ဟယ်ရီ တံတွေးတစ်
ချက်ထပ်မံမြိုချလိုက်ရတယ် ၊ အာခေါင်တွေ
အတော်လေးခြောက်ကပ်ပြီး ဘာစကားမှ
မဆိုနိုင်ဖြစ်နေသလို ဒရေကိုလည်းဘာစကား
မှဆိုမလာဘဲ ပို၍...ပို၍တိုးကပ်လို့သာလာတယ်။
ခါးအနည်းငယ်ကုန်းကာ မျက်နှာချင်ဆိုင်
ဖြစ်အောင်ရပ်လိုက်သော ဒရေကို...
ရွှေဖြူရောင်ဆံပင်ကို ပိပြားသည်အထိဖီးသိမ်း
ထားတယ် ။ မျက်လုံးဝိုင်းဝိုင်းမှပြာလဲ့လို့
နေသောမျက်ဝန်း....ဖွေးဖြူသည့်မျက်နှာ
ပေါ်မထူးမပါးနှုတ်ခမ်းဖူဖူဟာ မက်မန်းသီး
သဖွယ်...သွယ်လျသောမေးရိုး ။
အင်း...အလင်သရောင်မရှိတဲ့တံမြက်စည်း
ခန်းထဲပြတင်းမှတစ်ဆက်ဝင်လို့နေသော
လ၏အလင်းရောင်မှိန်မှိန်တွင် အထင်းသား
အြင်နေရတဲ့ ချောမောသည့်ဒရေကိုမျက်နှာ
အသွင် ။
ဒရေကို မျက်နှာကပို၍နီးကပ်လို့လာသည်။
ခန္တာကိုယ်တောင်ထိကပ်နေပြီး နှာခေါင်းချင်း
တောင်ထိမလိုလိုဖြစ်ကာ မကြာမှီနှစ်လွှာ
သောနှုတ်ခမ်းချင်းလည်း ထိကပ်တော့မည်ဖြစ်
သည်။ ဒရေကိုရဲ့အသက်ရှုချက်ဖြင့် လေငွေ့
တစ်ချို့ကြောင့် ဟယ်ရီမျက်မှန်ကိုဖုန်ရိုက်သလို
ဝေဝါးစေပြီး..မျက်လုံးအားစေ့စေ့မှိတ်ထား
လိုက်မိသည် ။ နှာခေါင်းမချွန်တချွန်က...
ဟယ်ရီနှာခေါင်းနဲ့လာရောက်ထိကပ်နေပြီး
ဖြစ်ကား
1 sec...
...2 sec...
...3 sec...
...4 sec...
...5 sec
အချိန်စက္ကန့်တစ်ခုတိုင် ဟယ်ရီဘာမျှော်မှန်း
နေမှန်းမသိပေမဲ့ တုန့်ပြန်ချက်မဲ့စွာ ။ ခုဏက
ဖြင့်ထိကပ်လို့နေသော အေးစက်စက်နှာခေါင်းသား
နဲ့လည်းမထိတွေ့တော့သောကြောင့်...
ဟယ်ရီ မျက်လုံးဖွင့်ကြည့်မိတယ် ။
"ဘာလို့မျက်လုံးတွေမှိတ်လိုက်ရတာလဲ။"
ပွင့်ပွင့်ချင်း ဒရေကို ဆီမှစကားကြောင့်
ဟယ်ရီ ကြောင်အမ်ရင်းကိုယ့်မျှော်မှန်ချင်း
လားမျှော်လင့်ချက်လားမသိတဲ့စိတ်ဖြင့်
မှိတ်လိုက်မိတဲ့မျက်လုံးတွေကိုထိုးကန်းချင်
မိတယ် ။ တကယ်...လူတစ်ယောက်ကိုအရှက်
ခွဲဖို့ဆိုထပ်တန်းမှနေရာယူသင့်တယ်။
ဒရေကို သဘောကျစွာပြုံးရယ်တယ် ၊
သွားတစ်ချွန်ချွန်လေးပေါ်သည်အထိပေါ့ ။
YOU ARE READING
Another Series I {Uni Code }
Fantasyဟုတ်...ဟယ်ရီficလေးရေးချင်တာနဲ့ ဒရာကို နဲ့ ဟယ်ရီ bl fanfic လေးတစ်ပုဒ်ထရေးလိုက်ပြီ။ "ဟယ်ရီ...နင်ငါ့ကို မမေးချင်ဘူးလား... ဘာလို့ ငါ့ကိုပြိုက်ဖက်လို ရန်ချည်းစနေရသလဲ ဆိုပြီး မေးခွန်းမျိုး...နင် တစ်ကြိမ်တစ်ခါလောက် တော့ မေးခဲ့သင့်တာ။" ဒရက်ကိုဟာ...အတိတ်ကိုပ...
Draco's Remembrance
Start from the beginning
