေး "

" .... "

" ဒါပေမဲ့ ကိုယ်မင်းကိုတခါမှHybridတစ်ကောင်
လို့မမြင်ခဲ့ဖူးသလို ကိုယ့်စိတ်အပန်းဖြေအသုံးပြု
ဖို့အပျော်ဝယ်ထားတဲ့ သတ္တဝါလေးတစ်ကောင်
အဖြစ်နဲ့လည်း တခါမှမတွေးခဲ့ဖူးဘူး ။

ဟို... တခါတလေတော့ ကိုယ့်စိတ်တွေက
မရိုးမယွဖြစ်မိပေမဲ့ ကိုယ်အတတ်နိုင်ဆုံးထိန်း
ချုပ်ပြီး ကလေးအပေါ်တကယ်ကိုဖြူဖြူ
စင်စင်ချစ်ခဲ့ရတာပါ ။

ပတ်ဝန်းကျင်က ဝေဖန်လာမဲ့စကားဒဏ်တွေကို
လည်း ကိုယ်ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲတာမို့...
ကိုယ့်ကို-- ကိုယ့်ကိုလက်ထပ်ခွင့်ပေးပါလား
ကလေး ၊ ကိုယ်မင်းကိုတကယ်-- အရမ်းကို
ချစ်ရတာပါ ... "

" .... "

" ကလေး? တခုခုပြန်ပြောဦးလေကွာ... ကိုယ့်ကို
ငြင်းတော့မငြင်းပစ်ဘူးမလား ဟုတ်တယ်မလား
ဟင်? "

" ပျော်-- ပျော်လို့ "

" ဟင် "

" ထယ်ထယ့်ကိုအရမ်းချစ်ပေးတဲ့အတွက် ၊
ဂရုစိုက်ပေးတဲ့အတွက် အရမ်းပျော်လို့ "

" ဒါဆို... ဒါဆို ထယ်နဲ့ကိုယ်နဲ့? "

" အင်း အများကြီးလက်ထပ်ကြမယ် "

ခုချိန်ထိဘာသာစကားကိုလိမ့်ပတ်လည်အောင်
မပြောတတ်သေးသော ထိုကလေးကြောင့်
သူ့မှာငိုချင်ရက်နဲ့ပြုံးမိပြန်ပါသည် ။

PURPLE || KV || ✔Where stories live. Discover now