တစေၦကြီးအားထိန်းချုပ်ခြင်း

1.3K 206 14
                                        

ဟယ်ရီ ညအထိအိပ်မပျော်သေး.. မနက်ဖန်
ဂရင်ဖင်ဒေါလ် နှှင့် ဟက်ဖဲလ်ပက် နှစ်သင်း
ကစားရမှာဖြစ်တယ်။

"ဟယ်ရီ မအိပ်သေးဘူးလား။"

ရွန် ကမေးတော့...ဟယ်ရီပြတင်းအပြင်ဘက်ဆီ
ပဲကြည့်လျှက်...

"ဟင့်အင်း"

"မင့် စိတ်လှုပ်ရှားနေတယ်မလား"
ရွန် ကကိုယ့်ဘေးလာထိုင်ရင်းပြောတာ။

ဟယ်ရီခေါင်းပဲညိမ့်လိုက်မိတယ်၊

"စောစောအိပ်စမ်းပါဟာ...မနက်ဖန်
စလေသရင်းန် နဲ့ ရီဗန်ကလော နှစ်သင်းပြိုင်
ပြီးရင်...ဂရင်ဖင်ဒေါလ် နဲ့ ဟက်ဖဲလ်ပက်ဖ်
ပြိုင်မှာ"

ဟယ်ရီ အသက်ပြင်းတချက်ငင်ဆွဲပြီး
နောက်...

"မင့်လည်းအိပ်တော့လေ ရွန်...ငါအိပ်တော့
မယ်"

"အေးပါ။good night ,Harry"

"Good night "

ရွန် လည်းကိုယ့်ကုတင်မှထသွားသည်နဲ့...
ကိုယ် ကုတင်ပေါ်လှဲချလိုက်မိတယ်။
စိတ်လှုပ်ရှားမှုနဲ့...အိပ်မပျော်ချင်းဟာ
ညတာကိုအတော်ရှည်လျားစေခဲ့သည်။

.... .....

နံနက်တော့ အတန်းများမသင်တော့...
ပြိုင်ပွဲဆီပဲ လာရောက်ကြည့်ရှုကြသည်။

စလေသရင်း နဲ့ ရီဗန်ကလော ကစားပွဲ
ကို...ဟယ်ရီကြည့်ဖြစ်ခဲ့သေး၏။
စလေသရင်း ဖက်မှကစားတာအတော်ညစ်
သည်။ ဉာဏ်နီဉာဏ်နက်များလွန်းသည်။

ဘေးမှ အစ်ကိုဝုဒ်က အားပေးစကားဆို
တယ်။ပထမဆုံးအကြိမ် ကစားရမှာမို့...
ကိုယ့် အနည်းငယ်တော့စိုးထိတ်နေခဲ့တယ်။

အရှေ့နှစ်သင်းကစားရမှာတော့...ရီဗန်ကလော
ကျပြီး...စလေသရင်း အောင်နိုင်သွားခဲ့တယ်။
အခုဆို...ဂရင်ဖင်ဒေါလ် နဲ့ ဟက်ဖဲလ်ပက်ဖ်
တို့ကစားရန် စတင်လေပြီ။

စစချင်းမှာ...ဟယ်ရီ လေပေါ်ဝဲပျံရင်း
အနည်းငယ်ရှိန်တက်နေခဲ့တယ်။

ဒရေကို ကအဝေးမှ လက်ညိုးကြီးထိုးရင်း
ရှုံ့မဲ့နေသောမျက်နှာနဲ့ဘာတွေပြောနေမှန်း
မသိပေမဲ့၊ဟယ်ရီ...ရယ်နေမိတော့သည်။

ဒီပွဲမှာတော့...ဟယ်ရီတို့ပဲ အနိုင်ရရှိခဲ့ပါသည်။
ပထမအကြိမ်ကစားပွဲကြီးပြီးဆုံး၍...
မနက်ဖန်.. ဒုတိယကစားပွဲကို အသင်းချိန်း
ပြီးပြိုင်ရမှာဖြစ်တယ်။ဒါပေမဲ့...
စလေသရင်းန် နဲ့ကစားသော...ရီဗန်ကလော
အသင်းသားများ ဒဏ်အပြင်းအထန်ရ၍
ရက်ချိန်းလိုက်ရတာ၊နောက်တစ်ပတ်မှ ဒုတိယ
အကြိမ်းကစားပွဲစတင်ရန် စီစဉ်လိုက်ကြတော့တယ်။

Another Series I {Uni Code }Where stories live. Discover now