Draco's Remembrance

Start from the beginning
                                        

"မင့်တို့ဘာဖြစ်နေကြတာလဲ"

"ဗိုက်...ဗိုက်အောင့်လို့ပါ။"အထစ်ထစ် အငေါ့ငေါ့
စကားနဲ့ပြောလာသူက ဂိုလီ နောက်ပြီးနှစ်ယောက်သားဘာတွေ ပြောနေကြ
မှန်းမသိပေမဲ့...ကိုယ်အဆောင်တံခါးဝဆီသွားရပ်တယ် ။သူတို့နှစ်ယောက်ပြေးထွက်လာတော့..
မြင်လိုက်ရတာ...ခရက်ဟာအနက်ရောင်ဆံပင်
မှအနီရောင်တွေပြောင်းလဲရင်း ဝသည့်ခန္တာ
ကိုယ်မှပိုင်လာသလို ဂိုလီ ဟာလည်းရှည်လျား
သည့်အရပ်မှပုကျလာရင်း တိုငုတ်ငုတ်ဆံပင်
တွေပို၍နက်နဲကာရှည်လျာသလို့လာတယ် ။

ဒရေကို ခေါင်းတရမ်းရမ်းဖြင့်...
သုတို့နှစ်ယောက်ကိုဆွဲကာအပြင်ထွက်လာ
လိုက်ရတယ် ။ လူတိတ်တဲ့နေရာခေါ်လာပြီး
မှ. .သူတို့ဖက်ပြန်ကြည့်တော့...
ဟယ်ရီ နဲ့ ဝေစလေဖြစ်ရှိလို့နေပြီးဖြစ်သည်။
ဂိုလီရဲ့စလေသရင်းဝတ်ရုံဝတ်ဆင်ထား
တဲ့ဟယ်ရီဟာ ယုန်ပေါက်ကိုအဝတ်ဝတ်
ပေးထားသလို ။ ကိုယ်ရယ်ချင်စိတ်တွေမနည်း
ထိန်းထားရတယ် ၊ မရယ်သေးခင်...သူတို့ကို
အပျက်ပေးရဦးမယ်လေ ။

"မင့်တို့နှစ်ယောက် ကိုယ့်အဆောင်မဟုတ်ဘဲ
ဟန်ဆောင်ပြီး၊သူများအဆောင်ခိုးဝင်ကြတယ်။
"

"မက်ဖွိုင်း...တို့..."ရွန်က မျက်နှာငယ်လေးနဲ့
ငိုမဲ့မဲ့လေးဖြစ်ရှိလို့နေသည်။
ဝယ်ရီကအိတ်ထဲမှမျက်မှန်အရင် ယူထုတ်တပ်ပြီး
...
"တောင်းပန်ပါတယ် ။ဒရေကို"

ဟယ်ရီ တောင်းပန်စကားကတည်ငြိမ်လို့...
ကိုယ့်အားဟယ်ရီ သည်သို့တစ်လာမျှစိမ်းကား
တဲ့လေသံနဲ့မပြောဖူး ၊ အင်.... ခုဏက
ကိစ္စနဲ့ကောက်နေတာဘဲဖြစ်မည် ။
သောက်ဂျပုလေး သူတို့ဖက်ကအမှားလုပ်ပြီး...
သူတို့ပဲပြန်ကောက်နေတာရော ။

"ဒီအမှုကဘယ်လိုဒဏ်ခတ်ခံရမလဲဆိုတာ
မင့်တို့သိတယ်မလား ။ ညဘက်အပြင်ခိုးထွက်
အသွင်ပြောင်းဆေးရည်နဲ့သူများအဆောင်ခိုး
ဝင်တာလေ ၊ မင့်တို့ဟော့ဝပ်တ်မှာမနေချင်တော့
တဲ့ပုံဘဲ။" ကိုယ့်ရဲ့ခနဲ့စွာပြောစကားအဆုံး
ဝေစလေကောင်က မျက်ရည်တွေသုတ်နေပြီး
ဂျပုမှန်ကြောင်ကတော့ ဟိုမြွေနဂါးကြီး
ဝိညာဉ်နှုတ်ခံရပြီးကျောက်ရုပ်ဖြစ်သွားသလို
ပုံစံကြီးနဲ့ ကိုယ့်ကိုစူးစူးရဲရဲကြည့်နေတာ ။
ဟယ်ရီသာစုန်၊ကဝေဆို ကိုယ်လေးအရည်
ပျော်မဟုတ်ရင်...ပြာကျနိုင်တဲ့ ကျောချမ်း
စေမဲ့အကြည့်မျိုး ။

You've reached the end of published parts.

⏰ Last updated: Dec 03, 2019 ⏰

Add this story to your Library to get notified about new parts!

Another Series I {Uni Code }Where stories live. Discover now